ဆေးပညာအရ မျက်လုံးကြွက်သားတွေကို အသုံးမပြုရင် အားနည်းလာပါတယ်။ မျက်လုံးကြွက်သားတွေ အားကောင်းလာဖို့ဆိုရင် ဒီအချက်လေးတွေကို မမေ့ပါနဲ့နော်။

1. မျက်လုံးကို တစ်နေကုန် အသုံးမပြုပါနဲ့။ 2 နာရီ၊ 3 နာရီကြာ အလုပ်လုပ်ပြီးရင် မိနစ်အနည်းငယ်ကြာ မျက်စိမှိတ်ပြီး အနားယူပါ။

2. မျက်လုံးကြွက်သားတွေ အားကောင်းဖို့အတွက် ဒီလေ့ကျင့်ခန်းလေးကို ပြုလုပ်ပေးလို့ ရပါတယ်။ မြားလေးတွေ သွားရာကို လိုက်ကြည့်ပေးရမှာပါ။ အကွက်လေး 16 ကွက်ကို အစဉ်အတိုင်း တစ်နေ့တစ်ခါကြည့်ပေးရင် ရပါပြီ။

© healthjournal365

3. သင်က မျက်မှန်တပ်သူဆိုရင် မျက်မှန်တပ်တဲ့ အချိန်တွေကို လျှော့ချလိုက်ပါ။ တတ်နိုင်သမျှ မျက်မှန်မတပ်ဘဲ နေပါ။

4. ပုံမှာပါတဲ့ အစက်လေးတွေအတိုင်း လက်ညှိုးနဲ့လက်ခလယ်ကို သုံးပြီး မျက်လုံးကို နှိပ်နယ်ပေးပါ။ မျက်စိညောင်းတာ သက်သာစေပါတယ်။

© healthjournal365

5. သင်အပြင်ထွက်ပြီဆိုရင် အပင်စိမ်းစိမ်းစိုစိုလေးတွေကို မိနစ်အနည်းငယ်ကြာ ငေးကြည့်ပေးပါ။

6. ခါကြက်ဥဖျော်ရည်ကို တတ်နိုင်သမျှ များများသောက်ပေးပါ။ နေ့တိုင်းသောက်နိုင်ရင် ပိုကောင်းပါတယ်။ ခါကြက်ဥဖျော်ရည်ထဲကို သံလွင်ဆီထည့်ရင် ပိုပြီးအာနိသင်ရှိပါတယ်။အရသာမပျောက်သွားပါဘူး။

7. မျက်လုံးတွေက ညနေဘက်မှာ ကျိန်းစပ်လာပြီဆိုစက် နေ့စဉ်သုံးနေကျ မျက်စဉ်းဆေးအစား ရှားစောင်းလက်ပတ်အရည်ကို မျက်လုံးမှာခတ်ပေးပါ။ ဒါပေမယ့် ရှားစောင်းလတ်ပတ်ကို မသုံးခင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

© depositphotos

8. မျက်လုံးတွေညောင်းလာပြီဆိုရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။

9. အိပ်ယာမဝင်ခင် 2 နာရီအလိုမှာ TV၊ ကွန်ပြူတာ၊ ဖုန်းမသုံးဘဲ နေကြည့်ပါ။

10. မျက်လုံးအတွက် အိန္ဒိယ တရာတာကာ လေ့ကျင့်ခန်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက မျက်လုံးစူးစိုက်အား ကောင်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ နေရာလွတ်တစ်ခုမှာ ဖယောင်းတိုင်လိုမျိုးအရာတစ်ခုကို ထားပြီး အာရုံစူးစိုက်ကြည့်ပါ။ မျက်တောင်မခတ်ရပါဘူးနော်။ ဖယောင်းတိုင်ရဲ့ အသွင်သဏ္ဍာန်ကို မှတ်ဉာဏ်ထဲမှာ အသေးစိတ် မှတ်မိနေအောင် ကြည့်ရမှာပါ။

ပြီးတော့ မျက်လုံးကို ခဏလောက်မှိတ်လိုက်ပါ။ မျက်လုံးပြန်ဖွင့်ပြီး ဘာမှ မရှိတဲ့နေရာလွတ်ကို စူးစိုက်ကြည့်ပါ။ ပြီးတော့ ဖယောင်းတိုင်ရဲ့အသွင်သဏ္ဍာန်ကို မှတ်မိသလောက် ပုံဖော်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ရည်ရွယ်ချက်က မျက်စိအာရုံ ကြည်လင်သွားစေဖို့ဖြစ်ပါတယ်။

Zombie (LoveMedia)

For Zawgyi

မ်က္စိအျမင္အာ႐ုံ အားေကာင္းေစမယ့္ နည္းလမ္း (၁၀) ခု

ေဆးပညာအရ မ်က္လုံးႂကြက္သားေတြကို အသုံးမျပဳရင္ အားနည္းလာပါတယ္။ မ်က္လုံးႂကြက္သားေတြ အားေကာင္းလာဖို႔ဆိုရင္ ဒီအခ်က္ေလးေတြကို မေမ့ပါနဲ႔ေနာ္။

