မွန်ဂိုလီးယားလူမျိူး၊ Rentsenkhorloo Bud (Renny) ဆိုတဲ့ကောင်မလေးဟာ အခုအချိန်မှာ လူတိုင်းရဲ့ အာရုံစိုက်တာကို ခံနေရပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာ အရပ်၆' ၉" ရှိပြီးတော့ ခြေထောက်တွေကတော့ လက်မ ၅၀ ကျော်ထိ ရှိနေလို့ပါ။ အဲ့အချက်တွေဟာ Renny အတွက် ဂုဏ်ယူစရာဖြစ်ပြီးတော့ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိူးသမီးတွေထဲမှာ ပါဝင်နေပါတယ်။ သူမဘဝမှာအကြီးမားဆုံး စိန်ခေါ်မှုကတော့ သူမရဲ့ခြေထောက်တွေ ရှည်ထွက်လာခြင်းပါပဲ။
သူမရဲ့ဘဝမှာ အကောင်းမွန်ဆုံးအရာကတော့ အရပ်ရှည်တာပဲလို့ Renny ကိုယ်တိုင် ပြောဆိုခဲ့ပါတယ်။ ယခုအချိန်မှာ Renny ဟာ အသက် ၂၉ နှစ်ရှိပြီးတော့ ခြေထောက်တွေဟာ ၅၃ လက်မ (၁၃၄.၅ cm) ဖြစ်ပါတယ်။
Renny အတွက် ခက်ခဲတာကတော့ စကတ်တွေ၊ ဘောင်းဘီတွေဝယ်ရတာပါပဲလို့ ပြောပါတယ်။ Renny ဟာ လက်ရှိအမေရိကန်၊ ချီကာဂိုမှာ နေထိုင်နေတဲ့ မွန်ဂိုလီးယားသူလေးဖြစ်ပါတယ်။ Renny ဟာ ငယ်စဉ်ကတည်းကနေ သူ့ခြေထောက်တွေ ရှည်ထွက်လာတာကို သတိထားမိတယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတော့ မနှစ်သက်ပေမယ့် အခုအချိန်မှာတော့ ယုံကြည်မှုတွေ ရှိလာတယ်လို့ ပြောပါတယ်။
သူမဟာ အရပ်ရှည်နေပေမယ့်လည်း ဒေါက်ဖိနပ်စီးရတာကို ကြိုက်ပါတယ်။ Renny ရဲ့ ဆောင်ပုဒ်ကတော့ ထင်ရှားပေါ်လွင်အောင် မွေးဖွားလာခဲ့ပြီ။ ဘာလို့မလိုက်ဖက်အောင် နေမှာလဲလို့ ဖြစ်ပါတယ်။
Renny အရပ်ရှည်ရတဲ့ အကြောင်းရင်းကတော့ မျိုးရိုးလိုက်တာပါ။ သူမရဲ့အဖေကတော့ ၆' ၁၀" လက်မရှိပြီးတော့ သူ့အမေက ၆' ၁" လက်မရှိပါတယ်။ သူမကတော့ ဒီလို အရပ်ရှည်တာဟာ အားသာချက်တွေ၊ အားနည်းချက်တွေဖြစ်စေတယ်လို့ ဆိုပါတယ်။ ဥပမာ စျေးဝယ်ထွက်ရင် တံခါးပေါက်တွေကို မကြာခဏ တိုက်လေ့ရှိတာကတော့ အားနည်းချက်ဖြစ်ပြီးတော့ အားသာချက်ကတော့ စင်ပေါ်ကပစ္စည်းတွေကို အလွယ်တကူယူ နိုင်တာပါပဲတဲ့။
ယနေ့အချိန်မှာတော့ ရုရှားနိင်ငံသူ Ekaterina Lisina က ကမ္ဘာ့အရပ်အရှည်ဆုံး ခြေထောက်ကို ပိုင်ဆိုင်ထားပြီးတော့ Guinness World Record ကို ရရှိထားသူဖြစ်ပါတယ်။ သူမနဲ့ Renny တို့ရဲ့ ခြေထောက်တွေက (၅၂" နဲ့ ၅၃" ) နီးပါးရှိပါတယ်။ Renny ကတော့ ဂင်းနစ်စံချိန်ကို မလျှောက်ထားသေးပါဘူး။
လက်ရှိ Renny ရဲ့ Instagram မှာ Follower 15.1k ရှိပြီးတော့ တစ်နေ့တစ်ခြား ပိုပိုပြီး များလာပါတယ်။
Zombie (Lovemedia)
For Zawgyi
ကမ္ဘာပေါ်မှာ ဒုတိယအရပ်အရှည်ဆုံးဖြစ်တဲ့ မွန်ဂိုလီးယားသူလေး
Zombie (Lovemedia)