ကိုယ်အလေးချိန်တက်လာလို့ ဘောင်းဘီခါးဆိုဒ်မတော်တော့တဲ့အခါ အလွန်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ်ဝယ်ထားတဲ့ဘောင်းဘီလေးလည်း ဝတ်ချင်၊ ခါးဆိုဒ်ကလည်း မတော်ဆိုရင် ဘောင်းဘီလေးတွေကို ပြန်သိမ်းရတော့မှာပါ။ ဒါကြောင့် သင့်အတွက် ဂျင်းဘောင်းဘီတွေကို ကိုယ့်ခါးဆိုဒ်နဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။

၁ ။ ရေနဲ့ဖျန်းခြင်း

အရင်ဆုံးဘောင်းဘီကိုကြမ်းပြင်ပေါ်မှာ ဖြန့်ပြီးခင်းချလိုက်ပါ။ ကြက်သီးနွေးရေလေးကို အရမ်းကြီးမစိုသွားအောင်လိုက်ဖျန်းပါ။ နှစ်ဖက်လုံးကိုဖျန်းဖို့တော့ မမေ့ပါနဲ့နော်။

ပြီးရင်တော့ ဂျင်းဘောင်းဘီရဲ့အိတ်ကပ်ပေါ်မှာရပ်ပြီး ဆွဲဆန့်လိုက်ပါ။ လိုအပ်ရင်လည်း ရေကိုထပ်ဖြန်းပါ။ ၁၀မိနစ်လောက်ကြာပြီးသွားရင်တော့ ဘောင်းဘီကိုလှန်းထားလိုက်ပါ။

၂ ။ ရေနွေးစိမ်ခြင်း

ဘောင်းဘီကိုဝတ်ပြီးတော့ ရေနွေးကန်ထဲမှာ ထိုင်ရမှာပါ။ ဆပ်ပြာတွေ၊ အမွှေးရည်တွေထည့်စရာမလိုပါဘူး။

အဲ့လို ရေနွေးကန်ထဲ ၁၅မိနစ်လောက်ထိုင်ပြီးသွားရင်တော့ ရေစစ်ပြီးလှန်းထားလိုက်ပါ။

၃ ။ လေမှုတ်စက်အသုံးပြုခြင်း။

ဘောင်းဘီကို ကြမ်းပြင်ပေါ်အရင်ချထားလိုက်ပြီးတော့ လေမှုတ်စက်နဲ့ ၆ လက်မအကွာလောက်ကနေ မှုတ်ပေးပါ။ မှုတ်ရင်အရှေ့ရော၊ အနောက်ရော သေချာနှံ့စပ်အောင်လုပ်ပါ။

ပြီးရင်တော့ ဘောင်းဘီကို သေချာကိုင်ပြီး ဆွဲလိုက်၊ ဆန့်လိုက်လုပ်ပါ။ ကျပ်နေသေးတယ်ဆိုရင် လေပြန်မှုတ်ပြီး ထပ်ပြီး ဆွဲဆန့်လို့ရပါသေးတယ်။

၄ ။ လေသလပ်ခံခြင်း

အရင်ဆုံးဘောင်းဘီကို လျှော်လိုက်ပါ။ ပြီးနောက်မှာတော့ အင်္ကျီချိတ်တဲ့ချိတ်နဲ့ ချိတ်ပြီး လှန်းထားပါ။ ဘောင်းဘီကို သဘာဝလေနဲ့ အခြောက်ခံပါ။

၅ ။ အဝတ်စအပိုထည့်ချုပ်ခြင်း

ပထမဦးဆုံး သင့်ရဲ့ဘောင်းဘီကိုစမ်းဝတ်ကြည့်ပြီး ခါးဆိုဒ်ဘယ်လောက်ထားရမလဲဆိုတာကို အရင်တိုင်းပါ။

ဘောင်းဘီဘေးဘက် ၃-၄ လက်မလောက်ကို ညှပ်လိုက်ပါ။ ညှပ်ထားတဲ့ ဘေးဘက်နေရာကို ဆန့်လိုက်ပြီး V ပုံစံကို ညှပ်လိုက်ပါ။

ပိတ်စတစ်စကိုလည်း ခုနက ညှပ်ထားတဲ့ V ပုံစံအတိုင်းအတာအတိုင်းညှပ်လိုက်ပါ။

နောက်ဆုံးကတော့ ပိတ်စလေးကို ဘောင်းဘီဘေးသား V နေရာမှာထည့်ချုပ်လိုက်ပါ။

သင့်ခါးနဲ့အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

Zombie (Lovemedia)

