ကမ္ဘာပေါ်က အမျိုးသမီးတွေက ဗိုက်ကအဆီတွေ ကျသွားအောင် ကြိုးစားနေကြတာ နှစ်ပေါင်းမနည်းတော့ ပါဘူး။ ဗိုက်က အဆီတွေ ကျဖို့ ဆိုတာ အမျိုးသမီးတွေအတွက် အခက်အခဲဆုံးအစာတွေထဲက တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့် နည်းလမ်းတွေကို သိသွားရင်တော့ ဘာပဲစားစား ဗိုက်မှာ အဆီတွေပြန်တက်လာမှာကို ပူစရာမလိုတော့ပါဘူး။

1. လေ့ကျင့်ခန်း (1)

© Depositphotos.com

- ဖျာပေါ်မှာ လဲလျောင်းပြီး ခြေထောက်နှစ်ချောင်းကို ဆန့်တန်းထားပါ။

- ခြေထောက်တစ်ဖက်ကို မြောက်လိုက်၊ ချလိုက်နဲ့ 15 ကြိမ်လုပ်ပါ။ ပြီးရင် နောက်တစ်ဖက်ကို ပြောင်းလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းကို အချိန် 5 မိနစ်ပေးရုံနဲ့ ပြုလုပ်တဲ့အခါ

- ကယ်လိုရီတွေ လောင်ကျွမ်းသွားပါတယ်။

- နှလုံးကျန်းမာရေးအတွက်လည်း တိုးတက်လာပါတယ်။

- ဗိုက်က အဆီတွေ နည်းသွားပါတယ်။

- အစာအိမ်ကိုလည်း ကျန်းမာစေပါတယ်။

2. လေ့ကျင့်ခန်း (2)

© Depositphotos.com

- ပြန့်ပြူးတဲ့ ကြမ်းပြင်ပေါ်မှာ လဲလျောင်းလိုက်ပြီး ခြေထောက်ကို 90 ဒီဂရီ အနေအထားဖြစ်အောင် မြောက်ပါ။

တစ်နေ့ကို 15 ကြိမ်ခန့် ဒီလေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါ

- ဗိုက်ကြွက်သားတွေ သန်မာလာစေပါတယ်။

- ခန္ဓာကိုယ်အနေအထားတွေလည်း မှန်လာပါတယ်။

- ခြေထောက်ကြွက်သားတွေလည်း သန်မာလာပါတယ်။

3. လေ့ကျင့်ခန်း (3)

© Depositphotos.com

- ခြေထောက်တစ်ဖက်ကို အနောက်ဖက်မှာ ထောက်ပြီး ဒူးကွေးလိုက်ပါ။

- နောက်ကို ထောက်ထားတဲ့ခြေထောက်နဲ့ ခန္ဓာကိုယ်ရဲ့အရှေ့ဘက်ကို ကန်ပါ။

- တစ်ဖက်ကို 15 ကြိမ်စီ ပြုလုပ်ပါ။

ဒီလေ့ကျင့်ခန်းတွေရဲ့ အကျိုးကျေးဇူးတွေကတော့

- နှလုံးကျန်းမာရေး ကောင်းလာပါတယ်။

- ကျောရိုးမကြီးရဲ့ ကျန်းမာရေး ကောင်းလာပါတယ်။

- တင်းနေတဲ့ကြွက်သားတွေ လျော့လာပါတယ်။

- ကြွက်သားတွေလည်း သန်မာလာပါတယ်။

4 လေ့ကျင့်ခန်း (4)

© Depositphotos.com

- Plank ထောက်သလို အနေအထားမှာ နေပါ။ လက်နှစ်ဖက်ကို ပုခုံးနဲ့ တန်းတန်းမှာ ထောက်ပြီး ခြေထောက်တွေကို နောက်မှာ ဆန့်တန်းထားပါ။

- ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်မတ်မတ်ထားပါ။

- ဒူးတစ်ဖက်ကို ရင်ဘတ်နားအထိ ရောက်အောင် ကွေးလိုက်ပါ။ ပြီးတော့ ခြေထောက်ကို တန်းတန်းပဲ ပြန်ထားပါ။

