မျက်လုံးက စိတ်ရဲ့ပြူတင်းပေါက် ဆိုပြီး ပြောကြပါတယ်။ ဒီဆိုရိုးလေးဟာ ဘယ်ကနေ ဆင်းသက်လာလဲ ဆိုတာ မသိပေမယ့် ဒီနေ့ခေတ်မှာတော့ မျက်လုံးက သင့်ကျန်းမာရေး အခြေအနေကို ပြောပြနိုင်ပါတယ်။

၁။ မျက်စိနာခြင်း

© freepik

မျက်စိနာတာက အတော်ကို ခံစားရပါတယ်။ အဆီဂလင်းကြောင့် မျက်ခွံပေါ်မှာ အဖုကြီး ဖြစ်ပေါ်လာပါတယ်။ အဲဒီအဖုက အနေခက်စေပြီး ရက်အနည်းငယ်ကြာပါတယ်။ မျက်စိနာတာက အချိန်အကြာကြီး ဖြစ်နေပြီဆိုရင် အရေပြားကင်ဆာရဲ့ လက္ခဏာပါပဲ။ မျက်စိနာတာ မပျောက်ဘူးဆိုရင် ဆရာဝန်ဆီ သွားသင့်ပါပြီ။

၂။ မျက်ခုံးမွှေးကျွတ်ခြင်း

© freepik

အသက်ကြီးလာခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အာဟာရချို့တဲ့ခြင်းကြောင့် မျက်ခုံးမွှေးကျွတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပြတ်လပ်တာကြောင့်လည်း မျက်ခုံးကျွတ်နိုင်ပါတယ်။ ဒါ့အပြင် ဆံပင်လည်းကျွတ်နိုင်ပါတယ်။ ဆံပင်တွေ ပါးပါးလာပြီဆိုရင် ဆရာဝန်ဆီသွားပြီး သိုင်းရွိုက်ဂလင်း အခြေအနေကို စစ်ဆေးသင့်ပါတယ်။

၃။ မျက်လုံးမှုန်ခြင်း

© freepik

ကွန်ပျူတာရှေ့၊ ဖုန်းရှေ့မှာ အချိန်ကြာမြင့်စွာကုန်ခြင်းက မျက်လုံးကို မှူန်စေပါတယ်။ အခုခေတ်မှာဆိုရင် မျက်လုံးမှုန်တဲ့သူတွေ အတော်များလာကြပါတယ်။ မျက်လုံးမှုန်လာပြီဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၄။ အလင်းရောင်များကို မကြည့်နိုင်ခြင်း

© firestock.ru

အလင်းရောင်တွေကို မကြည့်နိုင်တော့ဘူးဆိုရင် သတိထားဖို့လိုပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့်လည်း အရောင်တောက်တောက်တွေ၊ အလင်းစူးရှရှတွေကို မကြည့်နိုင်တော့တာ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာ ခဏခဏဖြစ်နေရင် ဆရာဝန်ဆီမြန်မြန်သွားပြတာ ပိုကောင်းပါတယ်။

၅။ မျက်လုံးပြူးလာခြင်း

© freepik

မျက်လုံးကိုပွတ်လိုက်ရင်၊ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင် အမြင်ကြည်လာတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် မျက်လုံးရဲ့အချို့အစိတ်အပိုင်းတွေ ကျယ်လာတယ်လို့ထင်ရင် သိုင်းရွိုက်ကလင်းများနေတာပါ။ မျက်လုံးမှိတ်ဖို့ ခက်လာပြီ ဆိုတာကလည်း မျက်လုံးပြူးလာတာကိုလည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် မျက်လုံးကပုံမှန်ထက် ပိုပြူးလာရင် ဂရုမစိုက်ဘဲ မနေသင့်ပါဘူး။

၆။ မျက်လုံးဝါလာခြင်း

© freepik

မှန်ရှေ့ကို နေ့တိုင်းရောက်နေပေမယ့် မျက်လုံးဝါတာကိုတော့ သတိမထားမိကြပါဘူး။ အရွယ်ရောက်ပြီးသူတွေ၊ အသည်းမဖွံ့ဖြိုးသေးတဲ့ မွေးကင်းစကလေးတွေမှာ အသားဝါရောဂါ ဖြစ်နိုင်ပါတယ်။ မျက်လုံးဝါခြင်းက သည်းခြေအိတ်နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံးက တဖြည်းဖြည်းဝါလာရင် မပေါ့ဆသင့်ဘဲ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

