Video game တွေ ကစားတဲ့အခါ ကိုယ်လက်လှုပ်ရှားဖို့ သိပ်မလိုအပ်ပါဘူး။ လက်ချောင်းလေးတွေ လျင်နေဖို့ပဲ လိုတာပါ။ ဂျပန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ video game တစ်ခုကစားပြီးတဲ့အခါ ချွေးတွေ တကယ်ထွက်လာပြီး ခန္ဓါကိုယ် အချိုးအစားပါ ပြောင်းလဲသွားကြောင်း ဖော်ပြခဲ့ပါတယ်။

© _kz9 / twitter

ဂျပန်နိုင်ငံက kzm ခေါ် Kuzuma လို့ အမည်ရတဲ့ အသက်၂၄ နှစ်အရွယ်အမျိုးသားက @_kz9 ဆိုတဲ့ Twitter acc ကို သုံးပါတယ်။ Kuzuma က ၂၀၁၉ ခုနှစ် နိုဝင်ဘာလကစပြီး The Ring Fit Adventure ဆိုတဲ့ video game တစ်ခုကို စတင်ကစားခဲ့ပါတယ်။ အဲဒီ game မှာ ကစားသူရဲ့ အကြိုက်ကိုလိုက်ပြီး လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။

© _kz9 / twitter

အဲဒီ game ကို ဆော့မယ်ဆိုရင် ခလုပ်တွေပါတဲ့ ကွင်းတစ်ခုနဲ့ ကစားသမားရဲ့လှုပ်ရှားတဲ့ခြေလှမ်းတွေကို မှတ်ပေးတဲ့ ခြေထောက်သိုင်းကြိုးတစ်ခုပါဝင်ပါတယ်။ Kuzuma က အဲဒီ video game ကို တစ်နေ့ကို ၂၅ မိနစ်ကနေ ၃၅ မိနစ်အထိ ကစားပါတယ်။ ၂၀၂၀ ခုနှစ် ဂျူလိုင်လမှာတော့ သူ့ရဲ့ခန္ဓါကိုယ်က သိသိသာသာကို ပြောင်းလဲလာခဲ့ပါတယ်။ ပိုပြီး ကျန်းမာလာပြီး ကိုယ်အလေးချိန်လည်း ကျသွားပါတယ်။

© _kz9 / twitter

ကြွက်သားတွေလည်း တက်လာပါတယ်။ သူ့ရဲ့ခန္ဓါကိုယ်ဟာ gym နေ့စဉ်သွားသူရဲ့ ခန္ဓါကိုယ်လိုမျိုး ကြံ့ခိုင်လာပါတယ်။ ဒီ game ဆော့ပြီး တစ်နှစ်မပြည့်ခင်မှာပဲ သူ့ရဲ့ဘောင်းဘီတွေက ချောင်လာပါတော့တယ်။ ဒီလို ခန္ဓါကိုယ်မျိုးရဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုလည်း ရွေးချယ်စားခဲ့ပါသေးတယ်။ ကျန်းမာတဲ့ ခန္ဓါကိုယ်ရဖို့ ပရိုတိန်းဓါတ် များများပါတာတွေကို စားခဲ့တယ်လို့ ပြောပါတယ်။

© _kz9 / twitter

ဒီလိုကြံ့ခိုင်တဲ့ ခန္ဓါကိုယ်ကို ရပေမယ့် Kuzuma က fitness game ကို ဆက်လက်ကစားနေဆဲပါပဲ။ ဒီ game ကို ဆော့မယ်ဆိုရင် အစပိုင်းမှာတော့ ငွေကုန်ကြေးကျများမှာပါ။ Kuzuma လိုမျိုး game ထဲမှာ စိတ်နှစ်ပြီးကစားရင်တော့ ကျေနပ်ဖွယ်ရလဒ်ကို ရရှိလာမှာပါ။ Fitness game က အိမ်မှာ ကိုယ့်ရဲ့ trainer ပါပဲ။

Zombie (Lovemedia)