- ခြေထောက်တစ်ဖက်ကို 15 ကြိမ်စီ ပြုလုပ်ပါ။

ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားရတာဖြစ်လို့ ဒီလေ့ကျင့်ခန်းကို လုပ်တဲ့အခါ

- ကယ်လိုရီတွေ လောင်ကျွမ်းပါတယ်။

- ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားတွေ သန်မာလာပါတယ်။

5. လေ့ကျင့်ခန်း (5)

© Depositphotos.com

- ဖျာတစ်ချပ်ပေါ်မှာ လဲလျောင်းလိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းအနောက်ဘက်ကို ပို့လိုက်ပါ။

- ခြေထောက်နှစ်ဖက်လုံးကို မပြီး ဒူးကို ကွေးလိုက်ပါ။

- ညာဘက်ခြေထောက်ကို ရင်ဘတ်နားအထိ ရောက်အောင်ကွေးပြီး ညာဖက်ကိုတော့ ဆန့်တန်းထားပါ။

- ညာဖက်ခြေထောက်ပြီးရင် ဘယ်ဖက်ခြေထောက်ကို ရင်ဘတ်အထိရောက်အောင် ကွေးပါ။

ဒီလေ့ကျင့်ခန်းက စက်ဘီးစီးသလို အနေအထားနဲ့ တူပါတယ်။ ခြေထောက်တစ်ဖက်စီကို 15 ကြိမ်ပြုလုပ်ပေးပါ။အဲဒီအခါ

- တင်ပါးကြွက်သားတွေ လျော့နေတာ နည်းသွားပါတယ်။

- ဗိုက်ကြွက်သားတွေ သန်မာလာပါတယ်။

- ပေါင်က အဆီတွေလည်း ကျသွားပါတယ်။

6. လေ့ကျင့်ခန်း (6)

© Depositphotos.com

- လက်နှစ်ဖက်ကို ထိုင်ခုံတစ်လုံးပေါ်မှာ ထောက်ပါ။

- ခုံကို လူရဲ့အရှေ့မှာ ထားပါ။

- ခြေထောက်နှစ်ဖက်လုံးကို ခုံရဲ့ညာဖက်ကို ခုန်ကူးလိုက်၊ ဘယ်ဖက်ကို ခုန်ကူးလိုက် လုပ်ပါ။

- အကြိမ် 20 ကို သွက်သွက်လေးပြုလုပ်ပါ။

ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ

- ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေ သန်မာလာပါတယ်။

- ကယ်လိုရီတွေလည်း လောင်ကျွမ်းသွားပါတယ်။

7. လေ့ကျင့်ခန်း (7)

© Depositphotos.com

- ဖျာတစ်ချပ်ပေါ်မှာ လက်ထောက်ထားပြီး ဒူးကို ကွေးထားပါ။

- ညာဖက်လက်က အပေါ်ကို မြောက်ထားတဲ့အချိန်မှာ ဘယ်ဖက်ခြေထောက်က အပေါ်ကို မြောက်ပါ။

- ဘယ်ဖက်လက်က မြောက်နေတဲ့အချိန်မှာ ညာဖက်ခြေထောက်ကို အပေါ်ကို မြောက်ထားပါ။

ဒီလေ့ကျင့်ခန်းကို တစ်နေ့ 16 ကြိမ်ပြုလုပ်တဲ့အခါ

- ကျောရိုးမကြီးရဲ့ကျန်းမာရေးကောင်းလာပါတယ်။

- ကိုယ်အလေးချိန်ကျတာလည်း မြန်လာပါတယ်။

- ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေလည်း မြန်လာပါတယ်။

Zombie (LoveMedia)

For Zawgyi

အခ်ိန္ ၅ မိနစ္ေပး႐ုံနဲ႔ ဗိုက္ကအဆီေတြ က်သြားေစမယ့္ ေလ့က်င့္ခန္း (7) ခု

ကမာၻေပၚက အမ်ိဳးသမီးေတြက ဗိုက္ကအဆီေတြ က်သြားေအာင္ ႀကိဳးစားေနၾကတာ ႏွစ္ေပါင္းမနည္းေတာ့ ပါဘူး။ ဗိုက္က အဆီေတြ က်ဖို႔ ဆိုတာ အမ်ိဳးသမီးေတြအတြက္ အခက္အခဲဆုံးအစာေတြထဲက တစ္ခုလည္း ျဖစ္ေနျပန္ပါတယ္။ ဒါေပမယ့္ နည္းလမ္းေတြကို သိသြားရင္ေတာ့ ဘာပဲစားစား ဗိုက္မွာ အဆီေတြျပန္တက္လာမွာကို ပူစရာမလိုေတာ့ပါဘူး။