For Zawgyi

ဝလာလို့ ခါးဆိုဒ်ကျပ်လာတဲ့အခါ အလွယ်တကူ ဖြေရှင်းနိုင်မယ့်နည်းလမ်း (၅) ခု

ကိုယ်အလေးချိန်တက်လာလို့ ဘောင်းဘီခါးဆိုဒ်မတော်တော့တဲ့အခါ အလွန်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ ကိုယ်ဝယ်ထားတဲ့ဘောင်းဘီလေးလည်း ဝတ်ချင်၊ ခါးဆိုဒ်ကလည်း မတော်ဆိုရင် ဘောင်းဘီလေးတွေကို ပြန်သိမ်းရတော့မှာပါ။ ဒါကြောင့် သင့်အတွက် ဂျင်းဘောင်းဘီတွေကို ကိုယ့်ခါးဆိုဒ်နဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖော်ပြပေးသွားပါမယ်။

၁ ။ ရေနဲ့ဖျန်းခြင်း

အရင်ဆုံးဘောင်းဘီကိုကြမ်းပြင်ပေါ်မှာ ဖြန့်ပြီးခင်းချလိုက်ပါ။ ကြက်သီးနွေးရေလေးကို အရမ်းကြီးမစိုသွားအောင်လိုက်ဖျန်းပါ။ နှစ်ဖက်လုံးကိုဖျန်းဖို့တော့ မမေ့ပါနဲ့နော်။ ပြီးရင်တော့ ဂျင်းဘောင်းဘီရဲ့အိတ်ကပ်ပေါ်မှာရပ်ပြီး ဆွဲဆန့်လိုက်ပါ။ လိုအပ်ရင်လည်း ရေကိုထပ်ဖြန်းပါ။ ၁၀မိနစ်လောက်ကြာပြီးသွားရင်တော့ ဘောင်းဘီကိုလှန်းထားလိုက်ပါ။

၂ ။ ရေနွေးစိမ်ခြင်း

ဘောင်းဘီကိုဝတ်ပြီးတော့ ရေနွေးကန်ထဲမှာ ထိုင်ရမှာပါ။ ဆပ်ပြာတွေ၊ အမွှေးရည်တွေထည့်စရာမလိုပါဘူး။ အဲ့လို ရေနွေးကန်ထဲ ၁၅မိနစ်လောက်ထိုင်ပြီးသွားရင်တော့ ရေစစ်ပြီးလှန်းထားလိုက်ပါ။

၃ ။ လေမှုတ်စက်အသုံးပြုခြင်း။

ဘောင်းဘီကို ကြမ်းပြင်ပေါ်အရင်ချထားလိုက်ပြီးတော့ လေမှုတ်စက်နဲ့ ၆ လက်မအကွာလောက်ကနေ မှုတ်ပေးပါ။ မှုတ်ရင်အရှေ့ရော၊ အနောက်ရော သေချာနှံ့စပ်အောင်လုပ်ပါ။ ပြီးရင်တော့ ဘောင်းဘီကို သေချာကိုင်ပြီး ဆွဲလိုက်၊ ဆန့်လိုက်လုပ်ပါ။ ကျပ်နေသေးတယ်ဆိုရင် လေပြန်မှုတ်ပြီး ထပ်ပြီး ဆွဲဆန့်လို့ရပါသေးတယ်။

၄ ။ လေသလပ်ခံခြင်း

အရင်ဆုံးဘောင်းဘီကို လျှော်လိုက်ပါ။ ပြီးနောက်မှာတော့ အင်္ကျီချိတ်တဲ့ချိတ်နဲ့ ချိတ်ပြီး လှန်းထားပါ။ ဘောင်းဘီကို သဘာဝလေနဲ့ အခြောက်ခံပါ။

၅ ။ အဝတ်စအပိုထည့်ချုပ်ခြင်း

ပထမဦးဆုံး သင့်ရဲ့ဘောင်းဘီကိုစမ်းဝတ်ကြည့်ပြီး ခါးဆိုဒ်ဘယ်လောက်ထားရမလဲဆိုတာကို အရင်တိုင်းပါ။ ဘောင်းဘီဘေးဘက် ၃-၄ လက်မလောက်ကို ညှပ်လိုက်ပါ။ ညှပ်ထားတဲ့ ဘေးဘက်နေရာကို ဆန့်လိုက်ပြီး Vပုံစံကို ညှပ်လိုက်ပါ။ ပိတ်စတစ်စကိုလည်း ခုနက ညှပ်ထားတဲ့ V ပုံစံအတိုင်းအတာအတိုင်းညှပ်လိုက်ပါ။ နောက်ဆုံးကတော့ ပိတ်စလေးကို ဘောင်းဘီဘေးသား V နေရာမှာထည့်ချုပ်လိုက်ပါ။ သင့်ခါးနဲ့အဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

Zombie (Lovemedia)