၇။ ဆီးချိုရောဂါကြောင့် မျက်လုံးတိမ်ဆွဲခြင်း

© depositphotos.com

ဆီးချိုရောဂါရှိတဲ့သူတွေက ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ နောက်ပြီး မျက်လုံးကျန်းမာရေးကိုလည်း မမေ့သင့်ပါဘူး။ ဆီးချိုရောဂါက မျက်ကြောလွှာသွေးကြောတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒီနောက်မှာ မျက်လုံးက တိမ်စွဲလာနိုင်ပါတယ်။ ဆိုးဝါးမလာခင်မှာ မျက်စိအထူးကု ဆရာဝန်နဲ့ပြသင့်ပါတယ်။

၈။ နှစ်ထပ်မြင်ခြင်း၊ မျက်လုံးတိမ်စွဲခြင်း၊ အမြင်ချွတ်ယွင်းလာခြင်း

© depositphotos.com

အမြင်အာရုံ ပြောင်းလဲလာခြင်း သတိပေးတဲ့ ခေါင်းလောင်းလိုပါပဲ။ ချက်ချင်းတုံ့ပြန်ပေးဖို့ လိုပါတယ်။ အရာဝတ္တုများကို နှစ်ထပ်မြင်ခြင်း၊ မျက်လုံးတိမ်စွဲလာခြင်း၊ ခဏတာ အမြင်အာရုံ ကွယ်ပျောက်ခြင်းတို့ဖြစ်လာရင် ဆရာဝန်ဆီ သွားဖို့ လိုလာပါပြီ။ ဒီလက္ခဏာတွေက တစ်ခါတစ်ရံမှာ လေဖြတ်ရောဂါရဲ့ ရှေးဦးလက္ခဏာတွေ ဖြစ်လို့ပါ။

Zombie (LoveMedia)

ref - brightside

For Zawgyi

သင့္မ်က္လုံးက ေျပာျပေနတဲ့ က်န္းမာေရးအေျခအေန

မ်က္လုံးက စိတ္ရဲ႕ျပဴတင္းေပါက္ ဆိုၿပီး ေျပာၾကပါတယ္။ ဒီဆို႐ိုးေလးဟာ ဘယ္ကေန ဆင္းသက္လာလဲ ဆိုတာ မသိေပမယ့္ ဒီေန႔ေခတ္မွာေတာ့ မ်က္လုံးက သင့္က်န္းမာေရး အေျခအေနကို ေျပာျပႏိုင္ပါတယ္။

၁။ မ်က္စိနာျခင္း

မ်က္စိနာတာက အေတာ္ကို ခံစားရပါတယ္။ အဆီဂလင္းေၾကာင့္ မ်က္ခြံေပၚမွာ အဖုႀကီး ျဖစ္ေပၚလာပါတယ္။ အဲဒီအဖုက အေနခက္ေစၿပီး ရက္အနည္းငယ္ၾကာပါတယ္။ မ်က္စိနာတာက အခ်ိန္အၾကာႀကီး ျဖစ္ေနၿပီဆိုရင္ အေရျပားကင္ဆာရဲ႕ လကၡဏာပါပဲ။ မ်က္စိနာတာ မေပ်ာက္ဘူးဆိုရင္ ဆရာဝန္ဆီ သြားသင့္ပါၿပီ။

၂။ မ်က္ခုံးေမႊးကြၽတ္ျခင္း

အသက္ႀကီးလာျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ အာဟာရခ်ိဳ႕တဲ့ျခင္းေၾကာင့္ မ်က္ခုံးေမႊးကြၽတ္ပါတယ္။ သိုင္း႐ြိဳက္ေဟာ္မုန္း ျပတ္လပ္တာေၾကာင့္လည္း မ်က္ခုံးကြၽတ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဆံပင္လည္းကြၽတ္ႏိုင္ပါတယ္။ ဆံပင္ေတြ ပါးပါးလာၿပီဆိုရင္ ဆရာဝန္ဆီသြားၿပီး သိုင္း႐ြိဳက္ဂလင္း အေျခအေနကို စစ္ေဆးသင့္ပါတယ္။

၃။ မ်က္လုံးမႈန္ျခင္း

ကြန္ပ်ဴတာေရွ႕၊ ဖုန္းေရွ႕မွာ အခ်ိန္ၾကာျမင့္စြာကုန္ျခင္းက မ်က္လုံးကို မႉန္ေစပါတယ္။ အခုေခတ္မွာဆိုရင္ မ်က္လုံးမႈန္တဲ့သူေတြ အေတာ္မ်ားလာၾကပါတယ္။ မ်က္လုံးမႈန္လာၿပီဆိုရင္ အခ်ိန္မဆြဲဘဲ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

