မနက်ခင်းတိုင်းမှာ ကျွန်တော်တို့လုပ်တဲ့အရာတွေက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူတွေပြုလုပ်တဲ့ အရာတွေနဲ့ တူတူပဲဖြစ်ပါတယ်။ အိပ်ရာထ၊ မျက်နှာသစ်၊ ရေချိုး စတဲ့ဟာတွေပါပဲ။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ အချက်တွေကိုသာ လိုက်လုပ်လိုက်မယ်ဆိုရင် သင်ဟာအများနဲ့မတူပဲ ထူးခြားနေမှာပါ။ ဒါဆို ဘာတွေကသင့်ကို ပြောင်းလဲစေမလဲ။

၁ ။ သင့်ရဲ့နားတွေကို နှိပ်နယ်ပေးပါ။

© Syda_Productions/depositphotos.com

အိပ်ရာထဲမှာ လှဲနေတဲ့အချိန်မှာ လုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးတာက အကြားအာရုံကိုပိုပြီး ကောင်းမွန်စေပါတယ်။ ဘာလို့လဲဆိုတော့ နားရဲ့အထိခိုက်မခံနိုင်တဲ့ အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးလိုက်လို့ပါ။

၂ ။ ရေနွေးထဲကို သံပုရာရည် ထည့်သောက်ပါ။

© Photosiber/depositphotos.com

နံနက်ခင်းမှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေထက် ရေနွေးသောက်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေနွေးဟာ အစာခြေစနစ်၊ ကျောက်ကပ်နဲ့ အူရဲ့လုပ်ငန်းတွေကို ကောင်းကောင်း အလုပ်လုပ်စေနိုင်လို့ပါ။ ပြီးတော့ ကိုယ်ခံအားကိုလည်း တိုးစေပါတယ်။ မနက်စာမစားခင် မိနစ် ၃၀ လောက်အလိုတည်းက ကြိုသောက်ထားရင် အကောင်းဆုံးပါပဲ။

၃ ။ လျှာကို သန့်ရှင်းရေးလုပ်ပါ။

© Photosiber/depositphotos.com

တစ်နေ့ကို သွားနှစ်ကြိမ်တိုက်သင့်တာကို လူတိုင်းသိပါတယ်။ လျှာပေါ်မှာ ဘတ်တီးရီးယားလေးတွေ သန်းပေါင်းများစွာ စုနေတတ်ပါတယ်။ အဲ့လိုစုနေတာဟာ သွားကိုက်တာတွေ၊ သွားပိုးစားတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါတိုင်း သင့်ရဲ့လျှာကိုပါ တိုက်ရင် အကောင်းဆုံးပါပဲ။ တိုက်တယ်ဆိုရင်လည်း နူးညံ့တဲ့သွားတိုက်တံကိုပဲ သုံးပါ။ မဟုတ်ရင် သင့်ရဲ့လျှာမျက်နှာပြင်ကို ထိခိုက်စေနိုင်ပါတယ်။

၄ ။ မနက်တိုင်း ပျားရည်တစ်ဇွန်း စားပါ။

© anna.pustynnikova/depositphotos.com

ပျားရည်က ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးစေပါတယ်။ ချောင်းဆိုးပျောက်စေတဲ့အပြင် ဓာတ်မတည့်တာတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ပျားရည်ကို မနက်ခင်းတိုင်းမှာ သောက်စေချင်ပါတယ်။ မနက်စာမစားခင် ၁၅မိနစ်အလိုမှာ စားသုံးပေးပါ။ တကယ်လို့ အချိုများတာကို မကြိုက်ဘူးဆိုရင် ရေနဲ့ဖျော်သောက်ပါ။ အကျိူးအာနိသင်ချင်း တူတူပါပဲ။

၅ ။ Hydrogen Peroxide ပါတဲ့ သွားတိုက်ဆေးသုံးပါ။

© karelnoppe/depositphotos.com

Hydrogen Peroxide ပါတဲ့သွားတိုက်ဆေးဟာ သွားတွေကို ဖြူစေပါတယ်။ ဒါ့အပြင် အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့အပြင် သွားပိုးစားတာကိုလည်း ကာကွယ်ပေးပါတယ်။

Zombie (Lovemedia)

