တစုံတယောက်ကို သင့်လျော်တဲ့အချိန်မှာ တွေ့နိုင်ဖို့က ခက်ခဲပါတယ်။ တစ်ခါမှမမြင်ဖူးတဲ့သူ နှစ်ယောက်ကို ဆုံပေးဖို့ဆိုရင် သဘောကောင်းတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေက စီစဉ်ပေးမှ ဖြစ်မှာပါ။ သမီးရည်းစားတွေ ချိန်းတွေ့ရင် အမျိုးသားတွေဘက်ကပဲ ကုန်ကျစရိတ်ခံတာ ထုံးစံပါ။

အဲဒီလိုထုံးစံတွေ ထွန်းကားနေတဲ့ကြားထဲမှာမှ အမျိုးသမီးအများစုက ကုန်ကျစရိတ်တွေကို မျှခံချင်ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ကုန်ကျစရိတ် အကုန်လုံးကိုတောင် အမျိုးသားတွေအစား ရှင်းချင်ကြတာပါ။ (နှစ်ယောက်သား အဆင်ပြေနေသေးတဲ့အချိန်ပဲနော်)

အသက် 29 နှစ်အရွယ် Xiao Wang က တရုတ်နိုင်ငံ၊ Chengdu မြို့မှာ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် မမြင်ဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံဖို့ Hubei စီရင်စုမှာရှိတဲ့ သူ့ရဲ့ဇာတိမြို့ကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Wang ရဲ့ မိသားစုက လက်ထပ်ဖို့ တိုက်တွန်းနေပါပြီ။ ဒါကြောင့် Wang က သူတစ်ခါမှ မမြင်ဖူးသေးတဲ့ Xiao Shu ဆိုတဲ့ အမျိုးသမီးနဲ့တွေ့ဆုံဖို့ သဘောတူလိုက်ပါတယ်။

Source: English Spectrum

Wang က အလုပ်က ခွင့်ယူပြီး Hubei စီရင်စုကို ပြန်လာပီးတော့ Shu နဲ့ ပန်းခြံတစ်ခြံမှာ မနက်ခင်းပိုင်း တွေ့ကြပါတယ်။ တွေ့ပြီးစကားပြောကြတဲ့ခဏမှာ Wang က သူတို့နှစ်ယောက် အဆင်မပြေနိုင်လောက်ဘူးလို့ ခံစားလာရပါတယ်။

သူတို့နှစ်ယောက် တွေ့လာတာ နေ့လယ်စာစားချိန်တောင် ရောက်နေပြီဆိုတော့ ပန်းခြံနားက စားသောက်ဆိုင်တစ်ဆိုင်မှာ ဟော့ပေါ့စားဖို့ Wang က Shu ကို လောကဝတ်ပြုလိုက်ပါတယ်။ မစားခင်မှာ သူတို့ အဆင်မပြေလောက်ဘူးဆိုတဲ့ အကြောင်း Wang က Shu ကို ပြောပြလိုက်ပါတော့တယ်။ Shu လည်း အတူတူပါပဲ ဆိုတော့ Wang အံ့အားသင့်သွားပါတော့တယ် ။

သူတို့စားနေရင်း တစ်ဝက်လောက်ရောက်တော့ Shu ကို သူမရဲ့သူငယ်ချင်းတွေက ဖုန်းဆက်လာပါတယ်။ Shu က သူငယ်ချင်းတွေကို သူမနဲ့အတူ နေ့လယ်စာလာစားဖို့ ခေါ်လိုက်ပါတယ်။

"Shu ကျွန်တော့်ကို ဘာမှမမေးဘဲနဲ့ သူ့သူငယ်ချင်းတွေကို လှမ်းခေါ်လိုက်တယ်လေ" လို့ Wang က ပြောပါတယ်။ (အနည်းဆုံးတော့ ရည်းစားနဲ့တွေ့ရင် တစ်ယောက်ကို တစ်ယောက် ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစား ရှိသင့်ပါတယ်နော်)

Source: Youtube

Wang နဲ့ Shu က သူငယ်ချင်းတွေ မလာခင်ကတည်းက အစားအစာတွေကို အများကြီး မှာထားပြီးသားပါ။ ဒါပေမယ့် Shu ရဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာတဲ့အခါ Shu အစားအစာတွေကို ထပ်မှာလိုက်ပါသေးတယ်။

သူငယ်ချင်းတွေရောက်ခါတော့ Shu က Wang ကို လုံးဝဂရုမစိုက်တော့ဘဲ သူငယ်ချင်းတွေနဲ့ပဲ စကားပြောနေပါတော့တယ်။ Shu ရဲ့ အပြုအမူက Wang အတွက်တော့ စော်ကားခံလိုက်ရသလိုပါပဲ။ နောက်ဆုံးတော့ ငွေရှင်းဖို့အချိန် ကျရောက်လို့လာပါပြီ ။