၄။ အလင္းေရာင္မ်ားကို မၾကည့္ႏိုင္ျခင္း

အလင္းေရာင္ေတြကို မၾကည့္ႏိုင္ေတာ့ဘူးဆိုရင္ သတိထားဖို႔လိုပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ျခင္းေၾကာင့္လည္း အေရာင္ေတာက္ေတာက္ေတြ၊ အလင္းစူးရွရွေတြကို မၾကည့္ႏိုင္ေတာ့တာ ျဖစ္ႏိုင္ပါတယ္။ ဒီလိုလကၡဏာ ခဏခဏျဖစ္ေနရင္ ဆရာဝန္ဆီျမန္ျမန္သြားျပတာ ပိုေကာင္းပါတယ္။

၅။ မ်က္လုံးျပဴးလာျခင္း

မ်က္လုံးကိုပြတ္လိုက္ရင္၊ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္ရင္ အျမင္ၾကည္လာတယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ မ်က္လုံးရဲ႕အခ်ိဳ႕အစိတ္အပိုင္းေတြ က်ယ္လာတယ္လို႔ထင္ရင္ သိုင္း႐ြိဳက္ကလင္းမ်ားေနတာပါ။ မ်က္လုံးမွိတ္ဖို႔ ခက္လာၿပီ ဆိုတာကလည္း မ်က္လုံးျပဴးလာတာကိုလည္း ျဖစ္ေစပါတယ္။ အဲဒါေၾကာင့္ မ်က္လုံးကပုံမွန္ထက္ ပိုျပဴးလာရင္ ဂ႐ုမစိုက္ဘဲ မေနသင့္ပါဘူး။

၆။ မ်က္လုံးဝါလာျခင္း

မွန္ေရွ႕ကို ေန႔တိုင္းေရာက္ေနေပမယ့္ မ်က္လုံးဝါတာကိုေတာ့ သတိမထားမိၾကပါဘူး။ အ႐ြယ္ေရာက္ၿပီးသူေတြ၊ အသည္းမဖြံ႕ၿဖိဳးေသးတဲ့ ေမြးကင္းစကေလးေတြမွာ အသားဝါေရာဂါ ျဖစ္ႏိုင္ပါတယ္။ မ်က္လုံးဝါျခင္းက သည္းေျခအိတ္နဲ႔ ဆက္စပ္ေနပါတယ္။ မ်က္လုံးက တျဖည္းျဖည္းဝါလာရင္ မေပါ့ဆသင့္ဘဲ ဆရာဝန္ဆီသြားျပသင့္ပါတယ္။

၇။ ဆီးခ်ိဳေရာဂါေၾကာင့္ မ်က္လုံးတိမ္ဆြဲျခင္း

ဆီးခ်ိဳေရာဂါရွိတဲ့သူေတြက က်န္းမာေရးကို အထူးဂ႐ုစိုက္ဖို႔ လိုပါတယ္။ ေနာက္ၿပီး မ်က္လုံးက်န္းမာေရးကိုလည္း မေမ့သင့္ပါဘူး။ ဆီးခ်ိဳေရာဂါက မ်က္ေၾကာလႊာေသြးေၾကာေတြကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ အဲဒီေနာက္မွာ မ်က္လုံးက တိမ္စြဲလာႏိုင္ပါတယ္။ ဆိုးဝါးမလာခင္မွာ မ်က္စိအထူးကု ဆရာဝန္နဲ႔ျပသင့္ပါတယ္။

၈။ ႏွစ္ထပ္ျမင္ျခင္း၊ မ်က္လုံးတိမ္စြဲျခင္း၊ အျမင္ခြၽတ္ယြင္းလာျခင္း

အျမင္အာ႐ုံ ေျပာင္းလဲလာျခင္း သတိေပးတဲ့ ေခါင္းေလာင္းလိုပါပဲ။ ခ်က္ခ်င္းတုံ႔ျပန္ေပးဖို႔ လိုပါတယ္။ အရာဝတၱဳမ်ားကို ႏွစ္ထပ္ျမင္ျခင္း၊ မ်က္လုံးတိမ္စြဲလာျခင္း၊ ခဏတာ အျမင္အာ႐ုံ ကြယ္ေပ်ာက္ျခင္းတို႔ျဖစ္လာရင္ ဆရာဝန္ဆီ သြားဖို႔ လိုလာပါၿပီ။ ဒီလကၡဏာေတြက တစ္ခါတစ္ရံမွာ ေလျဖတ္ေရာဂါရဲ႕ ေရွးဦးလကၡဏာေတြ ျဖစ္လို႔ပါ။

Zombie (LoveMedia)

ref - brightside