လူသိနည်းသေးတဲ့ သရက်ရွက်ရဲ့ ကောင်းကျိုး (၈)ချက်

သရက်သီးဟာ သူ့ရဲ့ချိုတဲ့အရသာ၊ မွှေးပျံ့တဲ့ရနံ့ကြောင့် လူကြိုက်များပါတယ်။ ဒါပေမယ့် သရက်ရွက်မှာလည်း ကောင်းကျိူးတွေရှိတဲ့အကြောင်းကို လူသိနည်းပါသေးတယ်။ သရက်ရွက်နုနုလေးတွေက အလွန်နူးညံ့ပြီး အချို့နိုင်ငံတွေမှာတော့ ဟင်းထဲထည့်ချက်စားကြပါတယ်။ သရက်ရွက်တွေက ကျန်းမာရေးအတွက် အာဟာရဖြစ်စေပါတယ်။ အချို့ကတော့ သရက်ရွက်ကို အခြောက်လှန်းပြီး ရေနွေးထဲထည့်သောက်ကြပါတယ်။ သရက်ရွက်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အပင်ဒြပ်ပေါင်းများ ကြွယ်ဝခြင်း

သရက်ရွက်မှာ ကျန်းမာရေးအတွက်အကျိုးပြုတဲ့ polyphenols နဲ့ terpenoids တို့ ပါဝင်ပါတယ်။ Terpenoids က မျက်လုံးအမြင်နဲ့ ကိုယ်ခံအားအတွက် အရေးပါပါတယ်။ Polyphenols မှာ အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် သရက်ရွက်က အဝလွန်၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

၂။ ရောင်ရမ်းနာကျင်မှုများကို သက်သာစေခြင်း

နာတာရှည် ရောင်ရမ်းနာကျင်ခြင်းတွေက ရောဂါများစွာကို ဖြစ်စေနိုင်ပါတယ်။ သရက်ရွက်မှာပါဝင်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေတဲ့အစွမ်းက အယ်လ်ဇိုင်းမားရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ အဝလွန်မှုကို ကာကွယ်ပေးခြင်း

သရက်ရွက်က တစ်ရှူးတွေမှာ အဆီတွေ စုမလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အဆီတွေများလာတဲ့အခါ ရောဂါပေါင်းစုံဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သရက်ရွက်ကို အခြောက်လှန်းပြီး ရေနွေးထဲခပ်သောက်ရင် အဝလွန်တာကို ကာကွယ်ပြီးသားပါပဲနော်။

၄။ ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း

ကြွက်တွေကို သရက်ရွက်စမ်းသပ်ကျွေးပြီး ၂ ပတ်အကြာမှာ သွေးတွင်းသကြားဓါတ်နည်းတာကို တွေ့ရပါတယ်။ အဲဒါကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကို သရက်ရွက်က ကူညီပေးနိုင်ပါတယ်။

၅။ ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်း

Test- tube လေ့လာချက်တွေအရ သရက်ရွက်ဟာ သွေးကက်ဆာ၊ အဆုတ်ကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ အစာအိမ်ပြည်တည်နာကို ကုသပေးနိုင်ခြင်း

ရှေးကတည်းက သရက်ရွက်ကို အစာအိမ်ပြည်တည်နာနဲ့ အစာချေလမ်းကြောင်းရောဂါတွေမှာ အသုံးပြုခဲ့ကြပါတယ်။

၇။ အသားအရေလှစေခြင်း

သရက်ရွက်မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက အသားအရေကို လှပစေပါတယ်။ ဒါ့အပြင် အရေပြားယားယံတာ၊ အသားအရေခြောက်ကပ်တာကိုလည်း သက်သာစေပါသေးတယ်။

၈။ ဆံပင်ကို အကျိုးပြုခြင်း

သရက်ရွက်က ဆံပင်ကိုလည်း အရှည်မြန်စေပါတယ်။ သရက်ရွက်ကို ဆံပင်နဲ့သက်ဆိုင်တဲ့အချို့ကုန်ပစ္စည်းတွေမှာ အသုံးပြုကြပါတယ်။

သရက်ရွက် နုနုလေးတွေကို အချို့က အစိမ်းစားကြသလို အခြောက်ခံပြီး ရေနွေးထဲထည့်သောက်တာလည်း ရှိပါတယ်။ရေ ၁၅၀ မီလီလီတာကို ဆူအောင်တည်ပြီး သရက်ရွက်ခြောက် ၁၀ ရွက်ကနေ ၁၅ ရွက်ခန့်ကို ခပ်သောက်ကြပါတယ်။

Zombie (Lovemedia)

For Zawgyi

လူသိနည္းေသးတဲ့ သရက္႐ြက္ရဲ႕ ေကာင္းက်ိဳး (၈)ခ်က္

သရက္သီးဟာ သူ႔ရဲ႕ခ်ိဳတဲ့အရသာ၊ ေမႊးပ်ံ႕တဲ့ရနံ႔ေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ ဒါေပမယ့္ သရက္႐ြက္မွာလည္း ေကာင္းက်ိဴးေတြရွိတဲ့အေၾကာင္းကို လူသိနည္းပါေသးတယ္။ သရက္႐ြက္ႏုႏုေလးေတြက အလြန္ႏူးညံ့ၿပီး အခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ဟင္းထဲထည့္ခ်က္စားၾကပါတယ္။ သရက္႐ြက္ေတြက က်န္းမာေရးအတြက္ အာဟာရျဖစ္ေစပါတယ္။ အခ်ိဳ႕ကေတာ့ သရက္႐ြက္ကို အေျခာက္လွန္းၿပီး ေရေႏြးထဲထည့္ေသာက္ၾကပါတယ္။ သရက္႐ြက္က က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးျပဳလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ အပင္ျဒပ္ေပါင္းမ်ား ႂကြယ္ဝျခင္း

