အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေတွေထုတ်ဖို့ လွှဲဖို့ ဘဏ်ကိုတကူးတက သွားနေစရာမလိုတော့ပါဘူး။ လူတိုင်းက ATM card ကိုအသုံးပြုလာကြပြီးတော့ အချိန်ကုန်တာကိုလဲ သက်သာစေပါတယ်။

ATM ကဒ်မှာ pin ဂဏန်း ၆ လုံး ပါဝင်ပြီးတော့ ကိုယ်တစ်ယောက်တည်းကပဲ ထုတ်နိုင်သွင်းနိုင် ပြောင်းလဲနိုင်ပါတယ်။ လူတွေကလဲ ATM ကဒ်ကို ယုံကြည်ပြီးတော့ ဘယ်သူမှမထုတ်နိုင်ဘူးလို့ ထင်ကြပါတယ်။

Yap Yi San ဆိုတဲ့ အမျိုးသားကတော့ သူတကာ မလုပ်နိုင်တာကို လုပ်နိုင်ခဲ့ပါတယ်။ သူဟာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီးတော့ Singapore မှာ နေထိုင်ပါတယ်။ သူဟာ ATM ကဒ်ထဲကနေ ဒေါ်လာ 4,000 ထုတ်ယူခဲ့တာကြောင့် ထောင်နန်း ၂ ပတ် စံသွားရပါတယ်။

Source: Entrepreneurs

အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ATM စက်မှာ ပိုက်ဆံထုတ်ရင်း သူ့ရဲ့ကဒ်ကို ပြန်ယူဖို့ မေ့သွားခဲ့ပါတယ်။ သူကတော့ ဒေါ်လာ 2,000 ထုတ်ပြီး ကဒ်ကို အမှတ်မထင် ကျန်ခဲ့ပါတယ်။

ဒါကို Yap Yi San ဆိုတဲ့ အမျိုးသားက တွေ့သွားခဲ့ပြီးတော့ ပိုက်ဆံတွေကို ထုတ်ယူခဲ့ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ATM ကဒ် အသုံးပြုသူတွေကို ထိတ်လန့်စေခဲ့ပါတယ်။ တရားသူကြီး Marvin Bay ကတော့ ဒီလိုလုပ်သူတွေက အပြစ်ကို ထိုက်ထိုက်တန်တန် ခံစားရမယ်လို့ပြောခဲ့ပါတယ်။ Yape ကလည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးတော့ စီရင်ချက်ချနေတဲ့ အချိန်မှာလည်း နောက်ထပ်ခိုးယူမှု နှစ်ခုကို ထပ်မံပေါင်းထည့်ခဲ့ပါတယ်။

Zombie (Lovemedia)

For Zawgyi

ATM card password ကို ခန့်မှန်းနိုင်ခဲ့လို့ ထောင်ကျသွားတဲ့ အမျိုးသား






Zombie (Lovemedia)