ကျိုးသွားတဲ့လက်သည်းတွေကို အိမ်မှာတင် အလွယ်တကူ ပြန်ဆက်နိုင်မယ့် နည်းလမ်း (၄) ခု

မိန်းကလေးတစ်ယောက်ရဲ့အလှအတွက် လက်သည်းကလည်း အရေးပါပါတယ်။ လက်သည်းတွေကျိုးသွားတဲ့အခါ၊ လက်သည်း saloon ကို ချက်ချင်းမသွားနိုင်တဲ့အခါ လက်သည်းပြန်ဆက်လို့ရမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဒီနည်းလမ်းလေးတွေက လွယ်ကူတာကြောင့် အိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။

Step 1

လက်သည်းကျိုးသွားလို့ ပြန်ဆက်ချင်တဲ့အခါ လက်သည်းက ဆိုးဆေးတွေ မဆိုးထားတဲ့ လက်သည်းဖြစ်ဖို့ လိုပါတယ်နော်။

Step 2

လက်ကို ဆပ်ပြာနဲ့ ပြောင်အောင်ဆေးပြီး ပုဝါနဲ့ ခြောက်သွေ့အောင် သုတ်ပါ။

Step 3

အရက်ပြန်ကို အသုံးပြုပြီး လက်သည်းကို သုတ်ပါ။

ဒီအဆင့် ၄ ဆင့်ကို ပြုလုပ်ပြီးပြီဆိုရင်တော့ လက်သည်းပြန်ဆက်ဖို့အတွက် ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်လို့ရပါတယ်။

၁။ စက္ကူ

လိုအပ်တဲ့ ပစ္စည်းတွေကတော့

- စက္ကူတစ်ရွက်

- ကတ်ကြေး

- လက်သည်းဆိုးဆေး အကြည်တို့ဖြစ်ပါတယ်။

- စက္ကူကို သင့်ရဲ့လက်သည်းပုံစံအတိုင်း ညှပ်ပါ။

- လက်သည်းဆိုးဆေးအကြည်ကို လက်သည်းပေါ် အရင်ဆိုးပါ။

- လက်သည်းဆိုးဆေး အကြည်မခြောက်ခင်မှာ လက်သည်းပေါ်ကို ခုနက ညှပ်ထားတဲ့ စက္ကူသေးသေးလေးကို ကပ်လိုက်ပါ။ ပြီးရင် စက္ကူပေါ်ကနေ လက်သည်းအကြည်တစ်ထပ် ထပ်ဆိုးပါ။

- လက်သည်းအကြည် ဆိုးထားတာ ခြောက်သွားပြီဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ လက်သည်းဆိုးဆေးကို ဆိုးလို့ရပါပြီ။ စက္ကူမရှိတဲ့အခါ အိမ်သာသုံးစက္ကူကို အသုံးပြုလို့ရပါတယ်။

၂။ လက်ဖက်ရည်အိတ်

လိုအပ်တဲ့ပစ္စည်းတွေကတော့

- လက်ဖက်ရည်အိတ်ခွံတစ်အိတ်

- ကတ်ကြေး

- လက်သည်းကပ်တဲ့ကော်

- လက်သည်းတိုက်တံစဥ်းတို့ ဖြစ်ပါတယ်။

- လက်ဖက်ရည်အိတ်ခွံကို လက်သည်းပုံစံအတိုင်းညှပ်ပါ။

- လက်သည်းပေါ်ကို လက်သည်းကပ်တဲ့ကော်နဲ့ သုတ်ပါ။ ပြီးရင် ခုနက ညှပ်ထားတဲ့ လက်ဖက်ရည်အိတ်ကို လက်သည်းပေါ် ကပ်လိုက်ပါ။ ပြီးရင် လက်သည်း တိုက်တံစဥ်းနဲ့ညီအောင် လိုက်ညှိပါ။ ပြီးရင်တော့ လက်သည်းခြောက်သွားတဲ့အထိ စောင့်လိုက်ပါ။

- ခြောက်သွားပြီဆိုရင် လက်သည်းပေါ်ကို လက်သည်းကပ်ကော် နောက်ထပ်တစ်ထပ် ထပ်သုတ်ပါ။

- လက်သည်းကို ညီညာအောင် လက်သည်းတိုက်တံစဥ်းနဲ့ တိုက်ပါ။ ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ လက်သည်းဆိုးဆေးကို အသုံးပြုလို့ရပါပြီ။

