ကိုယ်နဲ့ လက်ထပ်မယ့် မိန်းလေး တစ်ယောက်ရဲ့ အကြောင်းကို တစ်ရက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ လက်ထပ်ဖို့ အတွက် ဆုံးဖြတ်ချက် ချခြင်းဟာ နှစ်ယောက်လုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေလို့ပါ။ တကယ်လို့ ဆုံးဖြတ်ချက် မှားခဲ့ရင်၊ လူရွေး မှားခဲ့ရင် တစ်ဘဝလုံး ခံစားနေရတော့ မှာပါ။ ကိုယ်နဲ့ လက်ထပ်မယ့် မိန်းကလေးမှာ ဒီလိုလက္ခဏာတွေ ရှိနေရင် လက်ထပ်ဖို့ အချိန် မဆွဲသင့်တော့ ပါဘူး။

၁။ အဆင်ပြေတဲ့ မိသားစု ဖြစ်ဖို့အတွက် မိန်းကလေးဘက်က အဓိက ကျပါတယ်။ အမျိုးသမီးတွေက ပျော်စရာကောင်းတဲ့ ဆက်ဆံရေး ဖြစ်လာအောင် တည်ဆောက်နိုင် ပါတယ်။ မိသားစု တစ်ခုတည်ဆောက်ဖို့ သို့မဟုတ် ဖျက်ဆီးဖို့ ဆိုတာက အမျိုးသမီးတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ အမျိုးသမီးတွေက ဂြိုဟ်အားလုံးရဲ့ ဝန်းရံခြင်းကို ခံရတဲ့ နေကြီးနဲ့ တူပါတယ်။

မိသားစု အားလုံးရဲ့ ကောင်းမှု၊ ဆိုးမှုကလည်း အမေတစ်ယောက်ရဲ့ လိမ္မာပါးနပ်မှု အပေါ် မူတည်ပါတယ်။ ကိုယ်နဲ့ လက်ထပ်မယ့် မိန်းကလေးက တာဝန်ယူတတ်တဲ့ စိတ်ရှိဖို့ လိုပါတယ်။ အဲဒါကြောင့် အိမ်ထောင်ဖက် ရွေးတော့မယ် ဆိုရင် အချိန်သေချာယူပြီး စဉ်းစားသင့် ပါတယ်။

၂။ နောက်ထပ် အချက်တခုကတော့ မိန်းကလေးတစ်ယောက်က ပညာတတ်၊ ပညာရှိဖို့ လိုတာပါ။ ပညာတတ်တိုင်းလည်း ပညာ မရှိသလို၊ ပညာရှိတိုင်းလည်း ပညာမတတ် ပါဘူး။ ပညာကို ကောင်းကောင်း မသင်ယူခဲ့ရ ပေမယ့် ပညာရှိတဲ့ အမျိုးသမီးတွေလည်း အများကြီး ရှိပါတယ်။ ပညာတတ်၊ ပညာရှိ အမျိုးသမီးက အခြေအနေနဲ့ အချိန်အခါကို ပိုပြီး သိမြင်နားလည်နိုင်စွမ်း ရှိပါတယ်။ ပညာတတ်၊ ပညာရှိခြင်းက မိမိကိုယ်ကို သာမက မိသားစုအတွက်လည်း အကျိုးရှိစေပါတယ်။

၃။ နောက်တစ်ချက်က ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ သဘာဝရှိဖို့ လိုတာပါ။ တချို့မိန်းကလေးတွေက အိမ်မှုကိစ္စ လုပ်ရတာကို သိမ်ငယ်စရာ၊ ရှက်ရွံ့စရာလို့ ထင်ကြပါတယ်။ အိမ်မှုကိစ္စတွေကို နေ့စဉ်လုပ်ရတာ ငြီးငွေ့စရာကောင်းတယ်လို့ တချို့က ထင်ကြပါတယ်။ အိမ်မှုကိစ္စတွေနဲ့ အလုပ်ကိစ္စတွေ ကို မျှတအောင် စီမံခန့်ခွဲတတ်တဲ့ မိန်းကလေးက လက်ထပ်သင့်တဲ့ မိန်းကလေး ပါပဲ။

အမျိုးသမီး တစ်ယောက်နဲ့ အမျိုးသား တစ်ယောက် လက်ထပ်လိုက် တာဟာ လူတစ်ယောက်တည်းနဲ့ လက်ထပ်လိုက်တာ မဟုတ်ပါဘူး။ တစ်မိသားစုလုံးနဲ့ လက်ထပ်လိုက်ရ တာပါ။ အဲဒါကြောင့် မိသားစုဝင် အားလုံးနဲ့ အဆင်ပြေဖို့လည်း လိုပါတယ်။ တစ်ဖက်က မိသားစုကို ကိုယ့်ရဲ့ မိသားစုလို သဘောထားဆက်ဆံရင် ပြဿနာ မရှိလာနိုင်ပါဘူး။ အဲဒီအခါ မိသားစုဝင် အားလုံးရဲ့ ချစ်ခင်မှုကိုပါ ရရှိမှာပါ။

Zombie (LoveMedia)

