" လကမ္ဘာအထိချစ်တယ်" ဆိုတဲ့စကားက ပါကစ္စတန်နိုင်ငံသား Sohaib Ahmed အတွက်တော့ အပြောသက်သက် မဟုတ်ခဲ့ပါဘူး။ Sohaib ဟာ သူ့ရဲ့ဇနီးအတွက် လက်ထပ်လက်ဆောင်အဖြစ် လကမ္ဘာပေါ်မှာ မြေတစ်ကွက် ဝယ်ပေးခဲ့ပါတယ်။

Source: Dialogue Pakistan

Rawalpindi မှာ နေထိုင်တဲ့ Sohaib ဟာ လပေါ်က မြေတစ်ကွက်ကို Lunar Settlement Initiative (LSI) ကနေ အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာနဲ့ ထူးထူးဆန်းဆန်း ဝယ်ယူလိုက်ပါတယ်။ လပေါ်မှာ ဘာတွေလုပ်နိုင်မလဲ ဆိုရင် ဥပဒေနဲ့ညီတာတွေ အကုန်မှန်သမျှ လုပ်လို့ရတယ်လို့ LSI ကပြောပါတယ်။

Source: Dialogue Pakistan

လကမ္ဘာပေါ်က မြေကွက်ပိုင်ရှင်တွေက လကမ္ဘာပေါ်မှာ နေထိုင်ခွင့်ရမယ်၊ ဥပဒေပြဌာန်းခွင့်ရမယ်၊ လွတ်လပ်တဲ့အစိုးရအဖြစ် ဖွဲ့စည်းလို့ရမယ်လို့ LSI ရဲ့ website မှာ ဖော်ပြထားပါတယ်။ လကမ္ဘာပေါ်မှာ သွားနေမယ် ဆိုရင်တော့ ယာယီနေဖို့ အမိုးအကာအဆောက်အဦ၊ ယာဥ်၊ သတ္တု တူးဖောက်ရေးပစ္စည်း၊ ဧည့်သည် တည်းခိုဖို့နေရာ စတာစတာတွေ လိုအပ်မှာပါ။

Source: Dialogue Pakistan

ဒါပေမယ့် ဒီပိုင်ဆိုင်မှုဟာ နိုင်ငံတကာ သဘောတူစာချုပ် တစ်ခုလိုတော့ တရားမဝင်ပါဘူး။ အနာဂတ်အချိန်မှာတော့ လူသားတွေဟာ လကမ္ဘာမှာ နေထိုင်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

Zombie (Lovemedia)

For Zawgyi

ဇနီးအတြက္ လက္ထပ္လက္ေဆာင္အျဖစ္ လကမာၻေပၚမွာ ေျမတစ္ကြက္ ဝယ္ေပးခဲ့တဲ့အမ်ိဳးသား

" လကမာၻအထိခ်စ္တယ္" ဆိုတဲ့စကားက ပါကစၥတန္ႏိုင္ငံသား Sohaib Ahmed အတြက္ေတာ့ အေျပာသက္သက္ မဟုတ္ခဲ့ပါဘူး။ Sohaib ဟာ သူ႔ရဲ႕ဇနီးအတြက္ လက္ထပ္လက္ေဆာင္အျဖစ္ လကမာၻေပၚမွာ ေျမတစ္ကြက္ ဝယ္ေပးခဲ့ပါတယ္။

Rawalpindi မွာ ေနထိုင္တဲ့ Sohaib ဟာ လေပၚက ေျမတစ္ကြက္ကို Lunar Settlement Initiative (LSI) ကေန အေမရိကန္ေဒၚလာ ၄၅ ေဒၚလာနဲ႔ ထူးထူးဆန္းဆန္း ဝယ္ယူလိုက္ပါတယ္။ လေပၚမွာ ဘာေတြလုပ္ႏိုင္မလဲ ဆိုရင္ ဥပေဒနဲ႔ညီတာေတြ အကုန္မွန္သမွ် လုပ္လို႔ရတယ္လို႔ LSI ကေျပာပါတယ္။

လကမာၻေပၚက ေျမကြက္ပိုင္ရွင္ေတြက လကမာၻေပၚမွာ ေနထိုင္ခြင့္ရမယ္၊ ဥပေဒျပဌာန္းခြင့္ရမယ္၊ လြတ္လပ္တဲ့အစိုးရအျဖစ္ ဖြဲ႕စည္းလို႔ရမယ္လို႔ LSI ရဲ႕ website မွာ ေဖာ္ျပထားပါတယ္။ လကမာၻေပၚမွာ သြားေနမယ္ ဆိုရင္ေတာ့ ယာယီေနဖို႔ အမိုးအကာအေဆာက္အဦ၊ ယာဥ္၊ သတၱဳ တူးေဖာက္ေရးပစၥည္း၊ ဧည့္သည္ တည္းခိုဖို႔ေနရာ စတာစတာေတြ လိုအပ္မွာပါ။

ဒါေပမယ့္ ဒီပိုင္ဆိုင္မႈဟာ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ တစ္ခုလိုေတာ့ တရားမဝင္ပါဘူး။ အနာဂတ္အခ်ိန္မွာေတာ့ လူသားေတြဟာ လကမာၻမွာ ေနထိုင္ႏိုင္မယ္လို႔ ယုံၾကည္ထားၾကပါတယ္။

Zombie (Lovemedia)