၃။ တိပ်

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

- တိပ်အကြည်

- ကတ်ကြေး

- ဇာဂနာတို့ ဖြစ်ပါတယ်။

- လက်သည်းကြိုးသွားတဲ့နေရာကို ကပ်ဖို့အတွက် တိပ်ကို သေးသေးလေးညှပ်ပါ။

- ဇာဂနာကို အသုံးပြုပြီး ညှပ်ထားတဲ့တိပ်ကို လက်သည်းကျိုးနေတဲ့ နေရာမှာ ကပ်လိုက်ပါ။

၄။ မုန့်ဖုတ်ဆိုဒါ

လိုအပ်တဲ့ပစ္စည်းတွေကတော့

- မုန့်ဖုတ်ဆိုဒါ

- လက်သည်းကပ်ကော်

- သွားကြားထိုးတံ

- လက်သည်းတိုက်တံစဥ်းတို့ ဖြစ်ပါတယ်။

- ပထမဆုံး ကျိုးနေတဲ့လက်သည်းပေါ်ကို လက်သည်းကပ်ကော် သုတ်လိုက်ပါ။ ပြီးရင် သွားကြားထိုးတံကို သုံးပြီး ကပ်ထားတဲ့ ကော်တွေကို ပြန်ခွာပါ။

- လက်သည်းကို မုန့်ဖုတ်ဆိုဒါမှုန့်ထဲကို ခဏကြာ နှစ်ထားလိုက်ပါ။ ပြီးရင်တော့ လက်သည်းကို သန့်ရှင်းရေးလုပ်ပြီး လက်သည်းတိုက်တံစဥ်းနဲ့ တိုက်ပါ။

အဲဒီအခါ လက်သည်းက ကျိုးတယ်လို့ မထင်ရတော့ဘဲ သဘာဝအတိုင်း လှပနေတော့မှာပါ။

Zombie (Lovemedia)

source - 5-mincrafts

For Zawgyi

က်ိဳးသြားတဲ့လက္သည္းေတြကို အိမ္မွာတင္ အလြယ္တကူ ျပန္ဆက္ႏိုင္မယ့္ နည္းလမ္း (၄) ခု

မိန္းကေလးတစ္ေယာက္ရဲ႕အလွအတြက္ လက္သည္းကလည္း အေရးပါပါတယ္။ လက္သည္းေတြက်ိဳးသြားတဲ့အခါ၊ လက္သည္း saloon ကို ခ်က္ခ်င္းမသြားႏိုင္တဲ့အခါ လက္သည္းျပန္ဆက္လို႔ရမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ဒီနည္းလမ္းေလးေတြက လြယ္ကူတာေၾကာင့္ အိမ္မွာတင္ အလြယ္တကူလုပ္လို႔ရပါတယ္။

Step 1

လက္သည္းက်ိဳးသြားလို႔ ျပန္ဆက္ခ်င္တဲ့အခါ လက္သည္းက ဆိုးေဆးေတြ မဆိုးထားတဲ့ လက္သည္းျဖစ္ဖို႔ လိုပါတယ္ေနာ္။

Step 2

လက္ကို ဆပ္ျပာနဲ႔ ေျပာင္ေအာင္ေဆးၿပီး ပုဝါနဲ႔ ေျခာက္ေသြ႕ေအာင္ သုတ္ပါ။

Step 3

အရက္ျပန္ကို အသုံးျပဳၿပီး လက္သည္းကို သုတ္ပါ။

ဒီအဆင့္ ၄ ဆင့္ကို ျပဳလုပ္ၿပီးၿပီဆိုရင္ေတာ့ လက္သည္းျပန္ဆက္ဖို႔အတြက္ ကိုယ္နဲ႔အဆင္ေျပမယ့္ နည္းလမ္းကို ေ႐ြးခ်ယ္လို႔ရပါတယ္။

၁။ စကၠဴ

လိုအပ္တဲ့ ပစၥည္းေတြကေတာ့

- စကၠဴတစ္႐ြက္

- ကတ္ေၾကး

- လက္သည္းဆိုးေဆး အၾကည္တို႔ျဖစ္ပါတယ္။

- စကၠဴကို သင့္ရဲ႕လက္သည္းပုံစံအတိုင္း ညႇပ္ပါ။

- လက္သည္းဆိုးေဆးအၾကည္ကို လက္သည္းေပၚ အရင္ဆိုးပါ။

- လက္သည္းဆိုးေဆး အၾကည္မေျခာက္ခင္မွာ လက္သည္းေပၚကို ခုနက ညႇပ္ထားတဲ့ စကၠဴေသးေသးေလးကို ကပ္လိုက္ပါ။ ၿပီးရင္ စကၠဴေပၚကေန လက္သည္းအၾကည္တစ္ထပ္ ထပ္ဆိုးပါ။