သရက္႐ြက္မွာ က်န္းမာေရးအတြက္အက်ိဳးျပဳတဲ့ polyphenols နဲ႔ terpenoids တို႔ ပါဝင္ပါတယ္။ Terpenoids က မ်က္လုံးအျမင္နဲ႔ ကိုယ္ခံအားအတြက္ အေရးပါပါတယ္။ Polyphenols မွာ အင္တီေအာက္ဆီးဒင့္ေတြပါဝင္ၿပီး ေရာင္ရမ္းနာက်င္တာေတြကို သက္သာေစပါတယ္။ ဒါ့အျပင္ သရက္႐ြက္က အဝလြန္၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါနဲ႔ ကင္ဆာေရာဂါကို ကာကြယ္ေပးပါတယ္။

၂။ ေရာင္ရမ္းနာက်င္မႈမ်ားကို သက္သာေစျခင္း

နာတာရွည္ ေရာင္ရမ္းနာက်င္ျခင္းေတြက ေရာဂါမ်ားစြာကို ျဖစ္ေစႏိုင္ပါတယ္။ သရက္႐ြက္မွာပါဝင္တဲ့ ေရာင္ရမ္းနာက်င္မႈေတြကို သက္သာေစတဲ့အစြမ္းက အယ္လ္ဇိုင္းမားေရာဂါကိုေတာင္ ကာကြယ္ေပးႏိုင္ပါတယ္။

၃။ အဝလြန္မႈကို ကာကြယ္ေပးျခင္း

သရက္႐ြက္က တစ္ရႉးေတြမွာ အဆီေတြ စုမလာေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ အဆီေတြမ်ားလာတဲ့အခါ ေရာဂါေပါင္းစုံဝင္လာႏိုင္ပါတယ္။ ဒါေပမယ့္ သရက္႐ြက္ကို အေျခာက္လွန္းၿပီး ေရေႏြးထဲခပ္ေသာက္ရင္ အဝလြန္တာကို ကာကြယ္ၿပီးသားပါပဲေနာ္။

၄။ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးျခင္း

ႂကြက္ေတြကို သရက္႐ြက္စမ္းသပ္ေကြၽးၿပီး ၂ ပတ္အၾကာမွာ ေသြးတြင္းသၾကားဓါတ္နည္းတာကို ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ အဝလြန္ျခင္းနဲ႔ ဆီးခ်ိဳေရာဂါကို သရက္႐ြက္က ကူညီေပးႏိုင္ပါတယ္။

၅။ ကင္ဆာကို ကာကြယ္ေပးႏိုင္ျခင္း

Test- tube ေလ့လာခ်က္ေတြအရ သရက္႐ြက္ဟာ ေသြးကက္ဆာ၊ အဆုတ္ကင္ဆာ၊ ဦးေႏွာက္ကင္ဆာ၊ ရင္သားကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာနဲ႔ ဆီးက်ိတ္ကင္ဆာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

၆။ အစာအိမ္ျပည္တည္နာကို ကုသေပးႏိုင္ျခင္း

ေရွးကတည္းက သရက္႐ြက္ကို အစာအိမ္ျပည္တည္နာနဲ႔ အစာေခ်လမ္းေၾကာင္းေရာဂါေတြမွာ အသုံးျပဳခဲ့ၾကပါတယ္။

၇။ အသားအေရလွေစျခင္း

သရက္႐ြက္မွာပါဝင္တဲ့ အင္တီေအာက္ဆီးဒင့္ေတြက အသားအေရကို လွပေစပါတယ္။ ဒါ့အျပင္ အေရျပားယားယံတာ၊ အသားအေရေျခာက္ကပ္တာကိုလည္း သက္သာေစပါေသးတယ္။

၈။ ဆံပင္ကို အက်ိဳးျပဳျခင္း

သရက္႐ြက္က ဆံပင္ကိုလည္း အရွည္ျမန္ေစပါတယ္။ သရက္႐ြက္ကို ဆံပင္နဲ႔သက္ဆိုင္တဲ့အခ်ိဳ႕ကုန္ပစၥည္းေတြမွာ အသုံးျပဳၾကပါတယ္။

သရက္႐ြက္ ႏုႏုေလးေတြကို အခ်ိဳ႕က အစိမ္းစားၾကသလို အေျခာက္ခံၿပီး ေရေႏြးထဲထည့္ေသာက္တာလည္း ရွိပါတယ္။ေရ ၁၅၀ မီလီလီတာကို ဆူေအာင္တည္ၿပီး သရက္႐ြက္ေျခာက္ ၁၀ ႐ြက္ကေန ၁၅ ႐ြက္ခန႔္ကို ခပ္ေသာက္ၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments