မိမိတို့နေထိုင်ရာ ကမ္ဘာလောကကြီးဟာ အလွန်ဆန်းကြယ်ပါတယ်။ မထင်မှတ်ဘဲ တွေ့ရာကနေ ချစ်သွားကြတဲ့သူတွေ၊ အနေနီးစပ်ရင်း ချစ်သွားတဲ့သူတွေ အများကြီးရှိပါတယ်။ သင်ရော အဲ့လိုမျိုးတွေ ချစ်ခဲ့ဖူးလား?။ comment လေးမှာ ဖြေခဲ့ပေးပါဦးနော်။ ဒါဆိုရင်တော့ ကျွန်တော်တို့ Idol တွေရဲ့ အချစ်ကမ္ဘာထဲ သွားလည်လိုက်ရအောင်။
၁ ။ Shakira နဲ့ Pique
![]() |
© Shakira / Youtube, © Shakira / Instagram |
တစ်ချိန်က Waka Waka ဆိုတဲ့ သီချင်းကို ကြားဖူးရင် သူမကိုသိမှာပါ။ Pique ဟာ သူမ အဲဒီသီချင်းကို ထုတ်လုပ်ချိန်မှာ အသည်းအသန်ကြိုးစားပေးခဲ့ပါတယ်။ အခုလည်း ကြိုးစားမှုကြောင့် ShaSha နဲ့ Milan ဆိုတဲ့ ကလေးနှစ်ယောက် ရရှိနေပါပြီ။
၂ ။ Britney Spears နဲ့ Sam Asghari
![]() |
© Britney Spears / Youtube, © SharpShooter / Depositphotos |
Popဘုရင်မ Britney Spears နဲ့ Sam Asghari တို့ တွေ့ဆုံခဲ့ပုံကတော့ ရှက်ကိုးရှက်ကန်းနိုင်တယ်လို့ Sam က Media ကို ဝန်ခံခဲ့ပါတယ်။ သူတို့ဟာ Slumber Party ဆိုတဲ့ MV ရိုက်ကူးရင်း တွေ့ဆုံခဲ့တာပါ။ အဲ့ဒီမှာ Spearsက Sam ကိုသွားပြီး မိတ်ဆက်ခဲ့ပေမယ့် Sam က စိတ်လှုပ်ရှားနေတာကြောင့် သူမ ဘယ်သူဖြစ်တယ်ဆိုတာ မသိလိုက်ပါဘူး။
၃ ။ Joe Jonas နဲ့ Camila Belle
![]() |
© Jonas Brothers / Youtube, © Joejonas / Instagram, © Camillabelle / Instagram |
Joe Jonas နဲ့ Camila Belle တို့ တွေ့ဆုံခဲ့တာကတော့ MV တစ်ခုကိုရိုက်ရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး 2008 ခုနှစ်ကနေ 2009 ခုနှစ်အထိ သာသာယာယာ ပျော်ပျော်ရွှင်ရွှင် ချစ်ခဲ့ကြပါတယ်။
၄ ။ Colson Baker နဲ့ Megan Fox
![]() |
© Machine Gun Kelly / Youtube, © Joe Sutter, PacificCoastNews / EAST NEWS, © Machinegunkelly / Instagram |
Rapper Colson Baker နဲ့ Megan Fox တို့ကတော့ Bloody Valentine ဆိုတဲ့ MV ကိုရိုက်ကူးရင်း တွေ့ဆုံခဲ့တာပါ။ Fox က Baker ကို တကယ်ကြွေအောင်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
၅ ။ Justin Biber နဲ့ Jasmine Villegas
![]() |
© JustinBieberVEVO / Yotube, © Jean_Nelson / Depositphotos, © 0000554/Reporter / East News |
မိန်းကလေးတွေ သည်းသည်းလှုပ်အားပေးတဲ့ Justin Biber ဟာ Baby ဆိုတဲ့သီချင်းနဲ့ လူသိများလာတာပဲဖြစ်ပါတယ်။ သူဟာ Jasmine Villegas နဲ့အချစ်တွေကို စတင်ခဲ့ပါတယ်။ သူတို့ကတော့ Baby ဆိုတဲ့ သီချင်းမှာ ဆုံခဲ့ကြတာဖြစ်ပြီးတော့ လူထုကို တော်တော်နဲ့ ချမပြခဲ့ပါဘူး။ ဒါပေမယ့်လည်း သူတို့ဆက်ဆံရေးဟာ လပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။
၆ ။ Penelope Curz နဲ့ Nacho Cano
![]() |
© MecanoVEVO / Youtube, © VINCENZO PINTO / AFP / East News, © s_bukley / Depositphotos |
မဂ္ဂဇင်းတိုင်းမှာ ကျော်ကြားခဲ့တဲ့ Penelope နဲ့ အဆိုတော် Nacho Cano တို့ကိုလည်း မေ့ထားလို့မရပါဘူး။ အဲဒီအချိန်မှာ စပိန်မင်းသမီးဟာ ဆယ်ကျော်သက် အသက်အရွယ်သာ ရှိပေမယ့်လည်း သူတို့ဆက်ဆံရေးကတော့ ၆ နှစ် ကြာမြင့်ခဲ့ပါတယ်။
၇ ။ Enrique Iglesias နဲ့ Anna Kournikova
![]() |
© Enrique Iglesias / Youtube, © MAVRIXONLINE.COM - FILE PHOTO/ EAST NEWS |
Enrique နဲ့ တင်းနစ်ကစားသမား Anna တို့ကတော့ Escape ဆိုတဲ့ MV ကိုရိုက်ကူးခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ချစ်ကြိုက်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ သူတို့မှာ ကလေးသုံးယောက်ရှိနေပါပြီ။
၈ ။ Maluma နဲ့ Natalia
![]() |
© Maluma / Youtube, © MEGA/Mega Agency/East News |
သူတို့နှစ်ဦးကတော့ Felica Los 4 ဆိုတဲ့ MV ရိုက်ကူးနေစဉ် အတွင်း ချစ်ကြိုက်သွားခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ အရမ်းချစ်ခဲ့ပေမယ့်လည်း ၂ နှစ်ကြာပြီးတဲ့ နောက်မှာတော့ လမ်းခွဲလိုက်ကြပါတယ်။
Zombie (Lovemedia)
For Zawgyi
Music Video ႐ိုက္ကူးရင္း ခ်စ္သူျဖစ္ခဲ့ၾကတဲ့ အႏုပညာရွင္မ်ား
မိမိတို႔ေနထိုင္ရာ ကမာၻေလာကႀကီးဟာ အလြန္ဆန္းၾကယ္ပါတယ္။ မထင္မွတ္ဘဲ ေတြ႕ရာကေန ခ်စ္သြားၾကတဲ့သူေတြ၊ အေနနီးစပ္ရင္း ခ်စ္သြားတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ သင္ေရာ အဲ့လိုမ်ိဳးေတြ ခ်စ္ခဲ့ဖူးလား?။ comment ေလးမွာ ေျဖခဲ့ေပးပါဦးေနာ္။ ဒါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ Idol ေတြရဲ႕ အခ်စ္ကမာၻထဲ သြားလည္လိုက္ရေအာင္။
၁ ။ Shakira နဲ႔ Pique
တစ္ခ်ိန္က Waka Waka ဆိုတဲ့ သီခ်င္းကို ၾကားဖူးရင္ သူမကိုသိမွာပါ။ Pique ဟာ သူမ အဲဒီသီခ်င္းကို ထုတ္လုပ္ခ်ိန္မွာ အသည္းအသန္ႀကိဳးစားေပးခဲ့ပါတယ္။ အခုလည္း ႀကိဳးစားမႈေၾကာင့္ ShaSha နဲ႔ Milan ဆိုတဲ့ ကေလးႏွစ္ေယာက္ ရရွိေနပါၿပီ။
၂ ။ Britney Spears နဲ႔ Sam Asghari