- လက္သည္းအၾကည္ ဆိုးထားတာ ေျခာက္သြားၿပီဆိုရင္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ လက္သည္းဆိုးေဆးကို ဆိုးလို႔ရပါၿပီ။ စကၠဴမရွိတဲ့အခါ အိမ္သာသုံးစကၠဴကို အသုံးျပဳလို႔ရပါတယ္။

၂။ လက္ဖက္ရည္အိတ္

လိုအပ္တဲ့ပစၥည္းေတြကေတာ့

- လက္ဖက္ရည္အိတ္ခြံတစ္အိတ္

- ကတ္ေၾကး

- လက္သည္းကပ္တဲ့ေကာ္

- လက္သည္းတိုက္တံစဥ္းတို႔ ျဖစ္ပါတယ္။

- လက္ဖက္ရည္အိတ္ခြံကို လက္သည္းပုံစံအတိုင္းညႇပ္ပါ။

- လက္သည္းေပၚကို လက္သည္းကပ္တဲ့ေကာ္နဲ႔ သုတ္ပါ။ ၿပီးရင္ ခုနက ညႇပ္ထားတဲ့ လက္ဖက္ရည္အိတ္ကို လက္သည္းေပၚ ကပ္လိုက္ပါ။ ၿပီးရင္ လက္သည္း တိုက္တံစဥ္းနဲ႔ညီေအာင္ လိုက္ညႇိပါ။ ၿပီးရင္ေတာ့ လက္သည္းေျခာက္သြားတဲ့အထိ ေစာင့္လိုက္ပါ။

- ေျခာက္သြားၿပီဆိုရင္ လက္သည္းေပၚကို လက္သည္းကပ္ေကာ္ ေနာက္ထပ္တစ္ထပ္ ထပ္သုတ္ပါ။

- လက္သည္းကို ညီညာေအာင္ လက္သည္းတိုက္တံစဥ္းနဲ႔ တိုက္ပါ။ ၿပီးရင္ေတာ့ မိမိႀကိဳက္ႏွစ္သက္ရာ လက္သည္းဆိုးေဆးကို အသုံးျပဳလို႔ရပါၿပီ။

၃။ တိပ္

လိုအပ္တဲ့ပစၥည္းေလးေတြကေတာ့

- တိပ္အၾကည္

- ကတ္ေၾကး

- ဇာဂနာတို႔ ျဖစ္ပါတယ္။

- လက္သည္းႀကိဳးသြားတဲ့ေနရာကို ကပ္ဖို႔အတြက္ တိပ္ကို ေသးေသးေလးညႇပ္ပါ။

- ဇာဂနာကို အသုံးျပဳၿပီး ညႇပ္ထားတဲ့တိပ္ကို လက္သည္းက်ိဳးေနတဲ့ ေနရာမွာ ကပ္လိုက္ပါ။

၄။ မုန္႔ဖုတ္ဆိုဒါ

လိုအပ္တဲ့ပစၥည္းေတြကေတာ့

- မုန္႔ဖုတ္ဆိုဒါ

- လက္သည္းကပ္ေကာ္

- သြားၾကားထိုးတံ

- လက္သည္းတိုက္တံစဥ္းတို႔ ျဖစ္ပါတယ္။

- ပထမဆုံး က်ိဳးေနတဲ့လက္သည္းေပၚကို လက္သည္းကပ္ေကာ္ သုတ္လိုက္ပါ။ ၿပီးရင္ သြားၾကားထိုးတံကို သုံးၿပီး ကပ္ထားတဲ့ ေကာ္ေတြကို ျပန္ခြာပါ။

- လက္သည္းကို မုန္႔ဖုတ္ဆိုဒါမႈန္႔ထဲကို ခဏၾကာ ႏွစ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ လက္သည္းကို သန္႔ရွင္းေရးလုပ္ၿပီး လက္သည္းတိုက္တံစဥ္းနဲ႔ တိုက္ပါ။

အဲဒီအခါ လက္သည္းက က်ိဳးတယ္လို႔ မထင္ရေတာ့ဘဲ သဘာဝအတိုင္း လွပေနေတာ့မွာပါ။

Zombie (Lovemedia)

source - 5-mincrafts

Post a Comment

0 Comments