သင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ဆံပင်ဖြူနေရတာလဲ ဆိုပြီး တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဆံပင်အရောင် ပြောင်းလဲလာခြင်းက နှစ်သက်ဖို့ကောင်းတဲ့အရာ မဟုတ်ပေမယ့်လည်း ဒါဟာနောက်ထပ် အခြေအနေအတွက် လက္ခဏာတစ်ခုလည်း ဖြစ်နေပါသေးတယ်။ ဒါဆိုရင် လူငယ်တွေ ဘာလို့ ဆံပင်တွေ လွယ်လွယ်ဖြူရတာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

၁။ Vitamin B12 ချို့တဲ့ခြင်း

© depositphotos.com

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Vitamin B12 ချို့တဲ့တာဟာ ဆံပင်အရောင် ပြောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင်တော့ Vitamin B12 မချို့တဲ့အောင် ဥ၊ အမဲသား၊ တူနာငါး စတာတွေကို စားသင့်ပါတယ်။

၂။ Thyroid မကောင်းခြင်း

© depositphotos.com

သုတေသနပြုချက်တွေအရ Thyroid မကောင်းတာဟာ သင့်ဆံပင်အပေါ်တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။ သင်ဟာ ဆံပင်အရောင်တွေပြောင်းတာ၊ ကြွပ်ဆတ်ဆတ်ဖြစ်တာ ဒါမှမဟုတ် ချောကျိကျိတွေ ဖြစ်နေတယ်ဆိုရင် ဒါဟာ Thyroid မှာ ပြဿနာရှိနေလို့ပါပဲ။

၃။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရ မရရှိခြင်း

© depositphotos.com, © shutterstock.com

ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို မစားသောက်ခြင်းကလည်း သင့်ကို ဆံပင်ဖြူစေနိုင်ပါတယ်။ Ferritin, Calcium, Vitamin D-3, Copper, Zinc နဲ့ သံဓာတ်တို့ပါဝင်တဲ့ အစားအစာတွေက သင့်ကို ဆံပင်ဖြူခြင်းကနေ ကာကွယ်ပေးမှာပါ။

၄။ အမြဲစိုးရိမ်ပူပန်တတ်သူဖြစ်ခြင်း

© shutterstock.com

စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေက သင့်ကို ဆံပင်ဖြူစေပါတယ်။ စိတ်ဖိစီးတာဟာ သင့်ရဲ့ ဆံပင်ဆဲလ်တွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အချိန်မတိုင်ခင် ဆံပင်မဖြူချင်ရင် စိတ်ဖိစီးမှု မခံပါနဲ့။

၅။ မျိုးရိုးလိုက်လို့လဲ ဖြူနိင်ပါတယ်။

© depositphotos.com, © shutterstock.com

သင့်ရဲ့မိဘဘိုးဘွားတွေက ဆံပင်ဖြူရင် သင့်မှာလဲ ဆံပင်လိုက်ဖြူနိူင်ပါတယ်။ အရေပြားအထူးကု ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဆံပင်ဖြူပေါက်တဲ့အချိန်ဟာ မျိုးရိုးပေါ်မူတည်ပြီး ပေါက်နိုင်တယ်လို့ ဆိုပါတယ်။ မိသားစုဝင် တစ်ယောက်ယောက်က စောစောပေါက်ရင် သင်လဲ စောစောဖြူမှာပါ။

၆။ ဆိုးဆေးများနဲ့ ခေါင်းလျှော်ရည်များ သုံးခြင်း

© Gilbert Flores/Broadimage/EAST NEWS

ဆိုးဆေးနဲ့ ခေါင်းလျှော်ရည်တွေဟာ ဆံပင်ဖြူစေပါတယ်။ ဘာလို့လဲဆိုတော့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက Melanin ပမာဏကို လျော့စေပြီး သင့်ရဲ့သဘာဝဆံပင် အမဲရောင်ကို ဆုံးရှုံးစေပါတယ်။

© marinadiamandis / Instagram

ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုကတော့ သင်သာ ဆံပင်ဖြူသွားရင် သဘာဝအတိုင်း မူလဆံပင်ကို ပြန်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် မပျက်စီးအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။ ဆံပင်ကိုနေရောင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ဆံပင်ကို Hair Dryer နဲ့ မှုတ်ခြင်းမှရှောင်ပါ။ ခေါင်းဖြီးကို အစိတ်ကြီးတာ သုံးပါ။ ဆံပင်ကိုလည်း ဆီပုံမှန်လိမ်းပေးပါ။ ဂေါ်ဖီထုပ်၊ ကိုက်လန် စတာတွေကို စားသုံးပေးပါ။ ဒါဟာ သင့်ဆံပင်ကို ကာကွယ်ပေးပါတယ်။

Zombie (Lovemedia)

For Zawgyi

အသက္ငယ္ငယ္နဲ႔ ဆံပင္ျဖဴေနရတဲ့အေၾကာင္းအရင္း (၆) ခ်က္

သင္ဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဘာလို႔ဆံပင္ျဖဴေနရတာလဲ ဆိုၿပီး ေတြးမိေကာင္း ေတြးမိပါလိမ့္မယ္။ ဆံပင္အေရာင္ ေျပာင္းလဲလာျခင္းက ႏွစ္သက္ဖို႔ေကာင္းတဲ့အရာ မဟုတ္ေပမယ့္လည္း ဒါဟာေနာက္ထပ္ အေျခအေနအတြက္ လကၡဏာတစ္ခုလည္း ျဖစ္ေနပါေသးတယ္။ ဒါဆိုရင္ လူငယ္ေတြ ဘာလို႔ ဆံပင္ေတြ လြယ္လြယ္ျဖဴရတာလဲဆိုတာ ေလ့လာၾကည့္လိုက္ရေအာင္။

