သက်လတ်ပိုင်းကို ရောက်တဲ့အခါမှာ ခန္ဓါကိုယ်ဟာ များစွာပြောင်းလဲသွားပါတယ်။ ဇီဝဖြစ်ပျက်မှုဟာ နှေးကွေးလာပြီးတော့ ဟော်မုန်းများဟာလည်းပြောင်းလဲသွားပါတယ်။ ကြွက်သားတွေကလည်း အရင်ကလို မသန်မာတော့ပါဘူး။ ပေါ့ပေါ့ဆဆနေရင် ပိုဆိုးလာနိုင်ပါတယ် ။ တကယ်လို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် သင့်အတွက် အကျိုးအများကြီး ရှိစေမှာပါ။ ဒါဆိုရင် တူတူလေ့လာကြည့်လိုက်ရအောင်။
၁။ အပြင်တွင် ညစာထွက်စားခြင်း
© Depositphotos.com
ထမင်းတူတူထွက်စားတာဟာ တကယ်ပျော်စရာ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်း ထွက်စားနေမယ်ဆိုရင်တော့ သင့်အတွက် ရှေရှည်အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် သင်ဟာ လူလတ်တန်းစားဆိုရင် အပြင်ထွက်စားတာထက် မိသားစုနဲ့တူတူ မုန့်လုပ်စားပါ။ အဲ့လိုစားခြင်းက ချွေတာရာရောက်စေတဲ့အပြင် မိသားစုနဲ့လဲ အရင်ကထက် ပိုပျော်ရွှင်ဖို့ ကောင်းလာတာကို တွေ့ရပါလိမ့်မယ်။
၂။ ရေများများမသောက်ခြင်း
© Depositphotos.com
ကျန်းမာစေဖို့အတွက် ရေဟာမရှိမဖြစ် လိုအပ်ပါတယ်။ ရေကို အစာမစားခင် ဒါမှမဟုတ် စားပြီးတဲ့အခါမှာ သောက်ပါ။ ရေအစား ဆိုဒါတွေလည်း မသောက်သင့်ပါဘူး။
၃။ ဝိုင်များများသောက်ခြင်း
© Depositphotos.com
ညစာစားချိန်မှာ ဝိုင်သောက်ရတာ တကယ့်ကိုလိုက်ဖက်ပါတယ်။ ဝိုင်မှာကယ်လိုရီတွေပါတဲ့အပြင် သကြားဓာတ်လဲများစွာ ပါဝင်ပါတယ်။ သင်ဟာ စပျစ်ဝိုင်ကို သောက်သုံးရင်တော့ အစားအစာကို များစွာစားမိသွားမှာပါ။
၄။ သရေစာများစားခြင်း
© Depositphotos.com
လူအများစုဟာ ထမင်းစားပြီးတဲ့အခါမှာ သရေစာတွေ စားတတ်ကြပါတယ်။ ဒါပေမယ့် သင်စားတဲ့အရာကို အထူးဂရုစိုက်သင့်ပါတယ်။ သရေစာတွေဟာ သကြားဓာတ် အလွန်ပါဝင်ပြီး ကယ်လိုရီ အလွန်များပြားပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေဟာ သကြားဓာတ်၊ Fiber ဓာတ် နည်းပါးတာတွေ ဖြစ်ပါတယ်။
၅။ Fiber ဓာတ် အလုံအလောက်မစားခြင်း
© Shutterstock.com, © Depositphotos.com
Fiber ဓာတ်ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ carbs၊ အဆီ၊ ပရိုတိန်းတွေထက် သာတာကတော့ အမျှင်ဓါတ်က အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်များများပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အစေ့များကို များများစားသင့်ပါတယ်နော်။
၆ ။ အားကစားမလုပ်ခြင်း
© Depositphotos.com
သင်ဟာ အမြဲတမ်းတက်ကြွတဲ့ လူတစ်ယောက်ဖြစ်ဖြစ်၊ fitness ဟာ သင်အကြိုက်ဆုံးအရာပဲဖြစ်ဖြစ် လူလတ်ပိုင်းအရွယ်မှာ တက်ကြွစွာလုပ်ဆောင်သင့်တာက အားကစားပါ။ ကြွက်သားတွေကို သန်မာစေဖို့အတွက်လည်း အားကစားကို ပြုလုပ်သင့်ပါတယ်။ ဒါဟာသင့်အတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
Bonus
© Depositphotos.com
အသက်အရွယ်ကြီးမြင့်ခြင်းဟာ ဘယ်သူမှ မရှောင်ရှားနိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့်လုပ်နိုင်သမျှ ငယ်ရွယ်စဉ်အချိန်မှာ ပျော်ရွှင်အောင် ၊ ကျန်းမာအောင်နေရမှာ ဖြစ်ပါတယ်။
Zombie (Lovemedia)
For Zawgyi
လူလတ်ပိုင်းအရွယ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူများ
၎။ သရေစာများစားခြင်း
၆ ။ အားကစားမလုပ်ခြင်း
Bonus
Zombie (Lovemedia)