For Zawgyi

သင့္ရဲ႕တစ္ေန႔တာလုံး ယုံၾကည္မႈအျပည့္နဲ႔ က်န္းမာေစဖို႔ ဒီအခ်က္ (၅) ခ်က္နဲ႔ စတင္ပါ

မနက္ခင္းတိုင္းမွာ ကြၽန္ေတာ္တို႔လုပ္တဲ့အရာေတြက ကမာၻတစ္ဝွမ္းမွာရွိတဲ့ လူေတြျပဳလုပ္တဲ့ အရာေတြနဲ႔ တူတူပဲျဖစ္ပါတယ္။ အိပ္ရာထ၊ မ်က္ႏွာသစ္၊ ေရခ်ိဳး စတဲ့ဟာေတြပါပဲ။ ဒါေပမယ့္ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ေတြကိုသာ လိုက္လုပ္လိုက္မယ္ဆိုရင္ သင္ဟာအမ်ားနဲ႔မတူပဲ ထူးျခားေနမွာပါ။ ဒါဆို ဘာေတြကသင့္ကို ေျပာင္းလဲေစမလဲ။

၁ ။ သင့္ရဲ႕နားေတြကို ႏွိပ္နယ္ေပးပါ။

အိပ္ရာထဲမွာ လွဲေနတဲ့အခ်ိန္မွာ လုပ္ႏိုင္ပါတယ္။ ဒီလိုျပဳလုပ္ေပးတာက အၾကားအာ႐ုံကိုပိုၿပီး ေကာင္းမြန္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ နားရဲ႕အထိခိုက္မခံႏိုင္တဲ့ အစိတ္အပိုင္းေတြကို လႈံ႕ေဆာ္ေပးလိုက္လို႔ပါ။

၂ ။ ေရေႏြးထဲကို သံပုရာရည္ ထည့္ေသာက္ပါ။

နံနက္ခင္းမွာ ေကာ္ဖီေတြ၊ လက္ဖက္ရည္ေတြထက္ ေရေႏြးေသာက္ဖို႔ အႀကံေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေရေႏြးဟာ အစာေျခစနစ္၊ ေက်ာက္ကပ္နဲ႔ အူရဲ႕လုပ္ငန္းေတြကို ေကာင္းေကာင္း အလုပ္လုပ္ေစႏိုင္လို႔ပါ။ ၿပီးေတာ့ ကိုယ္ခံအားကိုလည္း တိုးေစပါတယ္။ မနက္စာမစားခင္ မိနစ္ ၃၀ ေလာက္အလိုတည္းက ႀကိဳေသာက္ထားရင္ အေကာင္းဆုံးပါပဲ။

၃ ။ လွ်ာကို သန္႔ရွင္းေရးလုပ္ပါ။

တစ္ေန႔ကို သြားႏွစ္ႀကိမ္တိုက္သင့္တာကို လူတိုင္းသိပါတယ္။ လွ်ာေပၚမွာ ဘတ္တီးရီးယားေလးေတြ သန္းေပါင္းမ်ားစြာ စုေနတတ္ပါတယ္။ အဲ့လိုစုေနတာဟာ သြားကိုက္တာေတြ၊ သြားပိုးစားတာေတြကိုျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ သြားတိုက္တဲ့အခါတိုင္း သင့္ရဲ႕လွ်ာကိုပါ တိုက္ရင္ အေကာင္းဆုံးပါပဲ။ တိုက္တယ္ဆိုရင္လည္း ႏူးညံ့တဲ့သြားတိုက္တံကိုပဲ သုံးပါ။ မဟုတ္ရင္ သင့္ရဲ႕လွ်ာမ်က္ႏွာျပင္ကို ထိခိုက္ေစႏိုင္ပါတယ္။

၄ ။ မနက္တိုင္း ပ်ားရည္တစ္ဇြန္း စားပါ။

ပ်ားရည္က ကိုယ္ခံအားကို ျမႇင့္တင္ေပးပါတယ္။ မွတ္ဉာဏ္ကိုလည္း တိုးေစပါတယ္။ ေခ်ာင္းဆိုးေပ်ာက္ေစတဲ့အျပင္ ဓာတ္မတည့္တာေတြကိုလည္း သက္သာေစပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို မနက္ခင္းတိုင္းမွာ ေသာက္ေစခ်င္ပါတယ္။ မနက္စာမစားခင္ ၁၅မိနစ္အလိုမွာ စားသုံးေပးပါ။ တကယ္လို႔ အခ်ိဳမ်ားတာကို မႀကိဳက္ဘူးဆိုရင္ ေရနဲ႔ေဖ်ာ္ေသာက္ပါ။ အက်ိဴးအာနိသင္ခ်င္း တူတူပါပဲ။

၅ ။ Hydrogen Peroxide ပါတဲ့ သြားတိုက္ေဆးသုံးပါ။

Hydrogen Peroxide ပါတဲ့သြားတိုက္ေဆးဟာ သြားေတြကို ျဖဴေစပါတယ္။ ဒါ့အျပင္ အနံ႔အသက္ဆိုးေတြကို ဖယ္ရွားေပးတဲ့အျပင္ သြားပိုးစားတာကိုလည္း ကာကြယ္ေပးပါတယ္။

Zombie (Lovemedia)