အချက်အလက် ကိန်းဂဏန်းတွေရ အမေရိကန်တစ်နိုင်ငံတည်းမှာပဲ လူပေါင်း ၆၁၀၀၀၀ ကျော်ဟာ နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြပါတယ်။ နေထိုင်မှုပုံစံနဲ့ နှလုံးရောဂါက ဆက်စပ်နေပါတယ်။ သတိထားသင့်တဲ့ နှလုံးရောဂါရဲ့ လက္ခဏာတွေက အများကြီးပြတတ်ပါတယ်။
၁။ လက်မောင်းနာခြင်း
![]() |
© depositphotos |
အမျိုးသားတွေက ဘယ်ဘက်လက်မောင်းနာတတ်ပြီး အမျိုးသမီးတွေက လက်မောင်းနှစ်ဖက်လုံး နာတတ်ပါတယ်။ နှလုံးရောဂါမဖြစ်ခင်မှာ တံတောင်ဆစ်က ကိုက်တတ်တယ်လို့လည်း တချို့အမျိုးသမီးတွေက ပြောပါတယ်။
၂။ ချောင်းဆိုးခြင်း
![]() |
© depositphotos |
ချောင်းဆိုးတာက တခြားအကြောင်းအရင်းတွေ ဖြစ်နိုင်သလို နှလုံးသွေးကြောကျဉ်းရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အဆက်မပြတ် ချောင်းဆိုးတဲ့အခါ သွေးတွေပါလာခြင်းက တွေ့ရများတဲ့ နှလုံးရောဂါရဲ့လက္ခဏာတစ်ခုပါပဲ။ ချောင်းဆိုးခြင်းက dyspnea ရောဂါရဲ့ လက္ခဏာလည်းဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။
၃။ အလွန်အမင်း စိုးရိမ်စိတ်များခြင်း
ဘဝမှာ စိုးရိမ်သောကရောက်စရာများတဲ့ သူတွေက နှလုံးရောဂါပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ စိတ်ဖိစီးမှုများတဲ့နေ့စဉ်ဘဝ သို့မဟုတ် အကြောက်အလန့်ကြီးတာကြောင့် အလွန်အမင်းစိုးရိမ်စိတ်တွေ ဖြစ်ပါတယ်။ စိုးရိမ်စိတ်များတဲ့အခါ သွေးဖိအားတွေ များလာပြီး နှလုံးခုန်နှုန်းတွေ လျော့ကျသွားပါတယ်။
၄။ ခြေထောက်၊ ခြေကျင်းဝတ်ရောင်ခြင်း
နှလုံးက ကောင်းကောင်းမွန်မွန် အလုပ်မလုပ်နိုင်တော့တဲ့အခါ သွေးကြောတွေထဲက အရည်တွေက အနီးအနားက တစ်သျှူးတွေနဲ့ ခြေထောက်တွေကို စိမ့်ဝင်သွားပါတယ်။ အဲဒီအခါ ခြေထောက်ရောင်လာပါတယ်။ ဒီလက္ခဏာက နှလုံးရောဂါရှိသူတွေမှာ တွေ့ရများတဲ့ လက္ခဏာပါပဲ။
၅။ အစားစားချင်စိတ်နည်းပြီး မူးခြင်း
![]() |
© depositphotos |
နှလုံးရောဂါရှိသူတွေက အစားနည်းနည်းပဲ စားရင်တောင် အစားစားချင်စိတ်တွေ မရှိတော့ဘဲ မူးနောက်နောက် ခံစားရတတ်ပါတယ်။ ဒီလက္ခဏာပြပြီးရင် ဆက်လက်ပြီးတော့ ဗိုက်အောင့်သလို ခံစားရပါတယ်။ အဲဒီအခါ ဆရာဝန်ဆီ မြန်မြန်သွားပြသင့်ပါတယ်။
၆။ အရေပြားယားခြင်း၊ အစက်အပြောက်များ ထွက်လာခြင်း
![]() |
