ကလေးတွေငိုတဲ့အခါ မိဘတွေကို စိုးရိမ်စိတ်ပူပြီး ကလေးအငိုတိတ်အောင် ချော့ကြရပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ကလေးတွေ ငိုတဲ့အခါ အရမ်းစိုးရိမ်စရာမလိုဘဲ ကလေးတွေကို လွတ်လွတ်လပ်လပ် ငိုခွင့်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။
၁။ ငိုတာက စိတ်ဖိအားတွေ၊ စိတ်မကြည်တာတွေကို လျော့စေပါတယ်။
![]() |
© Depositphotos.com |
ကလေးတွေက အလိုအကျတဲ့အခါ၊ စိတ်ဆိုးစိတ်ကောက်တဲ့အခါ ငိုတတ်ကြပါတယ်။ ငိုလိုက်တဲ့အခါ သူတို့စိတ်ထဲဖြစ်နေတဲ့ ဖိအားတွေ၊ စိတ်ဆိုးစိတ်ကောက်တာတွေက လျော့သွားပါတယ်။ စိတ်ဖိအားတွေ များလာတဲ့အခါ ခန္ဓါကိုယ်မှာ ကော်တီဇုန်းဟော်မုန်းထွက်လာပါတယ်။ မျက်ရည်က ကော်တီဇုန်းဟော်မုန်း ထွက်လာတာကို နည်းသွားစေပါတယ်။ အဲဒါကြောင့် ငိုပြီးတဲ့အခါ ကလေးတွေက ရွှင်ရွှင်ပျပျရှိလာကြပါတယ်။
၂။ ငိုတာက ကလေးတွေကို လိုက်ရောညီထွေဖြစ်အောင် ကူညီပေးပါတယ်။
ကလေးတွေ မသိတဲ့၊ နားမလည်နိုင်တဲ့ စည်းကမ်းတွေက အများကြီးပါပဲ။ အဲဒါကြောင့် လူကြီးမိဘတွေ မကြိုက်တဲ့အရာတွေကို ကလေးတွေ လုပ်မိတတ်ပါတယ်။ မိဘတွေက ဆူလို့ ကလေးတွေ ငိုသွားတဲ့အခါ အမှန်တရားကို လက်ခံသွားနိုင်ပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်သွားပါတယ်။
၃။ မျက်ရည်က စိတ်ခံစားချက်တွေကို တိုးတက်စေပါတယ်။
![]() |
© Depositphotos.com |
ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ ခွင့်ပြုသင့်ပါတယ်။အဲဒီအခါ ကလေးတွေရဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်လာပြီး ဉာဏ်ရည်လည်း တိုးတက်လာပါတယ်။
၄။ နာကျင်မှုကို လျော့ပါးသွားစေခြင်း
![]() |
© Depositphotos.com |
ငိုတဲ့အခါ oxytocin နဲ့ endorphins ဟော်မုန်းတွေ ထွက်ပါတယ်။ အဲဒီဟော်မုန်းတွေက ခန္ဓါကိုယ်မှာ နာကျင်နေတာတွေ၊ စိတ်ခံစားနေရတာတွေကို လျော့ပါးသွားစေပါတယ်။ သင့်ကလေးက စက်ဘီးမှောက်သွားလို့ ငိုတဲ့အခါ မတားသင့်ပဲ အားရပါးရ ငိုခွင့်ပြုသင့်ပါတယ်နော်။
၅။ အပြုအမူများ တိုးတက်လာခြင်း
ကလေးတွေငိုတဲ့အခါ မိဘတွေကို စိတ်တိုလာပြီး ဆူမိတတ်ကြပါတယ်။ အဲဒီအခါ ကလေးက ပိုပြီး ငိုတတ်ပါတယ်။ ကလေးတွေ ငိုတဲ့အချိန်မှာ လူကြီးမိဘတွေ အကြောင်းအကျိုးကို ရှင်းပြတဲ့အခါ ဂျီမကျတော့ဘဲ အပြုအမူတွေ တိုးတက်လာပါတယ်။