For Zawgyi

လက္ထပ္သင့္တဲ့ မိန္းကေလး တစ္ေယာက္ရဲ႕ လကၡဏာ (၃) ရပ္

ကိုယ္နဲ႔ လက္ထပ္မယ့္ မိန္းေလး တစ္ေယာက္ရဲ႕ အေၾကာင္းကို တစ္ရက္တည္းနဲ႔ ဆုံးျဖတ္လို႔ မရပါဘူး။ လက္ထပ္ဖို႔ အတြက္ ဆုံးျဖတ္ခ်က္ ခ်ျခင္းဟာ ႏွစ္ေယာက္လုံးရဲ႕ အနာဂတ္နဲ႔ သက္ဆိုင္ေနလို႔ပါ။ တကယ္လို႔ ဆုံးျဖတ္ခ်က္ မွားခဲ့ရင္၊ လူေ႐ြး မွားခဲ့ရင္ တစ္ဘဝလုံး ခံစားေနရေတာ့ မွာပါ။ ကိုယ္နဲ႔ လက္ထပ္မယ့္ မိန္းကေလးမွာ ဒီလိုလကၡဏာေတြ ရွိေနရင္ လက္ထပ္ဖို႔ အခ်ိန္ မဆြဲသင့္ေတာ့ ပါဘူး။

၁။ အဆင္ေျပတဲ့ မိသားစု ျဖစ္ဖို႔အတြက္ မိန္းကေလးဘက္က အဓိက က်ပါတယ္။ အမ်ိဳးသမီးေတြက ေပ်ာ္စရာေကာင္းတဲ့ ဆက္ဆံေရး ျဖစ္လာေအာင္ တည္ေဆာက္ႏိုင္ ပါတယ္။ မိသားစု တစ္ခုတည္ေဆာက္ဖို႔ သို႔မဟုတ္ ဖ်က္ဆီးဖို႔ ဆိုတာက အမ်ိဳးသမီးေတြရဲ႕ လက္ထဲမွာ ရွိပါတယ္။ အမ်ိဳးသမီးေတြက ၿဂိဳဟ္အားလုံးရဲ႕ ဝန္းရံျခင္းကို ခံရတဲ့ ေနႀကီးနဲ႔ တူပါတယ္။

မိသားစု အားလုံးရဲ႕ ေကာင္းမႈ၊ ဆိုးမႈကလည္း အေမတစ္ေယာက္ရဲ႕ လိမၼာပါးနပ္မႈ အေပၚ မူတည္ပါတယ္။ ကိုယ္နဲ႔ လက္ထပ္မယ့္ မိန္းကေလးက တာဝန္ယူတတ္တဲ့ စိတ္ရွိဖို႔ လိုပါတယ္။ အဲဒါေၾကာင့္ အိမ္ေထာင္ဖက္ ေ႐ြးေတာ့မယ္ ဆိုရင္ အခ်ိန္ေသခ်ာယူၿပီး စဥ္းစားသင့္ ပါတယ္။

၂။ ေနာက္ထပ္ အခ်က္တခုကေတာ့ မိန္းကေလးတစ္ေယာက္က ပညာတတ္၊ ပညာရွိဖို႔ လိုတာပါ။ ပညာတတ္တိုင္းလည္း ပညာ မရွိသလို၊ ပညာရွိတိုင္းလည္း ပညာမတတ္ ပါဘူး။ ပညာကို ေကာင္းေကာင္း မသင္ယူခဲ့ရ ေပမယ့္ ပညာရွိတဲ့ အမ်ိဳးသမီးေတြလည္း အမ်ားႀကီး ရွိပါတယ္။ ပညာတတ္၊ ပညာရွိ အမ်ိဳးသမီးက အေျခအေနနဲ႔ အခ်ိန္အခါကို ပိုၿပီး သိျမင္နားလည္ႏိုင္စြမ္း ရွိပါတယ္။ ပညာတတ္၊ ပညာရွိျခင္းက မိမိကိုယ္ကို သာမက မိသားစုအတြက္လည္း အက်ိဳးရွိေစပါတယ္။

၃။ ေနာက္တစ္ခ်က္က ေျပာင္းလြယ္ျပင္လြယ္ႏိုင္တဲ့ သဘာဝရွိဖို႔ လိုတာပါ။ တခ်ိဳ႕မိန္းကေလးေတြက အိမ္မႈကိစၥ လုပ္ရတာကို သိမ္ငယ္စရာ၊ ရွက္႐ြံ႕စရာလို႔ ထင္ၾကပါတယ္။ အိမ္မႈကိစၥေတြကို ေန႔စဥ္လုပ္ရတာ ၿငီးေငြ႕စရာေကာင္းတယ္လို႔ တခ်ိဳ႕က ထင္ၾကပါတယ္။ အိမ္မႈကိစၥေတြနဲ႔ အလုပ္ကိစၥေတြ ကို မွ်တေအာင္ စီမံခန႔္ခြဲတတ္တဲ့ မိန္းကေလးက လက္ထပ္သင့္တဲ့ မိန္းကေလး ပါပဲ။

အမ်ိဳးသမီး တစ္ေယာက္နဲ႔ အမ်ိဳးသား တစ္ေယာက္ လက္ထပ္လိုက္ တာဟာ လူတစ္ေယာက္တည္းနဲ႔ လက္ထပ္လိုက္တာ မဟုတ္ပါဘူး။ တစ္မိသားစုလုံးနဲ႔ လက္ထပ္လိုက္ရ တာပါ။ အဲဒါေၾကာင့္ မိသားစုဝင္ အားလုံးနဲ႔ အဆင္ေျပဖို႔လည္း လိုပါတယ္။ တစ္ဖက္က မိသားစုကို ကိုယ့္ရဲ႕ မိသားစုလို သေဘာထားဆက္ဆံရင္ ျပႆနာ မရွိလာႏိုင္ပါဘူး။ အဲဒီအခါ မိသားစုဝင္ အားလုံးရဲ႕ ခ်စ္ခင္မႈကိုပါ ရရွိမွာပါ။

Zombie (LoveMedia)