ပိန်သွယ်လှပစေဖို့ ရှောင်ရမယ့်အသီး (၅) မျိုး

ကိုယ်အလေးချိန်ကျဖို့အတွက် ဆိုရင် ညစာမစားဘဲ မုန့်တွေ၊ အသီးတွေကို စားတတ်ကြပါတယ်။ ဒါပေမယ့် အသီးတွေစားတိုင်းလည်း ကိုယ်အလေးချိန်က ကျမသွားပါဘူး။ တချို့အသီးတွေမှာ သကြားဓာတ်တွေက ချောကလက်မှာ ပါဝင်တဲ့ သကြားဓာတ်လောက်ကို များနေတာပါ။

5. တရုတ်ဆီးသီးနှင့် စတော်ဘယ်ရီသီး

© pixabay

စတော်ဘယ်ရီသီးက ကျန်းမာရေးအတွက် များစွာ ကောင်းမွန်ပါတယ်။ စတော်ဘယ်ရီသီးမှာ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရေဓာတ်၊ သကြားဓာတ်အနည်းငယ် ပါဝင်ပါတယ်။ တရုတ်ဆီးသီးကို အများကြီးစားရင် အစာမကြေဖြစ်ပါတယ်။ အဓိကအန္တရာယ် များတာကတော့ ဆီးသီးရဲ့ အစေ့ပါပဲ။ တရုတ်ဆီးသီးအစေ့က အစာအိမ်ထဲမှာ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် အဆိပ်ဖြစ်စေပါတယ်။ များများစားရင် ပျို့အန်ခြင်း၊ မူးဝေစေခြင်းတွေ ဖြစ်တတ်ပါတယ်။

4. သစ်တော်သီးနှင့် သခွှားမသီး၊ ဖရဲသီး

© pixabay

သခွားမသီးနဲ့ ဖရဲသီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် အများကြီးပါဝင်ပါတယ်။ သခွှားမသီးနဲ့ ဖရဲသီးက အဆိပ်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံမထွက်အောင် တားဆီးပေးပါတယ်။ ရေဓာတ်ကို ထိန်းသိမ်းပေးလို့ နွေရာသီမှာတော့ အတော်ကို စားကောင်းပါတယ်။ ပြီးတော့ အသားအရေကိုလည်း လှပစေပါတယ်။ သစ်တော်သီးက အစာအိမ်ရဲ့ အလုပ်တွေကို နှောင့်ယှက်ပြီး ဝမ်းချုပ်စေပါတယ်။

3. ထောပတ်သီးနဲ့ ငါးဥဆူးသီး

ငါးဥဆူးသီးမှာ သကြားဓာတ်အနည်းငယ်၊ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာဖြစ်လို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ အသားအရေကိုလည်း လှပစေပြီး အဆီပိုတွေကိုလည်း လောင်ကျွမ်းစေပါတယ်။ ကိုယ်အလေးချိန်ကျချင်ရင်တော့ ထောပတ်သီး မစားသင့်ပါဘူး။ ထောပတ်သီးမှာ 227 ကီလိုကယ်ရီ ပါဝင်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့အတွက် ထောပတ်သီးစားမယ်ဆိုရင် နည်းနည်းပါးပါး ပဲစားတာကောင်းပါတယ်။

2. စပျစ်သီးနှင့် ပန်းသီး

© pexels© pixabay

ပန်းသီးက ခန္ဓာကိုယ်အတွက် အကောင်းဆုံးအသီးတွေထဲက တစ်ခုပါ။ ပန်းသီးမှာ အဆီမပါဝင်ပေမယ့် 60 ကီလိုကယ်လိုရီကနေ 100 ကယ်လိုရီအထိ စွမ်းအင်ပါဝင်ပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ်လည်း အများကြီး ပါဝင်ပါတယ်။ စပျစ်သီးက ကိုယ်အလေးချိန် ထိန်းဖို့အတွက်ကော၊ ကျန်းမာရေးအတွက်က မကောင်းပါဘူး။ စပျစ်သီးမှာ သကြားဓာတ်များစွာ ပါဝင်ပြီး အခွံကအစာချေဖို့ ခက်ပါတယ်။ စပျစ်သီးစေ့က အစာအိမ်ကို ထိခိုက်နိုင်ပြီး စပျစ်သီးမှာပါဝင်တဲ့ အက်ဆစ်တွေက သွားအပေါ်ယံကြောကြွေသားတွေကို ဖျက်ဆီးပါတယ်။

1. ငှက်ပျောသီးနှင့် ရှောက်သီး

© pixabay© depositphotos

ရှောက်သီးက ပိုနေတဲ့အဆီတွေကို တိုက်ဖျက်တဲ့နေရာမှာ နံပါတ် ၁ ပါပဲ ။ ရှောက်သီးက ကယ်လိုရီတွေကို မြန်မြန်ဆန်ဆန် ကုန်ဆုံးစေပါတယ်။ ရှောက်သီးတစ်ခြမ်း စားရင် ၈၀၀ ကီလိုကယ်ရီလောက်ကတော့ ကုန်ဆုံးပြီးသားပါပဲ။ ငှက်ပျောသီးက အားအင်တွေ အများကြီးပေးတဲ့ အစားအစာပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ အာဟာရတွေက အဆီချေရာမှာ အထောက်အကူ မဖြစ်စေပါဘူး။

Zombie (LoveMedia)

For Zawgyi













Zombie (LoveMedia)

Post a Comment

0 Comments