ဦးနှောက်ကို ကျန်းမာထက်မြက်စေမယ့် လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အစားအသောက်ကလည်း အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဆိုတာ လူသိနည်းကြပါတယ်။ MIND diet က အယ်လ်ဇိုင်းရောဂါကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဦးနှောက်အတွက် အာဟာရဖြစ်စေတဲ့အစားအစာများ

၁။ ဘယ်ရီသီးများ

© shutterstock.com

ဘယ်ရီသီးတွေက ဦးနှောက်ကျန်းမာရေးကို အလွန်အကျိုးပြုပါတယ်။ လူပေါင်းတစ်ထောင်ကျော်ကို နှစ်ပေါင်း ၂၀ကြာ လေ့လာပြီးတဲ့ အခါမှာ ဘယ်ရီသီးစားတဲ့သူတွေက မှတ်ဉာဏ်နည်းမှု ပိုနှေးကြောင်း တွေ့ရပါတယ်။ အနီရောင်ဘယ်ရီသီးအချဉ်၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတွေကို ဦးနှောက်ကျန်းမာရေးအတွက် မကြာမကြာ စားပေးသင့်ပါတယ်။

၂။ အစိမ်းရောင်ရှိသောအစားအစာများ

© shutterstock.com

ခန္ဓါကိုယ်ကျန်းမာရေးက အစိမ်းရောင်ရှိတဲ့ သဘာဝအစားအစာတွေပေါ်မှာလည်း မှီတည်နေပါတယ်။ဒေါက်ခွရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက်တို့က ရွေးချယ်ဖို့ အသင့်တော်ဆုံး အစားအစာတွေပါပဲ။

၃။ အစေ့အဆံများ

© shutterstock.com

ချိုတဲ့မုန့်တွေအစား ဗီတာမင် E ပါဝင်တဲ့ အစေ့အဆံတွေကို ရွေးချယ်သင့်ပါတယ်။ အစေ့အဆံတွေမှာပါဝင်တဲ့ ဗီတာမင် E က ဦးနှောက်ရဲ့အလုပ်တွေကို ကူညီပေးပါတယ်။

၄။ သံလွင်ဆီ

© shutterstock.com

သံလွင်ဆီကလည်း အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတဲ့ အဓိကအစားအစာပါပဲ။

၅။ ငါး

© shutterstock.com

ငါးကို မကြာခဏစားပေးတဲ့ အသက် ၆၅ နှစ်အရွယ် လူကြီးတွေဟာ အသားကိုပဲ စားတဲ့သူတွေထက် ပိုပြီး မှတ်ဉာဏ်ကောင်းပါတယ်။ ငါးမှာ ကျန်းမာရေးနဲ့ သင့်တော်တဲ့အဆီတွေ၊ B6,B12 တွေ ပါဝင်ပါတယ်။ ငါးမှာပါဝင်တဲ့ အာဟာရဓါတ်တွေက ဦးနှောက်ကျန်းမာရေးကို အထူးအကျိုးရှိစေတာကြောင့် အနည်းဆုံး တစ်ပတ်တစ်ခါ စားပေးသင့်ပါတယ်။

ရှောင်ကြဉ်သင့်သည့် အစားအစာများ

၁။ အသား

© shutterstock.com

ကျွမ်းကျင်တဲ့ပညာရှင်တွေက အသားကို တတ်နိုင်သမျှ ရှောင်ပြီး ပဲအမျိုးမျိုးကရရှိတဲ့ ပရိုတိန်းဓါတ်ကို စားသင့်ကြောင်း အကြံပေးပါတယ်။ ပဲအမျိုးမျိူးမှာ ပါဝင်တဲ့ အမျှင်ဓါတ်၊ ဗီတာမင်B က ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၂။ ထောပတ်၊ ဟင်းရွက်အဆီခဲ၊ ချိစ်

© shutterstock.com

အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ပြည့်ဝဆီတွေဖြစ်တဲ့ ထောပတ်၊ ဟင်းရွက်အဆီခဲ၊ ချိစ်တွေကို လျှော့ပြီး သံလွင်ဆီကိုသာ သုံးသင့်ပါတယ်။

၃။ ဆားနှင့်သကြား

ဦးနှောက်ကျန်းမာရေး တိုးတက်ဖို့အတွက် ဆားနဲ့သကြားကို လျှော့နိုင်သလောက် လျှော့သင့်ပါတယ်။ အချိုက ဆီးချိုရောဂါကနေ အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေပါတယ်။ ဆားအစားများတဲ့အခါ သွေးပေါင်ချိန်တိုးပြီး လေဖြတ်ရောဂါနဲ့ ဦးနှောက်နဲ့ဆိုင်တဲ့ အခြားပြဿနာတွေ ဖြစ်စေပါတယ်။

Zombie (LoveMedia)

For Zawgyi

အယ္လ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးမယ့္ အစားအစာ (၅) မ်ိဳး

ဦးေႏွာက္ကို က်န္းမာထက္ျမက္ေစမယ့္ ေလ့က်င့္ခန္းေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ အစားအေသာက္ကလည္း အယ္လ္ဇိုင္းမားေရာဂါကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းတစ္ခုဆိုတာ လူသိနည္းၾကပါတယ္။ MIND diet က အယ္လ္ဇိုင္းေရာဂါကို ကာကြယ္ေပးႏိုင္ေၾကာင္း ေလ့လာခ်က္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