Popဘုရင္မ Britney Spears နဲ႔ Sam Asghari တို႔ ေတြ႕ဆုံခဲ့ပုံကေတာ့ ရွက္ကိုးရွက္ကန္းႏိုင္တယ္လို႔ Sam က Media ကို ဝန္ခံခဲ့ပါတယ္။ သူတို႔ဟာ Slumber Party ဆိုတဲ့ MV ႐ိုက္ကူးရင္း ေတြ႕ဆုံခဲ့တာပါ။ အဲ့ဒီမွာ Spearsက Sam ကိုသြားၿပီး မိတ္ဆက္ခဲ့ေပမယ့္ Sam က စိတ္လႈပ္ရွားေနတာေၾကာင့္ သူမ ဘယ္သူျဖစ္တယ္ဆိုတာ မသိလိုက္ပါဘူး။
၃ ။ Joe Jonas နဲ႔ Camila Belle
Joe Jonas နဲ႔ Camila Belle တို႔ ေတြ႕ဆုံခဲ့တာကေတာ့ MV တစ္ခုကို႐ိုက္ရင္း ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး 2008 ခုႏွစ္ကေန 2009 ခုႏွစ္အထိ သာသာယာယာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ခ်စ္ခဲ့ၾကပါတယ္။
၄ ။ Colson Baker နဲ႔ Megan Fox
Rapper Colson Baker နဲ႔ Megan Fox တို႔ကေတာ့ Bloody Valentine ဆိုတဲ့ MV ကို႐ိုက္ကူးရင္း ေတြ႕ဆုံခဲ့တာပါ။ Fox က Baker ကို တကယ္ေႂကြေအာင္အထိ ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။
၅ ။ Justin Biber နဲ႔ Jasmine Villegas
မိန္းကေလးေတြ သည္းသည္းလႈပ္အားေပးတဲ့ Justin Biber ဟာ Baby ဆိုတဲ့သီခ်င္းနဲ႔ လူသိမ်ားလာတာပဲျဖစ္ပါတယ္။ သူဟာ Jasmine Villegas နဲ႔အခ်စ္ေတြကို စတင္ခဲ့ပါတယ္။ သူတို႔ကေတာ့ Baby ဆိုတဲ့ သီခ်င္းမွာ ဆုံခဲ့ၾကတာျဖစ္ၿပီးေတာ့ လူထုကို ေတာ္ေတာ္နဲ႔ ခ်မျပခဲ့ပါဘူး။ ဒါေပမယ့္လည္း သူတို႔ဆက္ဆံေရးဟာ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ပါတယ္။
၆ ။ Penelope Curz နဲ႔ Nacho Cano
မဂၢဇင္းတိုင္းမွာ ေက်ာ္ၾကားခဲ့တဲ့ Penelope နဲ႔ အဆိုေတာ္ Nacho Cano တို႔ကိုလည္း ေမ့ထားလို႔မရပါဘူး။ အဲဒီအခ်ိန္မွာ စပိန္မင္းသမီးဟာ ဆယ္ေက်ာ္သက္ အသက္အ႐ြယ္သာ ရွိေပမယ့္လည္း သူတို႔ဆက္ဆံေရးကေတာ့ ၆ ႏွစ္ ၾကာျမင့္ခဲ့ပါတယ္။
၇ ။ Enrique Iglesias နဲ႔ Anna Kournikova
Enrique နဲ႔ တင္းနစ္ကစားသမား Anna တို႔ကေတာ့ Escape ဆိုတဲ့ MV ကို႐ိုက္ကူးခဲ့ၿပီး ၂၀၀၁ ခုႏွစ္မွာ ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ အခုအခ်ိန္မွာေတာ့ သူတို႔မွာ ကေလးသုံးေယာက္ရွိေနပါၿပီ။
၈ ။ Maluma နဲ႔ Natalia
သူတို႔ႏွစ္ဦးကေတာ့ Felica Los 4 ဆိုတဲ့ MV ႐ိုက္ကူးေနစဥ္ အတြင္း ခ်စ္ႀကိဳက္သြားခဲ့တာပါ။ သူတို႔ႏွစ္ေယာက္ဟာ အရမ္းခ်စ္ခဲ့ေပမယ့္လည္း ၂ ႏွစ္ၾကာၿပီးတဲ့ ေနာက္မွာေတာ့ လမ္းခြဲလိုက္ၾကပါတယ္။
Zombie (Lovemedia)
0 Comments