1. ေလ့က်င့္ခန္း(1)

- ဖ်ာေပၚမွာ လဲေလ်ာင္းၿပီး ေျခေထာက္ႏွစ္ေခ်ာင္းကို ဆန႔္တန္းထားပါ။

- ေျခေထာက္တစ္ဖက္ကို ေျမာက္လိုက္၊ ခ်လိုက္နဲ႔ 15 ႀကိမ္လုပ္ပါ။ ၿပီးရင္ ေနာက္တစ္ဖက္ကို ေျပာင္းလုပ္ေပးပါ။

ဒီေလ့က်င့္ခန္းကို အခ်ိန္ 5 မိနစ္ေပး႐ုံနဲ႔ ျပဳလုပ္တဲ့အခါ

- ကယ္လိုရီေတြ ေလာင္ကြၽမ္းသြားပါတယ္။

- ႏွလုံးက်န္းမာေရးအတြက္လည္း တိုးတက္လာပါတယ္။

- ဗိုက္က အဆီေတြ နည္းသြားပါတယ္။

- အစာအိမ္ကိုလည္း က်န္းမာေစပါတယ္။

2.ေလ့က်င့္ခန္း(2)

- ျပန႔္ျပဴးတဲ့ ၾကမ္းျပင္ေပၚမွာ လဲေလ်ာင္းလိုက္ၿပီး ေျခေထာက္ကို 90 ဒီဂရီ အေနအထားျဖစ္ေအာင္ ေျမာက္ပါ။

တစ္ေန႔ကို 15 ႀကိမ္ခန႔္ ဒီေလ့က်င့္ခန္းကို ျပဳလုပ္တဲ့အခါ

- ဗိုက္ႂကြက္သားေတြ သန္မာလာေစပါတယ္။

- ခႏၶာကိုယ္အေနအထားေတြလည္း မွန္လာပါတယ္။

- ေျခေထာက္ႂကြက္သားေတြလည္း သန္မာလာပါတယ္။

3. ေလ့က်င့္ခန္း (3)

- ေျခေထာက္တစ္ဖက္ကို အေနာက္ဖက္မွာ ေထာက္ၿပီး ဒူးေကြးလိုက္ပါ။

- ေနာက္ကို ေထာက္ထားတဲ့ေျခေထာက္နဲ႔ ခႏၶာကိုယ္ရဲ႕အေရွ႕ဘက္ကို ကန္ပါ။

- တစ္ဖက္ကို 15 ႀကိမ္စီ ျပဳလုပ္ပါ။

ဒီေလ့က်င့္ခန္းေတြရဲ႕ အက်ိဳးေက်းဇူးေတြကေတာ့

- ႏွလုံးက်န္းမာေရး ေကာင္းလာပါတယ္။

- ေက်ာ႐ိုးမႀကီးရဲ႕ က်န္းမာေရး ေကာင္းလာပါတယ္။

- တင္းေနတဲ့ႂကြက္သားေတြ ေလ်ာ့လာပါတယ္။

- ႂကြက္သားေတြလည္း သန္မာလာပါတယ္။

4 ေလ့က်င့္ခန္း(4)

- Plank ေထာက္သလို အေနအထားမွာ ေနပါ။ လက္ႏွစ္ဖက္ကို ပုခုံးနဲ႔ တန္းတန္းမွာ ေထာက္ၿပီး ေျခေထာက္ေတြကို ေနာက္မွာ ဆန႔္တန္းထားပါ။

- ခႏၶာကိုယ္ကို ေျဖာင့္ေျဖာင့္မတ္မတ္ထားပါ။

- ဒူးတစ္ဖက္ကို ရင္ဘတ္နားအထိ ေရာက္ေအာင္ ေကြးလိုက္ပါ။ ၿပီးေတာ့ ေျခေထာက္ကို တန္းတန္းပဲ ျပန္ထားပါ။