ဦးေႏွာက္အတြက္ အာဟာရျဖစ္ေစတဲ့အစားအစာမ်ား

၁။ ဘယ္ရီသီးမ်ား

ဘယ္ရီသီးေတြက ဦးေႏွာက္က်န္းမာေရးကို အလြန္အက်ိဳးျပဳပါတယ္။ လူေပါင္းတစ္ေထာင္ေက်ာ္ကို ႏွစ္ေပါင္း ၂၀ၾကာ ေလ့လာၿပီးတဲ့ အခါမွာ ဘယ္ရီသီးစားတဲ့သူေတြက မွတ္ဉာဏ္နည္းမႈ ပိုေႏွးေၾကာင္း ေတြ႕ရပါတယ္။ အနီေရာင္ဘယ္ရီသီးအခ်ဥ္၊ စေတာ္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီးေတြကို ဦးေႏွာက္က်န္းမာေရးအတြက္ မၾကာမၾကာ စားေပးသင့္ပါတယ္။

၂။ အစိမ္းေရာင္ရွိေသာအစားအစာမ်ား

ခႏၶါကိုယ္က်န္းမာေရးက အစိမ္းေရာင္ရွိတဲ့ သဘာဝအစားအစာေတြေပၚမွာလည္း မွီတည္ေနပါတယ္။ေဒါက္ခြ႐ြက္၊ ဆလပ္႐ြက္၊ ကိုက္လန္႐ြက္တို႔က ေ႐ြးခ်ယ္ဖို႔ အသင့္ေတာ္ဆုံး အစားအစာေတြပါပဲ။

၃။ အေစ့အဆံမ်ား

ခ်ိဳတဲ့မုန႔္ေတြအစား ဗီတာမင္ E ပါဝင္တဲ့ အေစ့အဆံေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။ အေစ့အဆံေတြမွာပါဝင္တဲ့ ဗီတာမင္ E က ဦးေႏွာက္ရဲ႕အလုပ္ေတြကို ကူညီေပးပါတယ္။

၄။ သံလြင္ဆီ

သံလြင္ဆီကလည္း အယ္လ္ဇိုင္းမားေရာဂါကို ကာကြယ္ေပးတဲ့ အဓိကအစားအစာပါပဲ။

၅။ ငါး

ငါးကို မၾကာခဏစားေပးတဲ့ အသက္ ၆၅ ႏွစ္အ႐ြယ္ လူႀကီးေတြဟာ အသားကိုပဲ စားတဲ့သူေတြထက္ ပိုၿပီး မွတ္ဉာဏ္ေကာင္းပါတယ္။ ငါးမွာ က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့အဆီေတြ၊ B6,B12 ေတြ ပါဝင္ပါတယ္။ ငါးမွာပါဝင္တဲ့ အာဟာရဓါတ္ေတြက ဦးေႏွာက္က်န္းမာေရးကို အထူးအက်ိဳးရွိေစတာေၾကာင့္ အနည္းဆုံး တစ္ပတ္တစ္ခါ စားေပးသင့္ပါတယ္။

ေရွာင္ၾကဥ္သင့္သည့္ အစားအစာမ်ား

၁။ အသား

ကြၽမ္းက်င္တဲ့ပညာရွင္ေတြက အသားကို တတ္ႏိုင္သမွ် ေရွာင္ၿပီး ပဲအမ်ိဳးမ်ိဳးကရရွိတဲ့ ပ႐ိုတိန္းဓါတ္ကို စားသင့္ေၾကာင္း အႀကံေပးပါတယ္။ ပဲအမ်ိဳးမ်ိဴးမွာ ပါဝင္တဲ့ အမွ်င္ဓါတ္၊ ဗီတာမင္B က ဦးေႏွာက္က်န္းမာေရးအတြက္ မရွိမျဖစ္ လိုအပ္ပါတယ္။

၂။ ေထာပတ္၊ ဟင္း႐ြက္အဆီခဲ၊ ခ်ိစ္

အယ္လ္ဇိုင္းမားေရာဂါ မျဖစ္ေအာင္ ျပည့္ဝဆီေတြျဖစ္တဲ့ ေထာပတ္၊ ဟင္း႐ြက္အဆီခဲ၊ ခ်ိစ္ေတြကို ေလွ်ာ့ၿပီး သံလြင္ဆီကိုသာ သုံးသင့္ပါတယ္။

၃။ ဆားႏွင့္သၾကား

ဦးေႏွာက္က်န္းမာေရး တိုးတက္ဖို႔အတြက္ ဆားနဲ႔သၾကားကို ေလွ်ာ့ႏိုင္သေလာက္ ေလွ်ာ့သင့္ပါတယ္။ အခ်ိဳက ဆီးခ်ိဳေရာဂါကေန အယ္လ္ဇိုင္းမားေရာဂါကို ျဖစ္ေစပါတယ္။ ဆားအစားမ်ားတဲ့အခါ ေသြးေပါင္ခ်ိန္တိုးၿပီး ေလျဖတ္ေရာဂါနဲ႔ ဦးေႏွာက္နဲ႔ဆိုင္တဲ့ အျခားျပႆနာေတြ ျဖစ္ေစပါတယ္။

Zombie (LoveMedia)