မိန်းကလေးတိုင်းက အလှအပကြိုက်ကြပါတယ်။ မိတ်ကပ်ပစ္စည်းတွေ ဆိုတာကတော့ အလှတွေကို ထင်ပေါ်စေပါတယ်။ သင့်ရဲ့မိတ်ကပ်ပစ္စည်းတွေသာ ကျိုးပဲ့သွားရင် ရင်နာစရာပါပဲ။ အသည်းကွဲတာထက် မိတ်ကပ်ပစ္စည်းတွေ တစ်စစီဖြစ်သွားတာက ပိုပြီးကြေကွဲဖို့ ကောင်းပါတယ်။ ဒါကြောင့် သင့်ရဲ့ မိတ်ကပ်ပစ္စည်းတွေ ကျိုးပဲ့သွားတယ်ဆိုရင် အသစ်ဝယ်စရာမလိုဘဲ ဘယ်လိုပြန်ကောင်းအောင် လုပ်မလဲ ဆိုတာကို ဖော်ပြပေးသွားပါမယ်။

မိတ်ကပ်ပြန်သိမ်းနည်း

Method (1)

- ပန်းကန်လုံး

- စက္ကူ

- ရေ

- ဇွန်း

- မိတ်ကပ်မှုန့်

- ဘူးခွံ

ပန်းကန်ပြားထဲကို မိတ်ကပ်မှုန်လေးတွေကို ထည့်ပြီးတော့ ဇွန်းလေးနဲ့ဖြည်းဖြည်းချင်း မွှေပေးပါ။ ပန်းကန်ထဲကို ရေနှစ်စက်လောက်ထည့်ပြီး သေချာမွှေပေးပါ။ ပြီးရင်ဘူးခွံထဲထည့်ပြီးတော့ စက္ကူနဲ့အုပ် နည်းနည်းခါလိုက်ပါ။ ဒါမှမျက်နှာပြင်တွေ ညီညာသွားမှာပါ။ ခြောက်သွေ့သွားရင်တော့ ရပါပြီ။

Method (2)

- အရက်ပျံ

- ဇွန်း

- ဘူးခွံ

- ပလတ်စတစ်စ

- မိတ်ကပ်မှုန့်

အရင်ဆုံး ဘူးခွံထဲကို မိတ်ကပ်မှုန့်တွေထည့်ပါ။ ပြီးရင် ဇွန်းလေးနဲ့ လိုက်ညှိပေးပါ။ အရက်ကို ၂ စက်လောက် ထည့်ပြီးတော့ ပလတ်စတစ်နဲ့အုပ် သေချာလေး လက်ချောင်းလေးတွေနဲ့ ဖိနှိပ်ပြီးနယ်ပေးပါ။ ပြီးရင်တော့ လေသလပ်ခံထားလိုက်ပါ။

နှုတ်ခမ်းနီဆက်နည်း

Method (1)

- မီးခြစ်တစ်လုံး

- ရေခဲသေတ္တာ

ပထမဆုံး ကျိုးသွားခဲ့တဲ့ နှုတ်ခမ်းနီအပိုင်းနားလေးကို အပူပေးပါ။ အရမ်းမကပ်ပါစေနဲ့။ ၂ လက်မလောက်ကနေ အပူပေးရင် အသင့်တော်ဆုံးပါပဲ။ ပြီးရင် ကျိုးသွားတဲ့အပိုင်းတွေနားကို အရင်ဆက်လိုက်ပါ။ ၁ မိနစ်လောက် စောင့်ပြီးရင်တော့ ရေခဲသေတ္တာထဲ ၂ နာရီလောက် ထည့်ထားလိုက်ပါ။

Method (2)

- မီးခြစ်တစ်လုံး

- ခွက်အသေးတစ်ခွက်

- ဘူးခွံတစ်ခု

ခွက်ထဲကို နှုတ်ခမ်းနီတွေထည့်လိုက်ပါ။ အောက်ကနေ မီးခြစ်နဲ့ ဖြေးဖြေးချင်းအပူပေးပါ။ အရည်ပျော်သွားပြီဆိုရင် ဘူးခွံထဲကို ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။

Eyeliner ခြောက်နေရင်

- သွားကြားထိုးတံ

- မျက်စဉ်းဆေး

- မျက်ခုံးမွှေးဆွဲတံ

- Microwave

အရင်ဆုံး သင့်ရဲ့ Eyeliner ဘူးထဲကို သွားကြားထိုးတံလေးနဲ့ အပေါက်လေးဖြစ်အောင် အရင်လုပ်လိုက်ပါ။ အပေါက်လေးဖြစ်သွားရင် မျက်စဉ်းဆေးလေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ မျက်ခုံးမွှေးဆွဲတံလေးနဲ့ မွှေလိုက်ပါ။ Microwave ထဲ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

Mascara ခြောက်နေရင်

- ရေနွေးပူပူတစ်ခွက်

သင့်ရဲ့ mascara ခြောက်နေရင်တော့ ရေနွေးပူပူထဲမှာ ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။ ခဏကြာရင်တော့ ပြန်သုံးလို့ရပါပြီ။

Zombie (Lovemedia)

