လူတိုင်းက ကိုယ့်ကို ငယ်ရွယ်နုပျိုလှပကြောင်းပြောရင် အလွန်သဘောကျကြပါတယ်။ တချို့ကတော့ ဘယ်လောက်အသက်ကြီးကြီး "မမ"၊ "အစ်မ"၊ "အစ်ကို" လို့ ခေါ်မှ သဘောကျကြပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အသက် ၁၉ နှစ်အရွယ် ကောင်မလေး တစ်ယောက်ကို လူများတဲ့ဈေးတစ်ခုထဲမှာ ပါးရိုက်လိုက်ပါတယ်။ ပါးရိုက်ရတဲ့ အကြောင်းရင်းကတော့ ဈေးထဲမှာ ဖြတ်သွားရင်း သူမကို "အန်တီ" လို့ခေါ်လို့ပါ။

ဆယ်ကျော်သက်ကောင်မလေးက သပ်လတ်ပိုင်းအမျိုးသမီးကို ဈေးထဲမှာ ဖြတ်သွားရင်း "ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါဦး အန်တီ" လို့ ပြောလိုက်ပါတယ်။

Source: Pakistan Latest Youtube

သက်လတ်ပိုင်း အမျိုးသမီးက အလွန်စိတ်တိုသွားပြီး ဆယ်ကျော်သက် မိန်းကလေးကို အလွန်ရိုင်းပျကြောင်းပြောကာ ဆူဆဲလိုက်ပါသေးတယ်။ အဲဒီနောက် ဆယ်ကျော်သက်မိန်းကလေးကို ပါးရိုက်လိုက်ပါတော့တယ်။ အသက် ၄၀ အရွယ်အမျိုးသမီးက ဆယ်ကျော်သက်မိန်းကလေးကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တာကို မျက်မြင်တွေ့ခဲရသူတစ်ယောက်က နိုဝင်ဘာ ၁၀ ရက်နေ့က social media မှာ တင်ခဲ့ပါတယ်။

Source: Pakistan Latest Youtube

လမ်းသွားလမ်းလာတွေက ရန်ပွဲကို ဖြန်ဖြေပေးကြပါတယ်။ အာဏာပိုင်တွေ ရောက်မလာခင်မှာ အသက် ၄၀ အရွယ်အမျိုးသမီးနဲ့ အခြားအမျိုးသမီးတစ်ယောက်က ဆယ်ကျော်သက် မိန်းကလေးကို ဆံပင်ဆွဲဆောင့်တာ၊ ပုဝါကို ဆွဲနေတာကို video ထဲမှာ တွေ့မြင်ရမှာပါ။ သူတို့ ၂ ယောက်လုံးကို ရဲစခန်းက လာရောက်ခေါ်သွားခဲ့ပါတယ်။

အကြောင်းရင်းကတော့ သူမကို အန်တီလို့ခေါ်တာ အရမ်းဒေါသထွက်ပြီး ကိုယ်ထိလက်ရောက် ပြုမူမိသွားတာပါ။ သူတို့နှစ်ယောက်လုံးကလည်း ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာကြသူတွေပါ။ နောက်တော့ သူတို့ရဲ့တွေမျိုးသားချင်းတွေရောက်လာပြီး ပြဿနာကပြေလည်သွားပါတယ်။ အဲဒါကြောင့် ယောင်ပြီး "အန်တီ" လို့ မခေါ်မိအောင် သတိထားကြပါနော်။

ရုပ်သံကြည့်ရန်

Zombie (Lovemedia)

For Zawgyi

၄၀ ေက်ာ္ကို အန္တီေခၚမိလို႔ ဝိုင္းသမခံလိုက္ရတဲ့ မိန္းကေလး

လူတိုင္းက ကိုယ့္ကို ငယ္႐ြယ္ႏုပ်ိဳလွပေၾကာင္းေျပာရင္ အလြန္သေဘာက်ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ဘယ္ေလာက္အသက္ႀကီးႀကီး "မမ"၊ "အစ္မ"၊ "အစ္ကို" လို႔ ေခၚမွ သေဘာက်ၾကပါတယ္။

အိႏၵိယႏိုင္ငံမွာ အသက္အလတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္က အသက္ ၁၉ ႏွစ္အ႐ြယ္ ေကာင္မေလး တစ္ေယာက္ကို လူမ်ားတဲ့ေဈးတစ္ခုထဲမွာ ပါး႐ိုက္လိုက္ပါတယ္။ ပါး႐ိုက္ရတဲ့ အေၾကာင္းရင္းကေတာ့ ေဈးထဲမွာ ျဖတ္သြားရင္း သူမကို "အန္တီ" လို႔ေခၚလို႔ပါ။

ဆယ္ေက်ာ္သက္ေကာင္မေလးက သပ္လတ္ပိုင္းအမ်ိဳးသမီးကို ေဈးထဲမွာ ျဖတ္သြားရင္း "ေက်းဇူးျပဳၿပီး လမ္းဖယ္ေပးပါဦး အန္တီ" လို႔ ေျပာလိုက္ပါတယ္။

သက္လတ္ပိုင္း အမ်ိဳးသမီးက အလြန္စိတ္တိုသြားၿပီး ဆယ္ေက်ာ္သက္ မိန္းကေလးကို အလြန္႐ိုင္းပ်ေၾကာင္းေျပာကာ ဆူဆဲလိုက္ပါေသးတယ္။ အဲဒီေနာက္ ဆယ္ေက်ာ္သက္မိန္းကေလးကို ပါး႐ိုက္လိုက္ပါေတာ့တယ္။ အသက္ ၄၀ အ႐ြယ္အမ်ိဳးသမီးက ဆယ္ေက်ာ္သက္မိန္းကေလးကို ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆိုခဲ့တာကို မ်က္ျမင္ေတြ႕ခဲရသူတစ္ေယာက္က ႏိုဝင္ဘာ၁၀ရက္ေန႔က social media မွာ တင္ခဲ့ပါတယ္။

လမ္းသြားလမ္းလာေတြက ရန္ပြဲကို ျဖန္ေျဖေပးၾကပါတယ္။ အာဏာပိုင္ေတြ ေရာက္မလာခင္မွာ အသက္ ၄၀ အ႐ြယ္အမ်ိဳးသမီးနဲ႔ အျခားအမ်ိဳးသမီးတစ္ေယာက္က ဆယ္ေက်ာ္သက္ မိန္းကေလးကို ဆံပင္ဆြဲေဆာင့္တာ၊ ပုဝါကို ဆြဲေနတာကို video ထဲမွာ ေတြ႕ျမင္ရမွာပါ။ သူတို႔ ၂ ေယာက္လုံးကို ရဲစခန္းက လာေရာက္ေခၚသြားခဲ့ပါတယ္။

အေၾကာင္းရင္းကေတာ့ သူမကို အန္တီလို႔ေခၚတာ အရမ္းေဒါသထြက္ၿပီး ကိုယ္ထိလက္ေရာက္ ျပဳမူမိသြားတာပါ။ သူတို႔ႏွစ္ေယာက္လုံးကလည္း ခ်မ္းသာတဲ့ မိသားစုကေန ဆင္းသက္လာၾကသူေတြပါ။ ေနာက္ေတာ့ သူတို႔ရဲ႕ေတြမ်ိဳးသားခ်င္းေတြေရာက္လာၿပီး ျပႆနာကေျပလည္သြားပါတယ္။ အဲဒါေၾကာင့္ ေယာင္ၿပီး "အန္တီ" လို႔ မေခၚမိေအာင္ သတိထားၾကပါေနာ္။

Zombie (Lovemedia)