၁။ Vitamin B12 ခ်ိဳ႕တဲ့ျခင္း

ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ Vitamin B12 ခ်ိဳ႕တဲ့တာဟာ ဆံပင္အေရာင္ ေျပာင္းေစတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဆံပင္ပါးျခင္း၊ ကြၽတ္ျခင္းကိုလည္း ျဖစ္ေပၚေစပါတယ္။ ဒါဆိုရင္ေတာ့ Vitamin B12 မခ်ိဳ႕တဲ့ေအာင္ ဥ၊ အမဲသား၊ တူနာငါး စတာေတြကို စားသင့္ပါတယ္။

၂။ Thyroid မေကာင္းျခင္း

သုေတသနျပဳခ်က္ေတြအရ Thyroid မေကာင္းတာဟာ သင့္ဆံပင္အေပၚတိုက္႐ိုက္သက္ေရာက္မႈေတြ ရွိေနပါတယ္။ သင္ဟာ ဆံပင္အေရာင္ေတြေျပာင္းတာ၊ ႂကြပ္ဆတ္ဆတ္ျဖစ္တာ ဒါမွမဟုတ္ ေခ်ာက်ိက်ိေတြ ျဖစ္ေနတယ္ဆိုရင္ ဒါဟာ Thyroid မွာ ျပႆနာရွိေနလို႔ပါပဲ။

၃။ က်န္းမာေရးအတြက္ လိုအပ္တဲ့ အာဟာရ မရရွိျခင္း

က်န္းမာေရးအတြက္ လိုအပ္တဲ့ အာဟာရေတြကို မစားေသာက္ျခင္းကလည္း သင့္ကို ဆံပင္ျဖဴေစႏိုင္ပါတယ္။ Ferritin, Calcium, Vitamin D-3, Copper, Zinc နဲ႔ သံဓာတ္တို႔ပါဝင္တဲ့ အစားအစာေတြက သင့္ကို ဆံပင္ျဖဴျခင္းကေန ကာကြယ္ေပးမွာပါ။

၄။ အၿမဲစိုးရိမ္ပူပန္တတ္သူျဖစ္ျခင္း

စိုးရိမ္ပူပန္ျခင္းနဲ႔ စိတ္ဖိစီးမႈေတြက သင့္ကို ဆံပင္ျဖဴေစပါတယ္။ စိတ္ဖိစီးတာဟာ သင့္ရဲ႕ ဆံပင္ဆဲလ္ေတြ အေပၚမွာ သက္ေရာက္မႈ ရွိပါတယ္။ ဒါေၾကာင့္ အခ်ိန္မတိုင္ခင္ ဆံပင္မျဖဴခ်င္ရင္ စိတ္ဖိစီးမႈ မခံပါနဲ႔။

၅။ မ်ိဳး႐ိုးလိုက္လို႔လဲ ျဖဴနိင္ပါတယ္။

သင့္ရဲ႕မိဘဘိုးဘြားေတြက ဆံပင္ျဖဴရင္ သင့္မွာလဲ ဆံပင္လိုက္ျဖဴႏိူင္ပါတယ္။ အေရျပားအထူးကု ဆရာဝန္ေတြရဲ႕ ေျပာၾကားခ်က္အရ ဆံပင္ျဖဴေပါက္တဲ့အခ်ိန္ဟာ မ်ိဳး႐ိုးေပၚမူတည္ၿပီး ေပါက္ႏိုင္တယ္လို႔ ဆိုပါတယ္။ မိသားစုဝင္ တစ္ေယာက္ေယာက္က ေစာေစာေပါက္ရင္ သင္လဲ ေစာေစာျဖဴမွာပါ။

၆။ ဆိုးေဆးမ်ားနဲ႔ ေခါင္းေလွ်ာ္ရည္မ်ား သုံးျခင္း

ဆိုးေဆးနဲ႔ ေခါင္းေလွ်ာ္ရည္ေတြဟာ ဆံပင္ျဖဴေစပါတယ္။ ဘာလို႔လဲဆိုေတာ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတုပစၥည္းေတြက Melanin ပမာဏကို ေလ်ာ့ေစၿပီး သင့္ရဲ႕သဘာဝဆံပင္ အမဲေရာင္ကို ဆုံးရႈံးေစပါတယ္။

ဝမ္းနည္းစရာေကာင္းတဲ့ အမွန္တရားတစ္ခုကေတာ့ သင္သာ ဆံပင္ျဖဴသြားရင္ သဘာဝအတိုင္း မူလဆံပင္ကို ျပန္ရဖို႔ မလြယ္ကူပါဘူး။ ဒါေပမယ့္ မပ်က္စီးေအာင္ ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။ အျပင္ထြက္ရင္ဦးထုပ္ေဆာင္းပါ။ ဆံပင္ကိုေနေရာင္နဲ႔ တိုက္႐ိုက္မထိေတြ႕ပါေစနဲ႔။ ဆံပင္ကို Hair Dryer နဲ႔ မႈတ္ျခင္းမွေရွာင္ပါ။ ေခါင္းၿဖီးကို အစိတ္ႀကီးတာ သုံးပါ။ ဆံပင္ကိုလည္း ဆီပုံမွန္လိမ္းေပးပါ။ ေဂၚဖီထုပ္၊ ကိုက္လန္ စတာေတြကို စားသုံးေပးပါ။ ဒါဟာ သင့္ဆံပင္ကို ကာကြယ္ေပးပါတယ္။

Zombie (Lovemedia)