ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ အပြင်လျှောက်လည်ခြင်းက သူတို့ကို ပျော်ရွှင်ပြီး အသက်ရှည်စေပါတယ်။ အမေနဲ့အတူ မကြာခဏ အပြင်လျှောက်လည်မယ်ဆိုရင် အမေက အသက်ရှည်ကျန်းမာမှာပါ။ အမေဆိုတာ ဘဝမှာ အရေးအပါဆုံးဖြစ်လို့ ဘဝမှာ အမေ့အတွက် အချိန်တွေအများကြီး ပေးသင့်ပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဆရာဝန်တွေက အသက်ခြောက်ဆယ်နဲ့ ခုနစ်ဆယ်ကြားက လူပေါင်း 1600 ကို လေ့လာပါတယ်။ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာ အထီးကျန်တာ ပိုများသလား၊ ကျန်းမာရေးချွတ်ယွင်းတာ ပိုများသလား ဆိုတာကို အဖြေရှာဖို့ ဖြစ်ပါတယ်။ ခြောက်နှစ်ကြာ သုတေသနပြုပြီးမှာတော့ အသက်ကြီးတဲ့သူတွေမှာ အထီးကျန်ခြင်းက ပိုများကြောင်း တွေ့ရှိခဲ့ကြပါတယ်။

© Matt Sayles / Invision / AP / East News

အသက်ကြီးလာတဲ့အခါ ပိုင်ဆိုင်မှုတွေ အများကြီးရှိပေမယ့်၊ မိတ်ဆွေတွေ အများကြီးရှိပေမယ့် အထီးကျန်ကြတာကို တွေ့ရပါတယ်။ အသက်ကြီးတဲ့လူတွေမှာ အထီးကျန်ခြင်းက သေဆုံးဖို့ အချိန်မြန်မြန်နီးလာ စေပါတယ်။ လေ့လာချက်တွေအရ မကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ အထီးကျန်မှုတွေဟာလည်း သေဆုံးရတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးမကောင်းရင် ခန္ဓာကိုယ်ကျန်းမာရေးလည်း မကောင်းနိုင်တော့ပါဘူး။

စကားပြောဖော်မရှိလို့ အထီးကျန်တာ၊ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မရှိလို့ အထီးကျန်တာ၊ ဂရုစိုက် စောင့်ရှောက်ပေးမယ့်သူ မရှိလို့ အထီးကျန်တာ စတာတွေက စိတ်ကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ အဲဒါကြောင့် အလုပ်တွေ အရမ်းများနေရင်တောင် အမေ့ကို အချိန်ပေးသင့်ပါတယ်။

© Depositphotos.com

တနင်္ဂနွေနေ့မနက်ခင်းမှာ အမေနဲ့ မနက်စာ အတူစားတာ၊ အမေ့ဆီက အကြံဉာဏ်တောင်းတာ၊ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးက အမေ့ကို အထီးမကျန်စေတော့ပါဘူး။ အမေနဲ့ အဝေးမှာနေတယ်ဆိုရင် အမေ့ကို မကြာခဏ အလည်ခေါ်တာ၊ ဖုန်းဆက်ပြီး နေ့စဉ်ကြုံတွေ့နေရတာတွေကို ပြုလုပ်ပေးလို့ ရပါတယ်။

အမေက တစ်ယောက်တည်းနေသူဆိုရင် သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းပေးသင့်ကြောင်း ပညာရှင်တွေက အကြံပေးပါတယ်။ အဲဒီလိုဆိုရင် အမေက အထီးမကျန်တော့ဘဲ ကျန်းမာရေး ကောင်းလာမှာပါ။ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကျန်းမာရေး ဆက်စပ်နေတာကြောင့် မိဘတွေ အထီးမကျန်ရအောင် မိဘတွေနဲ့ မကြာခဏ အပြင်လျှောက်လည်ပေးသင့်ပါတယ်။

Zombie (LoveMedia)

For Zawgyi

အေမနဲ႔အတူ မၾကာခဏ အျပင္ေလွ်ာက္လည္ျခင္းက အေမ့ကို အသက္ရွည္ေစႏိုင္

ကိုယ္ခ်စ္ရတဲ့သူေတြနဲ႔အတူ အျပင္ေလွ်ာက္လည္ျခင္းက သူတို႔ကို ေပ်ာ္႐ႊင္ၿပီး အသက္ရွည္ေစပါတယ္။ အေမနဲ႔အတူ မၾကာခဏ အျပင္ေလွ်ာက္လည္မယ္ဆိုရင္ အေမက အသက္ရွည္က်န္းမာမွာပါ။ အေမဆိုတာ ဘဝမွာ အေရးအပါဆုံးျဖစ္လို႔ ဘဝမွာ အေမ့အတြက္ အခ်ိန္ေတြအမ်ားႀကီး ေပးသင့္ပါတယ္။