For Zawgyi

Video game ကစားၿပီး ေျခာက္လအၾကာမွာ 6 packs ထြက္လာခဲ့တဲ့အမ်ိဳးသား

Video game ေတြ ကစားတဲ့အခါ ကိုယ္လက္လႈပ္ရွားဖို႔ သိပ္မလိုအပ္ပါဘူး။ လက္ေခ်ာင္းေလးေတြ လ်င္ေနဖို႔ပဲ လိုတာပါ။ ဂ်ပန္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ကေတာ့ video game တစ္ခုကစားၿပီးတဲ့အခါ ေခြၽးေတြ တကယ္ထြက္လာၿပီး ခႏၶါကိုယ္ အခ်ိဳးအစားပါ ေျပာင္းလဲသြားေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံက kzm ေခၚ Kuzuma လို႔ အမည္ရတဲ့ အသက္၂၄ ႏွစ္အ႐ြယ္အမ်ိဳးသားက @_kz9 ဆိုတဲ့ Twitter acc ကို သုံးပါတယ္။ Kuzuma က ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလကစၿပီး The Ring Fit Adventure ဆိုတဲ့ video game တစ္ခုကို စတင္ကစားခဲ့ပါတယ္။ အဲဒီ game မွာ ကစားသူရဲ႕ အႀကိဳက္ကိုလိုက္ၿပီး ေလ့က်င့္ခန္းေတြ လုပ္လို႔ရပါတယ္။

အဲဒီ game ကို ေဆာ့မယ္ဆိုရင္ ခလုပ္ေတြပါတဲ့ ကြင္းတစ္ခုနဲ႔ ကစားသမားရဲ႕လႈပ္ရွားတဲ့ေျခလွမ္းေတြကို မွတ္ေပးတဲ့ ေျခေထာက္သိုင္းႀကိဳးတစ္ခုပါဝင္ပါတယ္။ Kuzuma က အဲဒီ video game ကို တစ္ေန႔ကို ၂၅ မိနစ္ကေန ၃၅ မိနစ္အထိ ကစားပါတယ္။ ၂၀၂၀ ခုႏွစ္ ဂ်ဴလိုင္လမွာေတာ့ သူ႔ရဲ႕ခႏၶါကိုယ္က သိသိသာသာကို ေျပာင္းလဲလာခဲ့ပါတယ္။ ပိုၿပီး က်န္းမာလာၿပီး ကိုယ္အေလးခ်ိန္လည္း က်သြားပါတယ္။

ႂကြက္သားေတြလည္း တက္လာပါတယ္။ သူ႔ရဲ႕ခႏၶါကိုယ္ဟာ gym ေန႔စဥ္သြားသူရဲ႕ ခႏၶါကိုယ္လိုမ်ိဳး ႀကံ့ခိုင္လာပါတယ္။ ဒီ game ေဆာ့ၿပီး တစ္ႏွစ္မျပည့္ခင္မွာပဲ သူ႔ရဲ႕ေဘာင္းဘီေတြက ေခ်ာင္လာပါေတာ့တယ္။ ဒီလို ခႏၶါကိုယ္မ်ိဳးရဖို႔အတြက္ ထိေရာက္တဲ့ ေလ့က်င့္ခန္းေတြကိုပဲ ျပဳလုပ္ခဲ့တာ မဟုတ္ပါဘူး။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာေတြကိုလည္း ေ႐ြးခ်ယ္စားခဲ့ပါေသးတယ္။ က်န္းမာတဲ့ ခႏၶါကိုယ္ရဖို႔ ပ႐ိုတိန္းဓါတ္ မ်ားမ်ားပါတာေတြကို စားခဲ့တယ္လို႔ ေျပာပါတယ္။

ဒီလိုႀကံ့ခိုင္တဲ့ ခႏၶါကိုယ္ကို ရေပမယ့္ Kuzuma က fitness game ကို ဆက္လက္ကစားေနဆဲပါပဲ။ ဒီ game ကို ေဆာ့မယ္ဆိုရင္ အစပိုင္းမွာေတာ့ ေငြကုန္ေၾကးက်မ်ားမွာပါ။ Kuzuma လိုမ်ိဳး game ထဲမွာ စိတ္ႏွစ္ၿပီးကစားရင္ေတာ့ ေက်နပ္ဖြယ္ရလဒ္ကို ရရွိလာမွာပါ။ Fitness game က အိမ္မွာ ကိုယ့္ရဲ႕ trainer ပါပဲ။

Zombie (Lovemedia)