Shu က သူ့သူငယ်ချင်းတွေကို လှမ်းခေါ်လိုက်လို့ ကုန်ကျငွေကို မျှခံကြရမယ်လို့ Wang က ယူဆပါတယ်။ ဒါပေမယ့် Shu က ဒေါသထွက်ပြီး Wang ကို ကပ်စီးနည်းတယ်လို့ ပြောလိုက်ပါတယ်။ သူတို့ စကားများကြပါပြီ။

အဲဒီနောက်မှာတော့ Shu က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ပြီး Wang အပေါ် လောင်းချလိုက်ပါတယ်။ ကံကောင်းသွားတာက လက်ဖက်ရည် အေးနေပါပြီ။ ဆိုင်ဝန်ထမ်းက ဒီကိစ္စကို ဖျန်ဖြေပေးဖို့ မန်နေဂျာကို မြန်မြန်ခေါ်လိုက်ရပါတော့တယ်။ မန်နေဂျာက ပြေလည်အောင်ပြောလို့ အပြီးမှာတော့ သူတို့နှစ်ဖက် ကျသင့်ငွေကိုမျှခံဖို့ သဘောတူလိုက်ကြပါတယ်။

"Shu နဲ့ သူငယ်ချင်းတွေက သုံးယောက်စားပြီး တစ်ဝက်ဖိုးပဲ ရှင်းရတယ် ။ Wangက တစ်ယောက်တည်းစားပြီး တစ်ဝက်ဖိုးတောင် ရှင်းရတယ်။ Wang အတွက် မမျှတဘူး" ဆိုပြီး အင်တာနက်သုံးစွဲသူအချို့က မကျေနပ်ကြပါဘူး။

Zombie (LoveMedia)

Ref - worldofbuzz

For Zawgyi

First Dates မွာ ကိုယ့္စားရိတ္ကိုယ္ရွင္းခိုင္းသူကို လက္ဖက္ရည္နဲ႔ေလာင္းခ်လိုက္တဲ့ မိန္းကေလး

တစုံတေယာက္ကို သင့္ေလ်ာ္တဲ့အခ်ိန္မွာ ေတြ႕ႏိုင္ဖို႔က ခက္ခဲပါတယ္။ တစ္ခါမွမျမင္ဖူးတဲ့သူ ႏွစ္ေယာက္ကို ဆုံေပးဖို႔ဆိုရင္ သေဘာေကာင္းတဲ့ သူငယ္ခ်င္းေတြ ဒါမွမဟုတ္ မိသားစုဝင္ေတြက စီစဥ္ေပးမွ ျဖစ္မွာပါ။ သမီးရည္းစားေတြ ခ်ိန္းေတြ႕ရင္ အမ်ိဳးသားေတြဘက္ကပဲ ကုန္က်စရိတ္ခံတာ ထုံးစံပါ။

အဲဒီလိုထုံးစံေတြ ထြန္းကားေနတဲ့ၾကားထဲမွာမွ အမ်ိဳးသမီးအမ်ားစုက ကုန္က်စရိတ္ေတြကို မွ်ခံခ်င္ၾကပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြဆိုရင္ ကုန္က်စရိတ္ အကုန္လုံးကိုေတာင္ အမ်ိဳးသားေတြအစား ရွင္းခ်င္ၾကတာပါ။ (ႏွစ္ေယာက္သား အဆင္ေျပေနေသးတဲ့အခ်ိန္ပဲေနာ္)

အသက္ 29 ႏွစ္အ႐ြယ္ Xiao Wang က တ႐ုတ္ႏိုင္ငံ၊ Chengdu ၿမိဳ႕မွာ အလုပ္လုပ္ပါတယ္။ ဒါေပမယ့္ မျမင္ဖူးေသးတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ေတြ႕ဆုံဖို႔ Hubei စီရင္စုမွာရွိတဲ့ သူ႔ရဲ႕ဇာတိၿမိဳ႕ကို ျပန္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Wang ရဲ႕ မိသားစုက လက္ထပ္ဖို႔ တိုက္တြန္းေနပါၿပီ။ ဒါေၾကာင့္ Wangက သူတစ္ခါမွ မျမင္ဖူးေသးတဲ့ Xiao Shu ဆိုတဲ့ အမ်ိဳးသမီးနဲ႔ေတြ႕ဆုံဖို႔ သေဘာတူလိုက္ပါတယ္။

Wang က အလုပ္က ခြင့္ယူၿပီး Hubei စီရင္စုကို ျပန္လာပီးေတာ့ Shu နဲ႔ ပန္းၿခံတစ္ၿခံမွာ မနက္ခင္းပိုင္း ေတြ႕ၾကပါတယ္။ ေတြ႕ၿပီးစကားေျပာၾကတဲ့ခဏမွာ Wang က သူတို႔ႏွစ္ေယာက္ အဆင္မေျပႏိုင္ေလာက္ဘူးလို႔ ခံစားလာရပါတယ္။

