ထိုင်ဝမ်မှာတော့ တော်တော်ကို ထူးထူးခြားခြား ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ ယာဉ်မတော်တဆမှုကြောင့် ကိုမာဝင်သွားတဲ့ ကောင်လေးဟာ သူ့အစ်ကိုရဲ့ စကားတစ်ခွန်းတစ်ခွန်းကြောင့် ပြန်သတိရလာခဲ့ပါတယ်။ ဂျူလိုင်လတုန်းက အသက် ၁၈ နှစ်အရွယ်ကောင်လေး Chiu ဟာ စကူတာစီးရင်း ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

Source: OVO Health

ကိုယ်တွင်းအင်္ဂါများစွာ ထိခိုက်သွားတာကြောင့် ကိုမာဖြစ်သွားခဲ့ပါတယ်။ အဲဒါကြောင့် Chiu ဟာ Ton Yen အထွေထွေဆေးရုံရဲ့ သီးသန့်လူနာဆောင်မှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ အရေးပေါ်ခွဲစိတ်မှုတွေ ပြလုပ်ခဲ့ပြီးနောက် အခြေအနေက တည်ငြိမ်သွားပါတယ်။ ဒါပေမယ့် ကိုမာကတော့ ဖြစ်နေဆဲပါပဲ။ ဆေးရုံမှာရှိနေတဲ့ နှစ်လသက်တမ်းမှာ နောက်ထပ်ခွဲစိတ်မှု ၆ ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မယုံကြည်နိုင်လောက်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ Chiu ရဲ့မိသားစုဝင်တွေက Chiu ရဲ့ဘေးမှာ အမြဲရှိနေပြီး ပြန်လည်နေကောင်းလာဖို့ ဆုတောင်းပေးနေကြပါတယ်။ ကိုမာဖြစ်နေတဲ့ ၆၂ ရက်မြောက်နေ့မှာတော့ Chiu ရဲ့အစ်ကိုက သတိမေ့နေတဲ့ Chiu ကို "ညီလေး မင်းသတိပြန်ရလာတဲ့အခါ မင်းကြိုက်တဲ့ ကြက်ကင်ဝယ်ကျွေးမယ်"လို့ စနောက်လိုက်ပါတယ်။

Source: Taiwan News

အဲဒီစကား ပြောပြီးပြီးချင်းမှာပဲ Chiu ရဲ့ နှလုံးခုန်နှုန်းက ရုတ်တရက်မြန်လာပြီး ပြန်လည်သတိရလာခဲ့ပါတော့တယ်။ ဆေးရုံက ဝန်ထမ်းတွေကတော့ Chiu ရဲ့ပြန်လည်သတိရလာမှုကို အံ့သြမဆုံး ဖြစ်နေကြပါတယ်။ အပြည့်အဝနေကောင်းပြီး ဆေးရုံဆင်းပြီးနောက်မှာတော့ Chiu က ဆေးရုံက ဝန်ထမ်းတွေကို ကျေးဇူးတင်သောအားဖြင့် ကိတ်တစ်လုံး ပို့ပေးခဲ့ပါတယ်။

Zombie (Lovemedia)

For Zawgyi

ၾကက္ကင္ဆိုတဲ့ အသံကိုၾကားၿပီး ကိုမာျဖစ္ေနရာက သတိျပန္လည္လာတဲ့အမ်ိဳးသား

ထိုင္ဝမ္မွာေတာ့ ေတာ္ေတာ္ကို ထူးထူးျခားျခား ျဖစ္ရပ္တစ္ခု ျဖစ္သြားခဲ့ပါတယ္။ အဲဒါကေတာ့ ယာဥ္မေတာ္တဆမႈေၾကာင့္ ကိုမာဝင္သြားတဲ့ ေကာင္ေလးဟာ သူ႔အစ္ကိုရဲ႕ စကားတစ္ခြန္းတစ္ခြန္းေၾကာင့္ ျပန္သတိရလာခဲ့ပါတယ္။ ဂ်ဴလိုင္လတုန္းက အသက္ ၁၈ ႏွစ္အ႐ြယ္ေကာင္ေလး Chiu ဟာ စကူတာစီးရင္း ယာဥ္မေတာ္တဆမႈတစ္ခု ျဖစ္ခဲ့ပါတယ္။

ကိုယ္တြင္းအဂၤါမ်ားစြာ ထိခိုက္သြားတာေၾကာင့္ ကိုမာျဖစ္သြားခဲ့ပါတယ္။ အဲဒါေၾကာင့္ Chiu ဟာ Ton Yen အေထြေထြေဆး႐ုံရဲ႕ သီးသန႔္လူနာေဆာင္မွာ ေဆးကုသမႈခံယူခဲ့ပါတယ္။ အေရးေပၚခြဲစိတ္မႈေတြ ျပလုပ္ခဲ့ၿပီးေနာက္ အေျခအေနက တည္ၿငိမ္သြားပါတယ္။ ဒါေပမယ့္ ကိုမာကေတာ့ ျဖစ္ေနဆဲပါပဲ။ေဆး႐ုံမွာရွိေနတဲ့ ႏွစ္လသက္တမ္းမွာ ေနာက္ထပ္ခြဲစိတ္မႈ ၆ ခုကို ျပဳလုပ္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ မယုံၾကည္ႏိုင္ေလာက္တဲ့ အျဖစ္အပ်က္ေတြ ျဖစ္ပ်က္ခဲ့ပါတယ္။ Chiu ရဲ႕မိသားစုဝင္ေတြက Chiu ရဲ႕ေဘးမွာ အၿမဲရွိေနၿပီး ျပန္လည္ေနေကာင္းလာဖို႔ ဆုေတာင္းေပးေနၾကပါတယ္။ ကိုမာျဖစ္ေနတဲ့ ၆၂ ရက္ေျမာက္ေန႔မွာေတာ့ Chiu ရဲ႕အစ္ကိုက သတိေမ့ေနတဲ့ Chiu ကို "ညီေလး မင္းသတိျပန္ရလာတဲ့အခါ မင္းႀကိဳက္တဲ့ ၾကက္ကင္ဝယ္ေကြၽးမယ္"လို႔ စေနာက္လိုက္ပါတယ္။

အဲဒီစကား ေျပာၿပီးၿပီးခ်င္းမွာပဲ Chiu ရဲ႕ ႏွလုံးခုန္ႏႈန္းက ႐ုတ္တရက္ျမန္လာၿပီး ျပန္လည္သတိရလာခဲ့ပါေတာ့တယ္။ ေဆး႐ုံက ဝန္ထမ္းေတြကေတာ့ Chiu ရဲ႕ျပန္လည္သတိရလာမႈကို အံ့ၾသမဆုံး ျဖစ္ေနၾကပါတယ္။ အျပည့္အဝေနေကာင္းၿပီး ေဆး႐ုံဆင္းၿပီးေနာက္မွာေတာ့ Chiu က ေဆး႐ုံက ဝန္ထမ္းေတြကို ေက်းဇူးတင္ေသာအားျဖင့္ ကိတ္တစ္လုံး ပို႔ေပးခဲ့ပါတယ္။

Zombie (Lovemedia)