ကလေးသုံးယောက်ရဲ့ အမေဖြစ်သူ Kelly Snipes ဟာ အိပ်ပျော်နေတဲ့ အချိန်မှာ aယာင်ပြီးတော့ မကြာခဏ လမ်းထလျှောက် ပါတယ်။ အဲ့ဒီလို အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက် ချိန်မှာ Online က ပစ္စည်းတွေကို ဝယ်လို့ အကြွေးတွေ အများကြီး တင်သွားပါတယ်။

အိပ်ပျော်နေတဲ့အချိန် လမ်းထလျှောက်တာဟာ ငယ်ငယ်ကတည်းက ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ အခါ ဒီအကျင့်က ပိုဆိုးလာပါတယ် ။ အင်္ဂလန်နိုင်ငံ၊ Essex ဒေသက အသက် ၃၇ နှစ် အရွယ် Kelly Snipe ဟာ အိပ်ပျော်နေတဲ့ အချိန် ယောင်ပြီး လမ်းထလျှောက် တတ်တဲ့ အကျင့်ကြောင့် ငွေများစွာ သုံးမိသွားပါတယ်။

သူမဟာ အကြွေးဝယ်ကဒ် ပြုလုပ်ထားတဲ့ အတွက်ကြောင့် Online ကနေ ပစ္စည်းဝယ်ရတာ လွယ်ကူနေတာပါ။ ကွတ်ကီးထည့်တဲ့ ဖန်ပုလင်းလေးကို ၅၈ ပေါင်နဲ့ ဝယ်ပြီး ချိုချဉ်တွေ ဝယ်လိုက်လို့ ပေါင်ရာဂဏန်းလောက် ကုန်သွားပါတယ် ။

Source: Waploft

အဆိုးဆုံး ဝယ်လိုက်တာ ကတော့ ဘတ်စ်ကတ်ဘောကွင်းကို ဝယ်လိုက်တာပါ။။ ကုန်တင်ကား တစ်စီးက ပစ္စည်းတွေ ဆင်ဖို့ အိမ်ကို ရုတ်တရက် ရောက်လာတဲ့ အချိန်ကျမှ ဘတ်စ်ကတ်ဘောကွင်း ဝယ်မိတာကို သိသွားတာပါ ။

အကြွေးတွေ တဖြည်းဖြည်း များလာတာကြောင့် Kelly က ဘတ်စ်ကတ်ဘောကွင်း အပါအဝင် ဝယ်ထားတဲ့ ပစ္စည်းတွေ ပြန်ရောင်းရ ပါတယ်။ အိပ်နေစဉ် ယောင်ပြီး လမ်းထလျှောက်တဲ့ အချိန်မှာ ဈေးဝယ်ထား တာကြောင့် Kelly အတွက် သာမက ကလေးတွေ အတွက်လည်း အန္တရာယ် များပါတယ်။

Source: Fox News

Kelly ကိုယ်ဝန် ၂၀ ပတ်တုန်းက အိပ်ပျော်ဖို့ ဆေးတွေ အလွန်အကျွံ သောက်ခဲ့ပါတယ်။ သူမမှာ ဆီးချိုလည်း ရှိတာကြောင့် Metformin လို့ ခေါ်တဲ့ ဆီးချိုဆေးတွေ ကိုလည်း အလွန်အကျွံ သောက်ခဲ့ပါတယ်။ Kelly က အိမ်မက်ထဲမှာ ဆေးမသောက်ချင်ကြောင်း ဆရာဝန်ကို ပြောကြောင်း၊ နိုးလာတဲ့အချိန်မှာ ဆေးတွေ အားလုံးကို သောက်ပြီးသား ဖြစ်နေကြောင်း ပြောပြပါတယ်။

Kelly ရဲ့ရောဂါဟာ ပထမ ကလေးကို မွေးပြီးတဲ့နောက် ပိုဆိုးလာပါတယ်။ မိသားစု ဆရာဝန် ကလည်း ဒီရောဂါနဲ့ ပတ်သတ်ပြီး မတတ်နိုင် တာကြောင့် တခြားဆရာဝန် နှစ်ယောက်ရဲ့ အကူအညီကို ယူရပါတယ်။ သူမရဲ့ ရောဂါကို အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက်ခြင်းနဲ့ အိပ်စက်မှု မှားယွင်းခြင်းရောဂါ လို့ သတ်မှတ်ကြပါတယ်။

Kelly က သူမရဲ့ အိပ်စက်မှု မှားယွင်းခြင်း ရောဂါကို ပျောက်ဖို့ CPAP စက်နဲ့ ကုသခဲ့ ပါတယ်။ ဒီလိုကုသပြီးတဲ့ နောက်မှာတော့ ကိုယ့်ကိုယ်ကို စိတ်ချသွားသလို အားတွေ ပြန်ပြည့် သွားသလို ခံစားရတယ်လို့ပြောပါတယ်။

Zombie(LoveMedia)

For Zawgyi

အိပ္ေပ်ာ္ေနခ်ိန္မွာ ဘတ္စ္ကတ္ေဘာကြင္း ဝယ္မိသြားတဲ့ အမ်ိဳးသမီး

ကေလးသုံးေယာက္ရဲ႕ အေမျဖစ္သူ Kelly Snipes ဟာ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္မွာ aယာင္ၿပီးေတာ့ မၾကာခဏ လမ္းထေလွ်ာက္ ပါတယ္။ အဲ့ဒီလို အိပ္ေပ်ာ္ေနစဥ္ ေယာင္ၿပီး လမ္းထေလွ်ာက္ ခ်ိန္မွာ Online က ပစၥည္းေတြကို ဝယ္လို႔ အေႂကြးေတြ အမ်ားႀကီး တင္သြားပါတယ္။