သူတို႔ႏွစ္ေယာက္ ေတြ႕လာတာ ေန႔လယ္စာစားခ်ိန္ေတာင္ ေရာက္ေနၿပီဆိုေတာ့ ပန္းၿခံနားက စားေသာက္ဆိုင္တစ္ဆိုင္မွာ ေဟာ့ေပါ့စားဖို႔ Wang က Shu ကို ေလာကဝတ္ျပဳလိုက္ပါတယ္။ မစားခင္မွာ သူတို႔ အဆင္မေျပေလာက္ဘူးဆိုတဲ့ အေၾကာင္း Wang က Shu ကို ေျပာျပလိုက္ပါေတာ့တယ္။ Shu လည္း အတူတူပါပဲ ဆိုေတာ့ Wang အံ့အားသင့္သြားပါေတာ့တယ္ ။

သူတို႔စားေနရင္း တစ္ဝက္ေလာက္ေရာက္ေတာ့ Shu ကို သူမရဲ႕သူငယ္ခ်င္းေတြက ဖုန္းဆက္လာပါတယ္။ Shu က သူငယ္ခ်င္းေတြကို သူမနဲ႔အတူ ေန႔လယ္စာလာစားဖို႔ ေခၚလိုက္ပါတယ္။

"Shu ကြၽန္ေတာ့္ကို ဘာမွမေမးဘဲနဲ႔ သူ႔သူငယ္ခ်င္းေတြကို လွမ္းေခၚလိုက္တယ္ေလ" လို႔ Wang က ေျပာပါတယ္။ (အနည္းဆုံးေတာ့ ရည္းစားနဲ႔ေတြ႕ရင္ တစ္ေယာက္ကို တစ္ေယာက္ ယဥ္ယဥ္ေက်းေက်း၊ ေလးေလးစားစား ရွိသင့္ပါတယ္ေနာ္)

Wang နဲ႔ Shu က သူငယ္ခ်င္းေတြ မလာခင္ကတည္းက အစားအစာေတြကို အမ်ားႀကီး မွာထားၿပီးသားပါ။ ဒါေပမယ့္ Shu ရဲ႕ သူငယ္ခ်င္းႏွစ္ေယာက္ ေရာက္လာတဲ့အခါ Shu အစားအစာေတြကို ထပ္မွာလိုက္ပါေသးတယ္။

သူငယ္ခ်င္းေတြေရာက္ခါေတာ့ Shu က Wang ကို လုံးဝဂ႐ုမစိုက္ေတာ့ဘဲ သူငယ္ခ်င္းေတြနဲ႔ပဲ စကားေျပာေနပါေတာ့တယ္။Shu ရဲ႕ အျပဳအမူက Wang အတြက္ေတာ့ ေစာ္ကားခံလိုက္ရသလိုပါပဲ။ ေနာက္ဆုံးေတာ့ ေငြရွင္းဖို႔အခ်ိန္ က်ေရာက္လို႔လာပါၿပီ ။

Shu က သူ႔သူငယ္ခ်င္းေတြကို လွမ္းေခၚလိုက္လို႔ ကုန္က်ေငြကို မွ်ခံၾကရမယ္လို႔ Wang က ယူဆပါတယ္။ ဒါေပမယ့္ Shu က ေဒါသထြက္ၿပီး Wang ကို ကပ္စီးနည္းတယ္လို႔ ေျပာလိုက္ပါတယ္။ သူတို႔ စကားမ်ားၾကပါၿပီ။

အဲဒီေနာက္မွာေတာ့ Shu က လက္ဖက္ရည္ခြက္ကို ေကာက္ကိုင္ၿပီး Wang အေပၚ ေလာင္းခ်လိုက္ပါတယ္။ ကံေကာင္းသြားတာက လက္ဖက္ရည္ ေအးေနပါၿပီ။ ဆိုင္ဝန္ထမ္းက ဒီကိစၥကို ဖ်န္ေျဖေပးဖို႔ မန္ေနဂ်ာကို ျမန္ျမန္ေခၚလိုက္ရပါေတာ့တယ္။ မန္ေနဂ်ာက ေျပလည္ေအာင္ေျပာလို႔ အၿပီးမွာေတာ့ သူတို႔ႏွစ္ဖက္ က်သင့္ေငြကိုမွ်ခံဖို႔ သေဘာတူလိုက္ၾကပါတယ္။

"Shu နဲ႔ သူငယ္ခ်င္းေတြက သုံးေယာက္စားၿပီး တစ္ဝက္ဖိုးပဲ ရွင္းရတယ္ ။ Wangက တစ္ေယာက္တည္းစားၿပီး တစ္ဝက္ဖိုးေတာင္ ရွင္းရတယ္။ Wang အတြက္ မမွ်တဘူး" ဆိုၿပီး အင္တာနက္သုံးစြဲသူအခ်ိဳ႕က မေက်နပ္ၾကပါဘူး။

Zombie (LoveMedia)

Ref - worldofbuzz