© depositphotos, © Clker-Free-Vector-Images/pixabay |
နှင်းခူနာနဲ့ ရေယုန်ဖြစ်လာတာဟာ နှလုံးရောဂါရဲ့ လက္ခဏာတွေပါပဲ။ နှင်းခူနာဖြစ်သူတွေမှာ သွေးတိုးရောဂါဖြစ်ဖို့ ၄၈% ရှိပြီး ရေယုန်ဖြစ်တဲ့သူတွေက နှလုံးရောဂါဖြစ်ဖို့ ၅၉% ရှိပါတယ်။
၇။ သတိလစ်ခြင်း
![]() |
© depositphotos |
သတိလစ်တာကလည်း နှလုံးရောဂါရှိသူတွေမှာ တွေ့ရတဲ့လက္ခဏာ တစ်ခုပါပဲ။ သွေးကြောပိတ်သွားတာ ဒါမှမဟုတ် အဆို့ရှင်ကျဉ်းသွားတဲ့အခါ နှလုံးက သေသေချာချာ အလုပ်မလုပ်နိုင်တော့ပါဘူး။ အသက်ရှူမဝတော့ဘဲ အားနည်းသလို ခံစားလာရရင် ဆရာဝန်ဆီ မြန်မြန်သွားပြသင့်ပါတယ်။
၈။ အသားအရေဖြူဖျော့သွားခြင်း သို့မဟုတ် ပြာသွားခြင်း
![]() |
© depositphotos |
ဒီလက္ခဏာက သိပ်မတွေ့ရပါဘူး။ သွေးစီးဆင်းမှု နည်းသွားတဲ့အခါ အနီရောင်သွေးနီဥဆဲလ်တွေက လျော့သွားပါတယ်။ အဲဒီအခါ တစ်ကိုယ်လုံးက ဖြူဖျော့သွားနိုင်သလို ခြေလက်တွေမှာပဲ ဖြူဖျော့သွားတာလည်း ဖြစ်နိုင်ပါတယ်။
ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်တာကြောင့် နှလုံးကျန်းမာရေးအတွက် ဆေးလိပ်နဲ့ အရက်ကိုရှောင်ပြီး လှုပ်လှုပ်ရှားရှား နေပေးသင့်ပါတယ်။
Zombie (LoveMedia)
For Zawgyi
ႏွလုံးက အေျခအေနမေကာင္းေတာ့တဲ့ လကၡဏာ (၈) ခ်က္
အခ်က္အလက္ ကိန္းဂဏန္းေတြရ အေမရိကန္တစ္ႏိုင္ငံတည္းမွာပဲ လူေပါင္း ၆၁၀၀၀၀ ေက်ာ္ဟာ ႏွလုံးေရာဂါေၾကာင့္ ႏွစ္စဥ္ေသဆုံးေနၾကပါတယ္။ ေနထိုင္မႈပုံစံနဲ႔ ႏွလုံးေရာဂါက ဆက္စပ္ေနပါတယ္။ သတိထားသင့္တဲ့ ႏွလုံးေရာဂါရဲ႕ လကၡဏာေတြက အမ်ားႀကီးျပတတ္ပါတယ္။
၁။ လက္ေမာင္းနာျခင္း
အမ်ိဳးသားေတြက ဘယ္ဘက္လက္ေမာင္းနာတတ္ၿပီး အမ်ိဳးသမီးေတြက လက္ေမာင္းႏွစ္ဖက္လုံး နာတတ္ပါတယ္။ ႏွလုံးေရာဂါမျဖစ္ခင္မွာ တံေတာင္ဆစ္က ကိုက္တတ္တယ္လို႔လည္း တခ်ိဳ႕အမ်ိဳးသမီးေတြက ေျပာပါတယ္။
၂။ ေခ်ာင္းဆိုးျခင္း
ေခ်ာင္းဆိုးတာက တျခားအေၾကာင္းအရင္းေတြ ျဖစ္ႏိုင္သလို ႏွလုံးေသြးေၾကာက်ဥ္းေရာဂါရဲ႕ လကၡဏာတစ္ခုလည္း ျဖစ္ႏိုင္ပါတယ္။ အဆက္မျပတ္ ေခ်ာင္းဆိုးတဲ့အခါ ေသြးေတြပါလာျခင္းက ေတြ႕ရမ်ားတဲ့ ႏွလုံးေရာဂါရဲ႕လကၡဏာတစ္ခုပါပဲ။ ေခ်ာင္းဆိုးျခင္းက dyspnea ေရာဂါရဲ႕ လကၡဏာလည္းျဖစ္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။
