ဘရာဇီးနိုင်ငံက Dr Diogo Rabelo ရဲ့ ထူးဆန်းတဲ့ မင်္ဂလာပွဲက လူအများကြားမှာ အလွန်ကိုပျံ့နှံ့သွားခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ကိုယ်သူ ပြန်လက်ထပ်လိုက်လို့ပါပဲ။ သူ့ရဲ့မင်္ဂလာပွဲကို မိသားစုဝင်တွေနဲ့ ခင်မင်ရင်းနှီးသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အသက် ၃၃ နှစ်အရွယ် Dr Diogo Rabelo ဟာ သူ့ရဲ့လှပတဲ့မင်္ဂလာပွဲကို Bahia မှာရှိတဲ့ Itcaré ကမ်းခြေက resort တစ်ခုမှာ ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲကိုတော့ ရိုးရာအစဥ်အလာတွေအတိုင်း ကျင်းပခဲ့တာပါ။ သူ့ရဲ့မင်္ဂလာပွဲက ခန့်မှန်းခြေ ဘရာဇီးရီးယဲ ၃၅၀၀၀၀ ကုန်ကျခဲ့ပါတယ်။ သူနဲ့စေ့စပ်ထားတဲ့ အမျိုးသားနဲ့ ဂျူလိုင်လတုန်းက ဆက်တိုက်စကားများ ရန်ဖြစ်ပြီးနောက် မင်္ဂလာပွဲကို ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။ Dr Diogo က မကောင်းတဲ့အမြင်တွေကို ကောင်းတဲ့အမြင်တွေအဖြစ် ပြောင်းလဲခဲ့ပါတယ်။

သူတို့နှစ်ယောက်က စေ့စပ်တာပျက်သွားပေမယ့် Dr Diogo က Ex အပေါ် အညှိုးအတေး မထားခဲ့ပါဘူး။ Ex ကို လေးစားတန်ဖိုးထားဆဲပါပဲလို့ Dr Diogo က ပြောပါတယ်။ Dr Diogoက သူ့ရဲ့ရည်းစားဟောင်း အမျိုးသားကို သူလုပ်ချင်သမျှ လုပ်နိုင်ဖို့ ခွင့်ပြုပေးလိုက်တာပါ။

" ဒီလိုလက်ထပ်ရမယ့် အခိုက်အတန့်အချိန်လေးကို ကျွန်တော်တို့နှစ်ယောက်လုံး စိတ်ကူးယဥ်ခဲ့ကြတယ်။ တကယ်ဆို ဒီနေ့က ကျွန်တော်တို့အတွက် အလွန်ကို အဓိပ္ပါယ်ရှိနေမှာပဲ။ နောက်ဆုံးတော့ တစ်ယောက်တည်းနေတာပဲ ပိုကောင်းပါတယ်"လို့ သူ့ရဲ့ Instagram မှာ တင်ခဲ့ပါတယ်။

Ex က သူ့ကို တန်ဖိုးရှိတဲ့လူ တစ်ယောက်အဖြစ် သင်ကြားပေးခဲ့လို့ "ဆရာကြီး"လို့ ခေါ်ခဲ့ပါတယ်။ သူ့ ex နဲ့ သူ့မှာ မမေ့နိုင်တဲ့အမှတ်တရများစွာရှိခဲ့ပုံပါပဲ။ နောက်ဆုံးမှာတော့ Rabelo က အခြေအနေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်ခဲ့ပြီး သူ့ကိုယ်သူ လက်ထပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတော့တယ်။

သူဟာ အရှုံးသမားမဟုတ်ကြောင်း၊ ဘဝမှာပျော်ရွှင်ဖို့ ex မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်စရာမလိုကြောင်း လူအများကို သိစေချင်လို့ သူ့ကိုယ်သူပဲ လက်ထပ်လိုက်တာပါ။ အဓိကကတော့ သူစိမ်းတစ်ယောက်ကို မချစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့ဦးနော်။

Zombie (Lovemedia)

For Zawgyi

ေစ့စပ္ထားတဲ့ အမ်ိဳးသားနဲ႔ လမ္းခြဲၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ ျပန္လက္ထပ္လိုက္တဲ့အမ်ိဳးသား