Source - 5mincrafts

For Zawgyi

က်ိဳးပဲ့သြားတဲ့ မိတ္ကပ္ပစၥည္းေတြကို ျပန္ေကာင္းေစမယ့္ နည္းလမ္း

မိန္းကေလးတိုင္းက အလွအပႀကိဳက္ၾကပါတယ္။ မိတ္ကပ္ပစၥည္းေတြ ဆိုတာကေတာ့ အလွေတြကို ထင္ေပၚေစပါတယ္။ သင့္ရဲ႕မိတ္ကပ္ပစၥည္းေတြသာ က်ိဳးပဲ့သြားရင္ ရင္နာစရာပါပဲ။ အသည္းကြဲတာထက္ မိတ္ကပ္ပစၥည္းေတြ တစ္စစီျဖစ္သြားတာက ပိုၿပီးေၾကကြဲဖို႔ ေကာင္းပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ မိတ္ကပ္ပစၥည္းေတြ က်ိဳးပဲ့သြားတယ္ဆိုရင္ အသစ္ဝယ္စရာမလိုဘဲ ဘယ္လိုျပန္ေကာင္းေအာင္ လုပ္မလဲ ဆိုတာကို ေဖာ္ျပေပးသြားပါမယ္။

မိတ္ကပ္ျပန္သိမ္းနည္း

Method (1)

- ပန္းကန္လုံး

- စကၠဴ

- ေရ

- ဇြန္း

- မိတ္ကပ္မႈန္႔

- ဘူးခြံ

ပန္းကန္ျပားထဲကို မိတ္ကပ္မႈန္ေလးေတြကို ထည့္ၿပီးေတာ့ ဇြန္းေလးနဲ႔ျဖည္းျဖည္းခ်င္း ေမႊေပးပါ။ ပန္းကန္ထဲကို ေရႏွစ္စက္ေလာက္ထည့္ၿပီး ေသခ်ာေမႊေပးပါ။ ၿပီးရင္ဘူးခြံထဲထည့္ၿပီးေတာ့ စကၠဴနဲ႔အုပ္ နည္းနည္းခါလိုက္ပါ။ ဒါမွမ်က္ႏွာျပင္ေတြ ညီညာသြားမွာပါ။ ေျခာက္ေသြ႕သြားရင္ေတာ့ ရပါၿပီ။

Method (2)

- အရက္ပ်ံ

- ဇြန္း

- ဘူးခြံ

- ပလတ္စတစ္စ

- မိတ္ကပ္မႈန္႔

အရင္ဆုံး ဘူးခြံထဲကို မိတ္ကပ္မႈန္႔ေတြထည့္ပါ။ ၿပီးရင္ ဇြန္းေလးနဲ႔ လိုက္ညႇိေပးပါ။ အရက္ကို ၂ စက္ေလာက္ ထည့္ၿပီးေတာ့ ပလတ္စတစ္နဲ႔အုပ္ ေသခ်ာေလး လက္ေခ်ာင္းေလးေတြနဲ႔ ဖိႏွိပ္ၿပီးနယ္ေပးပါ။ ၿပီးရင္ေတာ့ ေလသလပ္ခံထားလိုက္ပါ။

ႏႈတ္ခမ္းနီဆက္နည္း

Method (1)

- မီးျခစ္တစ္လုံး

- ေရခဲေသတၱာ

ပထမဆုံး က်ိဳးသြားခဲ့တဲ့ ႏႈတ္ခမ္းနီအပိုင္းနားေလးကို အပူေပးပါ။ အရမ္းမကပ္ပါေစနဲ႔။ ၂ လက္မေလာက္ကေန အပူေပးရင္ အသင့္ေတာ္ဆုံးပါပဲ။ ၿပီးရင္ က်ိဳးသြားတဲ့အပိုင္းေတြနားကို အရင္ဆက္လိုက္ပါ။ ၁ မိနစ္ေလာက္ ေစာင့္ၿပီးရင္ေတာ့ ေရခဲေသတၱာထဲ ၂ နာရီေလာက္ ထည့္ထားလိုက္ပါ။

Method (2)

- မီးျခစ္တစ္လုံး

- ခြက္အေသးတစ္ခြက္

- ဘူးခြံတစ္ခု

ခြက္ထဲကို ႏႈတ္ခမ္းနီေတြထည့္လိုက္ပါ။ ေအာက္ကေန မီးျခစ္နဲ႔ ေျဖးေျဖးခ်င္းအပူေပးပါ။ အရည္ေပ်ာ္သြားၿပီဆိုရင္ ဘူးခြံထဲကို ျဖည္းျဖည္းခ်င္းေလာင္းထည့္လိုက္ပါ။

Eyeliner ေျခာက္ေနရင္

- သြားၾကားထိုးတံ

- မ်က္စဥ္းေဆး

- မ်က္ခုံးေမႊးဆြဲတံ

- Microwave

အရင္ဆုံး သင့္ရဲ႕ Eyeliner ဘူးထဲကို သြားၾကားထိုးတံေလးနဲ႔ အေပါက္ေလးျဖစ္ေအာင္ အရင္လုပ္လိုက္ပါ။ အေပါက္ေလးျဖစ္သြားရင္ မ်က္စဥ္းေဆးေလးနည္းနည္းထည့္လိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ခုံးေမႊးဆြဲတံေလးနဲ႔ ေမႊလိုက္ပါ။ Microwave ထဲ ၁၅ မိနစ္ေလာက္ထားၿပီးရင္ေတာ့ ေျပာင္းလဲသြားတာကို ေတြ႕ရပါလိမ့္မယ္။

Mascara ေျခာက္ေနရင္

- ေရေႏြးပူပူတစ္ခြက္

သင့္ရဲ႕mascara ေျခာက္ေနရင္ေတာ့ ေရေႏြးပူပူထဲမွာ ၁၅ မိနစ္ေလာက္ စိမ္ထားလိုက္ပါ။ ခဏၾကာရင္ေတာ့ ျပန္သုံးလို႔ရပါၿပီ။

Zombie (Lovemedia)

Source - 5mincrafts