၃။ အလြန္အမင္း စိုးရိမ္စိတ္မ်ားျခင္း
ဘဝမွာ စိုးရိမ္ေသာကေရာက္စရာမ်ားတဲ့ သူေတြက ႏွလုံးေရာဂါပိုျဖစ္ႏိုင္တယ္လို႔ ေလ့လာမႈေတြမွာ ေဖာ္ျပထားပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့ေန႔စဥ္ဘဝ သို႔မဟုတ္ အေၾကာက္အလန႔္ႀကီးတာေၾကာင့္ အလြန္အမင္းစိုးရိမ္စိတ္ေတြ ျဖစ္ပါတယ္။ စိုးရိမ္စိတ္မ်ားတဲ့အခါ ေသြးဖိအားေတြ မ်ားလာၿပီး ႏွလုံးခုန္ႏႈန္းေတြ ေလ်ာ့က်သြားပါတယ္။
၄။ ေျခေထာက္၊ ေျခက်င္းဝတ္ေရာင္ျခင္း
ႏွလုံးက ေကာင္းေကာင္းမြန္မြန္ အလုပ္မလုပ္ႏိုင္ေတာ့တဲ့အခါ ေသြးေၾကာေတြထဲက အရည္ေတြက အနီးအနားက တစ္သွ်ဴးေတြနဲ႔ ေျခေထာက္ေတြကို စိမ့္ဝင္သြားပါတယ္။ အဲဒီအခါ ေျခေထာက္ေရာင္လာပါတယ္။ ဒီလကၡဏာက ႏွလုံးေရာဂါရွိသူေတြမွာ ေတြ႕ရမ်ားတဲ့ လကၡဏာပါပဲ။
၅။ အစားစားခ်င္စိတ္နည္းၿပီး မူးျခင္း
ႏွလုံးေရာဂါရွိသူေတြက အစားနည္းနည္းပဲ စားရင္ေတာင္ အစားစားခ်င္စိတ္ေတြ မရွိေတာ့ဘဲ မူးေနာက္ေနာက္ ခံစားရတတ္ပါတယ္။ ဒီလကၡဏာျပၿပီးရင္ ဆက္လက္ၿပီးေတာ့ ဗိုက္ေအာင့္သလို ခံစားရပါတယ္။ အဲဒီအခါ ဆရာဝန္ဆီ ျမန္ျမန္သြားျပသင့္ပါတယ္။
၆။ အေရျပားယားျခင္း၊ အစက္အေျပာက္မ်ား ထြက္လာျခင္း
ႏွင္းခူနာနဲ႔ ေရယုန္ျဖစ္လာတာဟာ ႏွလုံးေရာဂါရဲ႕ လကၡဏာေတြပါပဲ။ ႏွင္းခူနာျဖစ္သူေတြမွာ ေသြးတိုးေရာဂါျဖစ္ဖို႔ ၄၈% ရွိၿပီး ေရယုန္ျဖစ္တဲ့သူေတြက ႏွလုံးေရာဂါျဖစ္ဖို႔ ၅၉% ရွိပါတယ္။
၇။ သတိလစ္ျခင္း
သတိလစ္တာကလည္း ႏွလုံးေရာဂါရွိသူေတြမွာ ေတြ႕ရတဲ့လကၡဏာ တစ္ခုပါပဲ။ ေသြးေၾကာပိတ္သြားတာ ဒါမွမဟုတ္ အဆို႔ရွင္က်ဥ္းသြားတဲ့အခါ ႏွလုံးက ေသေသခ်ာခ်ာ အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။ အသက္ရႉမဝေတာ့ဘဲ အားနည္းသလို ခံစားလာရရင္ ဆရာဝန္ဆီ ျမန္ျမန္သြားျပသင့္ပါတယ္။
၈။ အသားအေရျဖဴေဖ်ာ့သြားျခင္း သို႔မဟုတ္ ျပာသြားျခင္း
ဒီလကၡဏာက သိပ္မေတြ႕ရပါဘူး။ ေသြးစီးဆင္းမႈ နည္းသြားတဲ့အခါ အနီေရာင္ေသြးနီဥဆဲလ္ေတြက ေလ်ာ့သြားပါတယ္။ အဲဒီအခါ တစ္ကိုယ္လုံးက ျဖဴေဖ်ာ့သြားႏိုင္သလို ေျခလက္ေတြမွာပဲ ျဖဴေဖ်ာ့သြားတာလည္း ျဖစ္ႏိုင္ပါတယ္။
ေရာဂါမျဖစ္ခင္ ႀကိဳတင္ကာကြယ္တာက အေကာင္းဆုံးျဖစ္တာေၾကာင့္ ႏွလုံးက်န္းမာေရးအတြက္ ေဆးလိပ္နဲ႔ အရက္ကိုေရွာင္ၿပီး လႈပ္လႈပ္ရွားရွား ေနေပးသင့္ပါတယ္။
Zombie (LoveMedia)
0 Comments