အိပ္ေပ်ာ္ေနတဲ့အခ်ိန္ လမ္းထေလွ်ာက္တာဟာ ငယ္ငယ္ကတည္းက ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အ႐ြယ္ေရာက္လာတဲ့ အခါ ဒီအက်င့္က ပိုဆိုးလာပါတယ္ ။ အဂၤလန္ႏိုင္ငံ၊ Essex ေဒသက အသက္ ၃၇ ႏွစ္ အ႐ြယ္ Kelly Snipe ဟာ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္ ေယာင္ၿပီး လမ္းထေလွ်ာက္ တတ္တဲ့ အက်င့္ေၾကာင့္ ေငြမ်ားစြာ သုံးမိသြားပါတယ္။

သူမဟာ အေႂကြးဝယ္ကဒ္ ျပဳလုပ္ထားတဲ့ အတြက္ေၾကာင့္ Online ကေန ပစၥည္းဝယ္ရတာ လြယ္ကူေနတာပါ။ ကြတ္ကီးထည့္တဲ့ ဖန္ပုလင္းေလးကို ၅၈ ေပါင္နဲ႔ ဝယ္ၿပီး ခ်ိဳခ်ဥ္ေတြ ဝယ္လိုက္လို႔ ေပါင္ရာဂဏန္းေလာက္ ကုန္သြားပါတယ္ ။

အဆိုးဆုံး ဝယ္လိုက္တာ ကေတာ့ ဘတ္စ္ကတ္ေဘာကြင္းကို ဝယ္လိုက္တာပါ။။ ကုန္တင္ကား တစ္စီးက ပစၥည္းေတြ ဆင္ဖို႔ အိမ္ကို ႐ုတ္တရက္ ေရာက္လာတဲ့ အခ်ိန္က်မွ ဘတ္စ္ကတ္ေဘာကြင္း ဝယ္မိတာကို သိသြားတာပါ ။

အေႂကြးေတြ တျဖည္းျဖည္း မ်ားလာတာေၾကာင့္ Kelly က ဘတ္စ္ကတ္ေဘာကြင္း အပါအဝင္ ဝယ္ထားတဲ့ ပစၥည္းေတြ ျပန္ေရာင္းရ ပါတယ္။ အိပ္ေနစဥ္ ေယာင္ၿပီး လမ္းထေလွ်ာက္တဲ့ အခ်ိန္မွာ ေဈးဝယ္ထား တာေၾကာင့္ Kelly အတြက္ သာမက ကေလးေတြ အတြက္လည္း အႏၲရာယ္ မ်ားပါတယ္။

Kelly ကိုယ္ဝန္ ၂၀ ပတ္တုန္းက အိပ္ေပ်ာ္ဖို႔ ေဆးေတြ အလြန္အကြၽံ ေသာက္ခဲ့ပါတယ္။ သူမမွာ ဆီးခ်ိဳလည္း ရွိတာေၾကာင့္ Metformin လို႔ ေခၚတဲ့ ဆီးခ်ိဳေဆးေတြ ကိုလည္း အလြန္အကြၽံ ေသာက္ခဲ့ပါတယ္။ Kelly က အိမ္မက္ထဲမွာ ေဆးမေသာက္ခ်င္ေၾကာင္း ဆရာဝန္ကို ေျပာေၾကာင္း၊ ႏိုးလာတဲ့အခ်ိန္မွာ ေဆးေတြ အားလုံးကို ေသာက္ၿပီးသား ျဖစ္ေနေၾကာင္း ေျပာျပပါတယ္။

Kelly ရဲ႕ေရာဂါဟာ ပထမ ကေလးကို ေမြးၿပီးတဲ့ေနာက္ ပိုဆိုးလာပါတယ္။ မိသားစု ဆရာဝန္ ကလည္း ဒီေရာဂါနဲ႔ ပတ္သတ္ၿပီး မတတ္ႏိုင္ တာေၾကာင့္ တျခားဆရာဝန္ ႏွစ္ေယာက္ရဲ႕ အကူအညီကို ယူရပါတယ္။ သူမရဲ႕ ေရာဂါကို အိပ္ေပ်ာ္ေနစဥ္ ေယာင္ၿပီး လမ္းထေလွ်ာက္ျခင္းနဲ႔ အိပ္စက္မႈ မွားယြင္းျခင္းေရာဂါ လို႔ သတ္မွတ္ၾကပါတယ္။

Kelly က သူမရဲ႕ အိပ္စက္မႈ မွားယြင္းျခင္း ေရာဂါကို ေပ်ာက္ဖို႔ CPAP စက္နဲ႔ ကုသခဲ့ ပါတယ္။ ဒီလိုကုသၿပီးတဲ့ ေနာက္မွာေတာ့ ကိုယ့္ကိုယ္ကို စိတ္ခ်သြားသလို အားေတြ ျပန္ျပည့္ သြားသလို ခံစားရတယ္လို႔ေျပာပါတယ္။

Zombie(LoveMedia)