ဗိုက်ကအကြောပြတ်ရာတွေက အန္တရာယ်မရှိပါဘူး။ စိတ်ဖိစီးမှုများတဲ့အခါမှာတော့ ဗိုက်ကအကြောပြတ်ရာတွေဟာ ပထမအစတော့ အနီရောင် သို့မဟုတ် ခရမ်းရောင်ဖြစ်နေတတ်ပါတယ်။ အချိန်တွေကြာလာတဲ့အခါ အကြောပြတ်ရာတွေက အဖြူရောင်ဖြစ်သွားပါတယ်။ ဗိုက်မှာ အကြောပြတ်ရာတွေရှိနေလည်း စိတ်ပူစရာမလိုတော့ပါဘူးနော်။ သဘာဝနည်းနဲ့ မှေးမှိန်သွားအောင် လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။
၁။ Retinoid cream
![]() |
© Depositphotos.com, © staras/easyfotostock/Eastnews |
Retinoid cream က အနီရောင် အကြောပြတ်ရာတွေကို ပျောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ လအနည်းငယ်ကြာ လိမ်းပေးရုံနဲ့ သိသာလာမှာပါ။ Retinoid cream က ကော်လဂျင်တွေကို ပြန်လည်တည်ဆောက်ဖို့ ကူညီပေးနိုင်ပြီး အသားအရေကို ပုံမှန်အတိုင်းပြန်ဖြစ်စေပါတယ်။
၂။ Sunless tanner
![]() |
© Shutterstock.com, © Shutterstock.com |
Sunless tanner ကလည်း အကြောပြတ်ရာတွေကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ အကြောပြတ်ရာတွေ မရှိတော့အောင်လို့ နေပူဆာလှုံတာကတော့ မကောင်းပါဘူး။ နေပူဆာလှုံတဲ့အခါ အကြောပြတ်ရာတွေ ပိုပြီးထင်ရှားလာနိုင်လို့ပါ။
၃။ အစားအစာ
![]() |
© Depositphotos.com, © Caroline Attwood / Unsplash |
အကြောပြတ်ရာတွေကို လုံးဝပျောက်သွားစေမယ့် အစားအစာရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် တချို့အစားအစာတွေကတော့ အသားအရေကို လှပစေပြီး အကြောပြတ်ရာတွေကို မှေးမှိန်သွားစေမှာပါ။ ကျွမ်းကျင်ပညာရှင်တွေကတော့ ရေများများသောက်ဖို့ အကြံပေးပါတယ်။ ဇင့်ဓါတ်များတဲ့အစားအစာတွေ၊ ငါး၊ အစေ့အဆံတွေက အသားအရေကို လှပစေပါတယ်။
၄။ အသားအရေကို ကြေးချွတ်ခြင်း
![]() |
© Shutterstock.com, © Science Photo Library/EAST NEWS |
အသားအရေကို ပုံမှန်ကြေးချွတ်ပေးတဲ့အခါ ဆဲလ်သေတွေ ပါသွားပါတယ်။ အသားအရေကို ကြေးချွတ်တာက အခြားအသားအရေကုထုံးတွေ လုပ်မယ်ဆိုရင်လည်း ပိုပြီး ထိထိရောက်ရောက် ဖြစ်စေပါတယ်။
၅။ ကိုယ်အလေးချိန်လျှော့ခြင်း
![]() |
© AP/East News, © Depositphotos.com |
ခန္ဓါကိုယ်ကို လှုပ်လှုပ်ရှားရှားနေပြီးတော့ ကိုယ်အလေးချိန်ကို လျှော့လိုက်ရင် အကြောပြတ်ရာတွေ နည်းသွားနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာရင်တောင် အကြောပြတ်ရာတွေ ထင်ထင်ရှားရှားမရှိနေနိုင်တော့ပါဘူး။
၆။ Microneedling
![]() |
© Depositphotos.com, © nanDphanuwat2526/easyfotostock/Eastnews |