ဘရာဇီးႏိုင္ငံက Dr Diogo Rabelo ရဲ႕ ထူးဆန္းတဲ့ မဂၤလာပြဲက လူအမ်ားၾကားမွာ အလြန္ကိုပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ သူ႔ကိုယ္သူ ျပန္လက္ထပ္လိုက္လို႔ပါပဲ။ သူ႔ရဲ႕မဂၤလာပြဲကို မိသားစုဝင္ေတြနဲ႔ ခင္မင္ရင္းႏွီးသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ Dr Diogo Rabelo ဟာ သူ႔ရဲ႕လွပတဲ့မဂၤလာပြဲကို Bahia မွာရွိတဲ့ Itcaré ကမ္းေျခက resort တစ္ခုမွာ က်င္းပခဲ့ပါတယ္။

မဂၤလာပြဲကိုေတာ့ ႐ိုးရာအစဥ္အလာေတြအတိုင္း က်င္းပခဲ့တာပါ။ သူ႔ရဲ႕မဂၤလာပြဲက ခန္႔မွန္းေျခ ဘရာဇီးရီးယဲ ၃၅၀၀၀၀ ကုန္က်ခဲ့ပါတယ္။ သူနဲ႔ေစ့စပ္ထားတဲ့ အမ်ိဳးသားနဲ႔ ဂ်ဴလိုင္လတုန္းက ဆက္တိုက္စကားမ်ား ရန္ျဖစ္ၿပီးေနာက္ မဂၤလာပြဲကို က်င္းပဖို႔ ဆုံးျဖတ္ခဲ့တာပါ။ Dr Diogo က မေကာင္းတဲ့အျမင္ေတြကို ေကာင္းတဲ့အျမင္ေတြအျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္က ေစ့စပ္တာပ်က္သြားေပမယ့္ Dr Diogo က Ex အေပၚ အညႇိဳးအေတး မထားခဲ့ပါဘူး။ Ex ကို ေလးစားတန္ဖိုးထားဆဲပါပဲလို႔ Dr Diogo က ေျပာပါတယ္။ Dr Diogoက သူ႔ရဲ႕ရည္းစားေဟာင္း အမ်ိဳးသားကို သူလုပ္ခ်င္သမွ် လုပ္ႏိုင္ဖို႔ ခြင့္ျပဳေပးလိုက္တာပါ။

" ဒီလိုလက္ထပ္ရမယ့္ အခိုက္အတန္႔အခ်ိန္ေလးကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး စိတ္ကူးယဥ္ခဲ့ၾကတယ္။ တကယ္ဆို ဒီေန႔က ကြၽန္ေတာ္တို႔အတြက္ အလြန္ကို အဓိပၸါယ္ရွိေနမွာပဲ။ ေနာက္ဆုံးေတာ့ တစ္ေယာက္တည္းေနတာပဲ ပိုေကာင္းပါတယ္"လို႔ သူ႔ရဲ႕ Instagram မွာ တင္ခဲ့ပါတယ္။

Ex က သူ႔ကို တန္ဖိုးရွိတဲ့လူ တစ္ေယာက္အျဖစ္ သင္ၾကားေပးခဲ့လို႔ "ဆရာႀကီး"လို႔ ေခၚခဲ့ပါတယ္။ သူ႔ ex နဲ႔ သူ႔မွာ မေမ့ႏိုင္တဲ့အမွတ္တရမ်ားစြာရွိခဲ့ပုံပါပဲ။ ေနာက္ဆုံးမွာေတာ့ Rabelo က အေျခအေနကို ခြဲျခမ္းစိတ္ျဖာ သုံးသပ္ႏိုင္ခဲ့ၿပီး သူ႔ကိုယ္သူ လက္ထပ္ဖို႔ပဲ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

သူဟာ အရႈံးသမားမဟုတ္ေၾကာင္း၊ ဘဝမွာေပ်ာ္႐ႊင္ဖို႔ ex မဟုတ္တဲ့ အျခားတစ္ေယာက္နဲ႔ လက္ထပ္စရာမလိုေၾကာင္း လူအမ်ားကို သိေစခ်င္လို႔ သူ႔ကိုယ္သူပဲ လက္ထပ္လိုက္တာပါ။ အဓိကကေတာ့ သူစိမ္းတစ္ေယာက္ကို မခ်စ္ခင္မွာ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ဖို႔မေမ့ပါနဲ႔ဦးေနာ္။

Zombie (Lovemedia)