ကယ္လီဖိုးနီးယားတကၠသိုလ္က ဆရာဝန္ေတြက အသက္ေျခာက္ဆယ္နဲ႔ ခုနစ္ဆယ္ၾကားက လူေပါင္း 1600 ကို ေလ့လာပါတယ္။ ဘဝရဲ႕ေနာက္ပိုင္းအခ်ိန္ေတြမွာ အထီးက်န္တာ ပိုမ်ားသလား၊ က်န္းမာေရးခြၽတ္ယြင္းတာ ပိုမ်ားသလား ဆိုတာကို အေျဖရွာဖို႔ ျဖစ္ပါတယ္။ ေျခာက္ႏွစ္ၾကာ သုေတသနျပဳၿပီးမွာေတာ့ အသက္ႀကီးတဲ့သူေတြမွာ အထီးက်န္ျခင္းက ပိုမ်ားေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။

အသက္ႀကီးလာတဲ့အခါ ပိုင္ဆိုင္မႈေတြ အမ်ားႀကီးရွိေပမယ့္၊ မိတ္ေဆြေတြ အမ်ားႀကီးရွိေပမယ့္ အထီးက်န္ၾကတာကို ေတြ႕ရပါတယ္။ အသက္ႀကီးတဲ့လူေတြမွာ အထီးက်န္ျခင္းက ေသဆုံးဖို႔ အခ်ိန္ျမန္ျမန္နီးလာ ေစပါတယ္။ ေလ့လာခ်က္ေတြအရ မေကာင္းတဲ့ စိတ္ပိုင္းဆိုင္ရာ ခံစားမႈေတြ၊ အထီးက်န္မႈေတြဟာလည္း ေသဆုံးရတဲ့ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။ စိတ္က်န္းမာေရးမေကာင္းရင္ ခႏၶာကိုယ္က်န္းမာေရးလည္း မေကာင္းႏိုင္ေတာ့ပါဘူး။

စကားေျပာေဖာ္မရွိလို႔ အထီးက်န္တာ၊ ပတ္ဝန္းက်င္နဲ႔ အဆက္အသြယ္မရွိလို႔ အထီးက်န္တာ၊ ဂ႐ုစိုက္ ေစာင့္ေရွာက္ေပးမယ့္သူ မရွိလို႔ အထီးက်န္တာ စတာေတြက စိတ္က်န္းမာေရးနဲ႔ ဆက္စပ္ေနပါတယ္။ အဲဒါေၾကာင့္ အလုပ္ေတြ အရမ္းမ်ားေနရင္ေတာင္ အေမ့ကို အခ်ိန္ေပးသင့္ပါတယ္။

တနဂၤေႏြေန႔မနက္ခင္းမွာ အေမနဲ႔ မနက္စာ အတူစားတာ၊ အေမ့ဆီက အႀကံဉာဏ္ေတာင္းတာ၊ အေမနဲ႔အတူ ေဈးဝယ္ထြက္တာမ်ိဳးက အေမ့ကို အထီးမက်န္ေစေတာ့ပါဘူး။ အေမနဲ႔ အေဝးမွာေနတယ္ဆိုရင္ အေမ့ကို မၾကာခဏ အလည္ေခၚတာ၊ ဖုန္းဆက္ၿပီး ေန႔စဥ္ႀကဳံေတြ႕ေနရတာေတြကို ျပဳလုပ္ေပးလို႔ ရပါတယ္။

အေမက တစ္ေယာက္တည္းေနသူဆိုရင္ သူငယ္ခ်င္းေတြနဲ႔ ေလွ်ာက္လည္ဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ တိုက္တြန္းေပးသင့္ေၾကာင္း ပညာရွင္ေတြက အႀကံေပးပါတယ္။ အဲဒီလိုဆိုရင္ အေမက အထီးမက်န္ေတာ့ဘဲ က်န္းမာေရး ေကာင္းလာမွာပါ။ စိတ္က်န္းမာေရးနဲ႔ ခႏၶာကိုယ္က်န္းမာေရး ဆက္စပ္ေနတာေၾကာင့္ မိဘေတြ အထီးမက်န္ရေအာင္ မိဘေတြနဲ႔ မၾကာခဏ အျပင္ေလွ်ာက္လည္ေပးသင့္ပါတယ္။

Zombie (LoveMedia)