- ေျခေထာက္တစ္ဖက္ကို 15 ႀကိမ္စီ ျပဳလုပ္ပါ။

ခႏၶာကိုယ္တစ္ခုလုံး လႈပ္ရွားရတာျဖစ္လို႔ ဒီေလ့က်င့္ခန္းကို လုပ္တဲ့အခါ

- ကယ္လိုရီေတြ ေလာင္ကြၽမ္းပါတယ္။

- ခႏၶာကိုယ္အေပၚပိုင္းႂကြက္သားေတြ သန္မာလာပါတယ္။

5. ေလ့က်င့္ခန္း (5)

- ဖ်ာတစ္ခ်ပ္ေပၚမွာ လဲေလ်ာင္းလိုက္ၿပီး လက္ႏွစ္ဖက္ကို ေခါင္းအေနာက္ဘက္ကို ပို႔လိုက္ပါ။

- ေျခေထာက္ႏွစ္ဖက္လုံးကို မၿပီး ဒူးကို ေကြးလိုက္ပါ။

- ညာဘက္ေျခေထာက္ကို ရင္ဘတ္နားအထိ ေရာက္ေအာင္ေကြးၿပီး ညာဖက္ကိုေတာ့ ဆန႔္တန္းထားပါ။

- ညာဖက္ေျခေထာက္ၿပီးရင္ ဘယ္ဖက္ေျခေထာက္ကို ရင္ဘတ္အထိေရာက္ေအာင္ ေကြးပါ။

ဒီေလ့က်င့္ခန္းက စက္ဘီးစီးသလို အေနအထားနဲ႔ တူပါတယ္။ ေျခေထာက္တစ္ဖက္စီကို 15 ႀကိမ္ျပဳလုပ္ေပးပါ။အဲဒီအခါ

- တင္ပါးႂကြက္သားေတြ ေလ်ာ့ေနတာ နည္းသြားပါတယ္။

- ဗိုက္ႂကြက္သားေတြ သန္မာလာပါတယ္။

- ေပါင္က အဆီေတြလည္း က်သြားပါတယ္။

6. ေလ့က်င့္ခန္း (6)

- လက္ႏွစ္ဖက္ကို ထိုင္ခုံတစ္လုံးေပၚမွာ ေထာက္ပါ။

- ခုံကို လူရဲ႕အေရွ႕မွာ ထားပါ။

- ေျခေထာက္ႏွစ္ဖက္လုံးကို ခုံရဲ႕ညာဖက္ကို ခုန္ကူးလိုက္၊ ဘယ္ဖက္ကို ခုန္ကူးလိုက္ လုပ္ပါ။

- အႀကိမ္ 20 ကို သြက္သြက္ေလးျပဳလုပ္ပါ။

ဒီေလ့က်င့္ခန္းလုပ္တဲ့အခါ

- ခႏၶာကိုယ္ေအာက္ပိုင္းႂကြက္သားေတြ သန္မာလာပါတယ္။

- ကယ္လိုရီေတြလည္း ေလာင္ကြၽမ္းသြားပါတယ္။

7. ေလ့က်င့္ခန္း (7)

- ဖ်ာတစ္ခ်ပ္ေပၚမွာ လက္ေထာက္ထားၿပီး ဒူးကို ေကြးထားပါ။

- ညာဖက္လက္က အေပၚကို ေျမာက္ထားတဲ့အခ်ိန္မွာ ဘယ္ဖက္ေျခေထာက္က အေပၚကို ေျမာက္ပါ။

- ဘယ္ဖက္လက္က ေျမာက္ေနတဲ့အခ်ိန္မွာ ညာဖက္ေျခေထာက္ကို အေပၚကို ေျမာက္ထားပါ။

ဒီေလ့က်င့္ခန္းကို တစ္ေန႔ 16 ႀကိမ္ျပဳလုပ္တဲ့အခါ

- ေက်ာ႐ိုးမႀကီးရဲ႕က်န္းမာေရးေကာင္းလာပါတယ္။

- ကိုယ္အေလးခ်ိန္က်တာလည္း ျမန္လာပါတယ္။

- ခႏၶာကိုယ္က ဇီဝကမၼျဖစ္စဥ္ေတြလည္း ျမန္လာပါတယ္။

Zombie (LoveMedia)