zombie (Lovemedia)
For Zawgyi
ကေလးေတြကို ဘာလို႔ ငိုခြင့္ေပးသင့္တာလဲ
ကေလးေတြငိုတဲ့အခါ မိဘေတြကို စိုးရိမ္စိတ္ပူၿပီး ကေလးအငိုတိတ္ေအာင္ ေခ်ာ့ၾကရပါတယ္။ ဒါေပမယ့္ ကြၽမ္းက်င္ပညာရွင္ေတြရဲ႕အဆိုအရ ကေလးေတြ ငိုတဲ့အခါ အရမ္းစိုးရိမ္စရာမလိုဘဲ ကေလးေတြကို လြတ္လြတ္လပ္လပ္ ငိုခြင့္ေပးသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။
၁။ ငိုတာက စိတ္ဖိအားေတြ၊ စိတ္မၾကည္တာေတြကို ေလ်ာ့ေစပါတယ္။
ကေလးေတြက အလိုအက်တဲ့အခါ၊ စိတ္ဆိုးစိတ္ေကာက္တဲ့အခါ ငိုတတ္ၾကပါတယ္။ ငိုလိုက္တဲ့အခါ သူတို႔စိတ္ထဲျဖစ္ေနတဲ့ ဖိအားေတြ၊ စိတ္ဆိုးစိတ္ေကာက္တာေတြက ေလ်ာ့သြားပါတယ္။ စိတ္ဖိအားေတြ မ်ားလာတဲ့အခါ ခႏၶါကိုယ္မွာ ေကာ္တီဇုန္းေဟာ္မုန္းထြက္လာပါတယ္။ မ်က္ရည္က ေကာ္တီဇုန္းေဟာ္မုန္း ထြက္လာတာကို နည္းသြားေစပါတယ္။ အဲဒါေၾကာင့္ ငိုၿပီးတဲ့အခါ ကေလးေတြက ႐ႊင္႐ႊင္ပ်ပ်ရွိလာၾကပါတယ္။
၂။ ငိုတာက ကေလးေတြကို လိုက္ေရာညီေထြျဖစ္ေအာင္ ကူညီေပးပါတယ္။
ကေလးေတြ မသိတဲ့၊ နားမလည္ႏိုင္တဲ့ စည္းကမ္းေတြက အမ်ားႀကီးပါပဲ။ အဲဒါေၾကာင့္ လူႀကီးမိဘေတြ မႀကိဳက္တဲ့အရာေတြကို ကေလးေတြ လုပ္မိတတ္ပါတယ္။ မိဘေတြက ဆူလို႔ ကေလးေတြ ငိုသြားတဲ့အခါ အမွန္တရားကို လက္ခံသြားႏိုင္ၿပီး ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြေနတတ္သြားပါတယ္။
၃။ မ်က္ရည္က စိတ္ခံစားခ်က္ေတြကို တိုးတက္ေစပါတယ္။
ကေလးေတြရဲ႕ စိတ္ခံစားခ်က္ေတြကို ေဖာ္ျပဖို႔ ခြင့္ျပဳသင့္ပါတယ္။အဲဒီအခါ ကေလးေတြရဲ႕ လူမႈဆက္ဆံေရးစြမ္းရည္ေတြ တိုးတက္လာၿပီး ဉာဏ္ရည္လည္း တိုးတက္လာပါတယ္။
၄။ နာက်င္မႈကို ေလ်ာ့ပါးသြားေစျခင္း
ငိုတဲ့အခါ oxytocin နဲ႔ endorphins ေဟာ္မုန္းေတြ ထြက္ပါတယ္။ အဲဒီေဟာ္မုန္းေတြက ခႏၶါကိုယ္မွာ နာက်င္ေနတာေတြ၊ စိတ္ခံစားေနရတာေတြကို ေလ်ာ့ပါးသြားေစပါတယ္။ သင့္ကေလးက စက္ဘီးေမွာက္သြားလို႔ ငိုတဲ့အခါ မတားသင့္ပဲ အားရပါးရ ငိုခြင့္ျပဳသင့္ပါတယ္ေနာ္။
၅။ အျပဳအမူမ်ား တိုးတက္လာျခင္း
ကေလးေတြငိုတဲ့အခါ မိဘေတြကို စိတ္တိုလာၿပီး ဆူမိတတ္ၾကပါတယ္။ အဲဒီအခါ ကေလးက ပိုၿပီး ငိုတတ္ပါတယ္။ ကေလးေတြ ငိုတဲ့အခ်ိန္မွာ လူႀကီးမိဘေတြ အေၾကာင္းအက်ိဳးကို ရွင္းျပတဲ့အခါ ဂ်ီမက်ေတာ့ဘဲ အျပဳအမူေတြ တိုးတက္လာပါတယ္။
zombie (Lovemedia)
0 Comments