1. မ်က္လုံးကို တစ္ေနကုန္ အသုံးမျပဳပါနဲ႔။ 2 နာရီ၊ 3 နာရီၾကာ အလုပ္လုပ္ၿပီးရင္ မိနစ္အနည္းငယ္ၾကာ မ်က္စိမွိတ္ၿပီး အနားယူပါ။

2. မ်က္လုံးႂကြက္သားေတြ အားေကာင္းဖို႔အတြက္ ဒီေလ့က်င့္ခန္းေလးကို ျပဳလုပ္ေပးလို႔ ရပါတယ္။ ျမားေလးေတြ သြားရာကို လိုက္ၾကည့္ေပးရမွာပါ။ အကြက္ေလး 16 ကြက္ကို အစဥ္အတိုင္း တစ္ေန႔တစ္ခါၾကည့္ေပးရင္ ရပါၿပီ။

3. သင္က မ်က္မွန္တပ္သူဆိုရင္ မ်က္မွန္တပ္တဲ့ အခ်ိန္ေတြကို ေလွ်ာ့ခ်လိုက္ပါ။ တတ္ႏိုင္သမွ် မ်က္မွန္မတပ္ဘဲ ေနပါ။

4. ပုံမွာပါတဲ့ အစက္ေလးေတြအတိုင္း လက္ညႇိဳးနဲ႔လက္ခလယ္ကို သုံးၿပီး မ်က္လုံးကို ႏွိပ္နယ္ေပးပါ။ မ်က္စိေညာင္းတာ သက္သာေစပါတယ္။

5. သင္အျပင္ထြက္ၿပီဆိုရင္ အပင္စိမ္းစိမ္းစိုစိုေလးေတြကို မိနစ္အနည္းငယ္ၾကာ ေငးၾကည့္ေပးပါ။

6. ခါၾကက္ဥေဖ်ာ္ရည္ကို တတ္ႏိုင္သမွ် မ်ားမ်ားေသာက္ေပးပါ။ ေန႔တိုင္းေသာက္ႏိုင္ရင္ ပိုေကာင္းပါတယ္။ ခါၾကက္ဥေဖ်ာ္ရည္ထဲကို သံလြင္ဆီထည့္ရင္ ပိုၿပီးအာနိသင္ရွိပါတယ္။အရသာမေပ်ာက္သြားပါဘူး။

7. မ်က္လုံးေတြက ညေနဘက္မွာ က်ိန္းစပ္လာၿပီဆိုစက္ ေန႔စဥ္သုံးေနက် မ်က္စဥ္းေဆးအစား ရွားေစာင္းလက္ပတ္အရည္ကို မ်က္လုံးမွာခတ္ေပးပါ။ ဒါေပမယ့္ ရွားေစာင္းလတ္ပတ္ကို မသုံးခင္ ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

8. မ်က္လုံးေတြေညာင္းလာၿပီဆိုရင္ ေရေႏြးနဲ႔ မ်က္ႏွာသစ္ပါ။

9. အိပ္ယာမဝင္ခင္ 2 နာရီအလိုမွာ TV၊ ကြန္ျပဴတာ၊ ဖုန္းမသုံးဘဲ ေနၾကည့္ပါ။

10. မ်က္လုံးအတြက္ အိႏၵိယ တရာတာကာ ေလ့က်င့္ခန္းကို ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းက မ်က္လုံးစူးစိုက္အား ေကာင္းေစၿပီး စိတ္ကို တည္ၿငိမ္ေစပါတယ္။ ေနရာလြတ္တစ္ခုမွာ ဖေယာင္းတိုင္လိုမ်ိဳးအရာတစ္ခုကို ထားၿပီး အာ႐ုံစူးစိုက္ၾကည့္ပါ။ မ်က္ေတာင္မခတ္ရပါဘူးေနာ္။ ဖေယာင္းတိုင္ရဲ႕ အသြင္သ႑ာန္ကို မွတ္ဉာဏ္ထဲမွာ အေသးစိတ္ မွတ္မိေနေအာင္ ၾကည့္ရမွာပါ။

ၿပီးေတာ့ မ်က္လုံးကို ခဏေလာက္မွိတ္လိုက္ပါ။ မ်က္လုံးျပန္ဖြင့္ၿပီး ဘာမွ မရွိတဲ့ေနရာလြတ္ကို စူးစိုက္ၾကည့္ပါ။ ၿပီးေတာ့ ဖေယာင္းတိုင္ရဲ႕အသြင္သ႑ာန္ကို မွတ္မိသေလာက္ ပုံေဖာ္ၾကည့္ပါ။ ဒီေလ့က်င့္ခန္းရဲ႕ရည္႐ြယ္ခ်က္က မ်က္စိအာ႐ုံ ၾကည္လင္သြားေစဖို႔ျဖစ္ပါတယ္။

Zombie (LoveMedia)