တချို့ရောဂါလက္ခဏာတွေက ခြေထောက်မှာ ပြတတ်ကြပါတယ်။ ဥပမာ ဆီးချိုရောဂါက သွေးလည်ပတ်မှုကို နှေးသွားစေပြီး သွေးကြောလေးတွေကို ပြဿနာဖြစ်စေပါတယ်။ ခြေထောက်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကိုယ်တွင်းအင်္ဂါတွေထဲမှာ ပြဿနာရှိနေနိုင်ပါတယ်။
၁။ ခြေထောက်အောက်ပိုင်းရောင်ခြင်း
![]() |
© shutterstock.com |
အချိန်ကြာကြာ မတ်တပ်ရပ်ရတဲ့အခါမှာ ခြေထောက် ရောင်လာတတ်ပါတယ်။ ဒါပေမယ့် ခြေထောက် အောက်ပိုင်းရောင်ခြင်းကလည်း တခြားလက္ခဏာတွေရဲ့ လက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။ အကြောင်းအရင်းတွေကတော့
(1) နှလုံးရောဂါအများစုက ခြေထောက်အောက်ပိုင်းမှာ အရည်တွေ စုလာတတ်ပါတယ်။
(2) သွေးကြောထဲမှာ ပြဿနာရှိတဲ့အခါ သွေးတွေ ကောင်းကောင်း မစီးဆင်းနိုင်တော့ဘဲ ခြေထောက်က ရောင်လာတတ်ပါတယ်။
(3) ခန္ဓါကိုယ်ထဲက ပြန်ရည်ဆစ်တွေနဲ့ သွေးကြောတွေက ခန္ဓါကိုယ်တစ်ခုလုံးကို အရည်တွေ ပို့ဆောင်ပေးပါတယ်။ ပြန်ရည်ကြောစနစ်မှာ ပိတ်ဆို့နေတဲ့အခါ ခြေထောက်နဲ့ လက်မောင်းတွေက ရောင်လာပါတယ်။
(4) အသည်းက သွေးပရိုတိန်းတွေကို လုံလောက်အောင် မပြုလုပ်နိုင်တော့တဲ့အခါ ခြေထောက်ရောင်လာပါတယ်။
၂။ ခြေထောက်အရေပြားတွင် အပြာရောင် သို့မဟုတ် ခရမ်းရောင် ထင်လာခြင်း
![]() |
© shutterstock.com |
အလွန်အေးတဲ့အခါမှာ အသားအရေက ပြာသွားတတ်ပါတယ်။ နွေးသွားတဲ့အခါမှာတော့ အသားအရေက မပြာတော့ပါဘူး။ သွေးကြောတွေပိတ်နေတဲ့အခါမှာ ခြေချောင်းတွေ ပြာလာတတ်ပါတယ်။
၃။ လက်ချောင်းနဲ့ခြေချောင်းတွေမှာ အနာများ ဖြစ်လာခြင်း
![]() |
© shutterstock.com |
လက်ချောင်းနဲ့ခြေချောင်းတွေမှာ အနာတွေ ဖြစ်လာပြီဆိုရင် မပေါ့ဆသင့်ပါဘူး။ ဘက်တီးရီးယားတွေကြောင့် အနာတွေ ဖြစ်လာပါတယ်။ ပဋိဇီဝဆေးတွေသုံးရင် ပျောက်ကင်းနိုင်ပါတယ်။
၄။ ခြေထောက်တွင် အမည်းစက်များ ပေါ်ပေါက်လာခြင်း
![]() |
© shutterstock.com |
ခြေထောက်မှာ မထင်မှတ်ဘဲ အမည်းစက်တွေ ပေါ်လာရခြင်းရဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အကြောင်းအရင်းတွေကတော့
- အသည်းရောဂါ
- ကိုယ်ခံအားနည်းခြင်း
- သွေးကြောရောင်ခြင်း
- သွေးခြေခြင်း စတဲ့ အကြောင်းတွေကြောင့် ခြေထောက်မှာ အမည်းစက်တွေ ပေါ်လာပါတယ်။
၅။ ခြေထောက်မှာ အနီစက်များ ပေါ်လာခြင်း
![]() |
© shutterstock.com |
ခြေထောက်မှာ တစ်ခါတရံ အနီရောင်၊ အနက်ရောင်၊ ခရမ်းရောင်အစက်အပြောက်တွေ ပေါ်လာတတ်ပါတယ်။ ယားနာခြင်း၊ ဓါတ်မတည့်ခြင်းတွေကြောင့် အနီစက်တွေ ပေါ်လာပါတယ်။ ဒါပေမယ့် ခြေထောက်မှာ အနီစက်တွေ ပေါ်လာရခြင်းက ပြင်းထန်တဲ့ ရောဂါတစ်ခုရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
- သွေးကြောရောင်ရမ်းခြင်း
- အရေပြားလေးဘက်နာ သို့မဟုတ် သွေးလေးဖက်နာရောဂါတို့ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
၆။ ခြေထောက်မှာ ပင့်ကူသွေးပြန်ကြောများ ပေါ်လာခြင်း
![]() |
© shutterstock.com |
ကိုယ်ဝန်ရှိတဲ့အချိန်မှာ ဝလာခြင်းနဲ့ လေ့ကျင့်ခန်း မလုပ်ရခြင်းတို့ကြောင့် ပင့်ကူသွေးပြန်ကြောတွေ ပေါ်လာတတ်ပါတယ်။ သွေးကြောထုံးခြင်းရဲ့ လက္ခဏာလည်းဖြစ်ပြီး သွေးကြောထုံးတဲ့ နေရာတစ်ဝိုက်မှာ နာကျင်တတ်ပါတယ်။
Zombie(LoveMedia)
For Zawgyi
သင့်ခြေထောက်က ပြောပြနေတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ကျန်းမာရေး
- အသည်းရောဂါ
- ကိုယ်ခံအားနည်းခြင်း
- သွေးကြောရောင်ခြင်း
Zombie(LoveMedia)
0 Comments