Microneedling ပြုလုပ်ပေးတဲ့အခါ radiofrequency ကိုအရေပြားအတွင်းလွှာ dermis အတွင်းသို့ထုတ်လွှတ်ပေးခြင်း collagen နဲ့ elastin များကို သိသိသာသာပိုမိုထွက်ရှိစေပြီး အမာရွတ်အချိုင့်များကို သိသိသာသာ ပြည့်လာစေကာ တင်းရင်းနုပျိုစေပါတယ်။
Zombie (Lovemedia)
For Zawgyi
အေၾကာျပတ္ရာေတြ ေမွးမွိန္သြားေစမယ့္ နည္းလမ္း (၆) ခု
ဗိုက္ကအေၾကာျပတ္ရာေတြက အႏၲရာယ္မရွိပါဘူး။ စိတ္ဖိစီးမႈမ်ားတဲ့အခါမွာေတာ့ ဗိုက္ကအေၾကာျပတ္ရာေတြဟာ ပထမအစေတာ့ အနီေရာင္ သို႔မဟုတ္ ခရမ္းေရာင္ျဖစ္ေနတတ္ပါတယ္။ အခ်ိန္ေတြၾကာလာတဲ့အခါ အေၾကာျပတ္ရာေတြက အျဖဴေရာင္ျဖစ္သြားပါတယ္။ ဗိုက္မွာ အေၾကာျပတ္ရာေတြရွိေနလည္း စိတ္ပူစရာမလိုေတာ့ပါဘူးေနာ္။ သဘာဝနည္းနဲ႔ ေမွးမွိန္သြားေအာင္ လုပ္လို႔ရတဲ့နည္းေတြ ရွိပါတယ္။
၁။ Retinoid cream
Retinoid cream က အနီေရာင္ အေၾကာျပတ္ရာေတြကို ေပ်ာက္ဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ လအနည္းငယ္ၾကာ လိမ္းေပး႐ုံနဲ႔ သိသာလာမွာပါ။ Retinoid cream က ေကာ္လဂ်င္ေတြကို ျပန္လည္တည္ေဆာက္ဖို႔ ကူညီေပးႏိုင္ၿပီး အသားအေရကို ပုံမွန္အတိုင္းျပန္ျဖစ္ေစပါတယ္။
၂။ Sunless tanner
Sunless tanner ကလည္း အေၾကာျပတ္ရာေတြကို ဖုံးကြယ္ဖို႔ ကူညီေပးႏိုင္ပါတယ္။ အေၾကာျပတ္ရာေတြ မရွိေတာ့ေအာင္လို႔ ေနပူဆာလႈံတာကေတာ့ မေကာင္းပါဘူး။ ေနပူဆာလႈံတဲ့အခါ အေၾကာျပတ္ရာေတြ ပိုၿပီးထင္ရွားလာႏိုင္လို႔ပါ။
၃။ အစားအစာ
အေၾကာျပတ္ရာေတြကို လုံးဝေပ်ာက္သြားေစမယ့္ အစားအစာရယ္လို႔ေတာ့ မရွိပါဘူး။ ဒါေပမယ့္ တခ်ိဳ႕အစားအစာေတြကေတာ့ အသားအေရကို လွပေစၿပီး အေၾကာျပတ္ရာေတြကို ေမွးမွိန္သြားေစမွာပါ။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ ေရမ်ားမ်ားေသာက္ဖို႔ အႀကံေပးပါတယ္။ ဇင့္ဓါတ္မ်ားတဲ့အစားအစာေတြ၊ ငါး၊ အေစ့အဆံေတြက အသားအေရကို လွပေစပါတယ္။
၄။ အသားအေရကို ေၾကးခြၽတ္ျခင္း
အသားအေရကို ပုံမွန္ေၾကးခြၽတ္ေပးတဲ့အခါ ဆဲလ္ေသေတြ ပါသြားပါတယ္။ အသားအေရကို ေၾကးခြၽတ္တာက အျခားအသားအေရကုထုံးေတြ လုပ္မယ္ဆိုရင္လည္း ပိုၿပီး ထိထိေရာက္ေရာက္ ျဖစ္ေစပါတယ္။
၅။ ကိုယ္အေလးခ်ိန္ေလွ်ာ့ျခင္း
ခႏၶါကိုယ္ကို လႈပ္လႈပ္ရွားရွားေနၿပီးေတာ့ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့လိုက္ရင္ အေၾကာျပတ္ရာေတြ နည္းသြားႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ေလွ်ာ့လိုက္တဲ့အခါ စိတ္ဖိစီးမႈေတြ ျဖစ္လာရင္ေတာင္ အေၾကာျပတ္ရာေတြ ထင္ထင္ရွားရွားမရွိေနႏိုင္ေတာ့ပါဘူး။
၆။ Microneedling
Microneedling ျပဳလုပ္ေပးတဲ့အခါ radiofrequency ကိုအေရျပားအတြင္းလႊာ dermis အတြင္းသို႔ထုတ္လႊတ္ေပးျခင္း collagen နဲ႔ elastin မ်ားကို သိသိသာသာပိုမိုထြက္ရွိေစၿပီး အမာ႐ြတ္အခ်ိဳင့္မ်ားကို သိသိသာသာ ျပည့္လာေစကာ တင္းရင္းႏုပ်ိဳေစပါတယ္။
Zombie (Lovemedia)
0 Comments