သင်က ဗာဒံစေ့ကြိုက်သူဆိုရင်တော့ ဝမ်းသာစရာပါပဲ။ American Heart Association ရဲ့ လေ့လာချက်တစ်ခုအရ အစေ့အဆံတွေကို စားသုံးတာနည်းရင် နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ဖို့ အခွင့်အရေးပိုများကြောင်း ဖော်ပြထားပါတယ်။ အစေ့အဆံတွေထဲမှာမှ ဗာဒံစေ့က အရသာရှိရုံမက ကျန်းမာရေးအတွက်လည်း အကျိုးများစွာရှိစေပါတယ်။

၁။ ဝက်ခြံသက်သာစေခြင်း

© shutterstock.com, © depositphotos.com

အခြေအနေပြင်းထန်စွာ ဝက်ခြံပေါက်သူတွေဟာ သွေးကြောထဲမှာ ဗီတာမင် E 9% ထက် နည်းပါးလို့ပါ။ ဗာဒံစေ့ကို ပုံမှန်စားပေးမယ်ဆိုရင်တော့ ဝက်ခြံအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ ဗာဒံသီးက အသားအရေကို လှပစေလို့ပါ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ရိုးရာအနည်းအတိုင်း ဝက်ခြံကုသမှုမှာ ဗာဒံသီးပါဝင်ပါတယ်။ ဗာဒံသီးမှာ ဗီတာမင် E နဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ဝက်ခြံပေါက်တာကို သက်သာစေပြီး အသားအရေကို တင်းရင်းနုပျိုစေပါတယ်။

၂။ ဆီးချိုကို ကုသပေးနိုင်ခြင်း

© shutterstock.com, © depositphotos.com

ဆီးချိုရောဂါဖြစ်နေသူတွေဟာ ဗာဒံသီးကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းစားသုံးတဲ့အခါ ရောဂါသက်သာလာကြောင်း တွေ့ရှိရပါတယ်။ ဗာဒံသီးက သွေးလွှတ်ကြောမှာ မပိတ်ဆို့အောင် ကာကွယ်ပေးပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓါတ်များတာကို နည်းပါးသွားစေတာကြောင့် ဆီးချိုရောဂါရှိသူတွေဟာ ဗာဒံသီးကို နေ့စဉ်စားပေးသင့်ပါတယ်။

၃။ ကလေးမွေးဖွားပြီးနောက် အကြောပြတ်ရာများကို သက်သာစေခြင်း

© depositphotos.com

အိန္ဒိယနိုင်ငံမှာ ရှေးယခင်ခေတ်ကတည်းက ကုန်ခန်းသွားတဲ့ စွမ်းအင်တွေပြန်ရဖို့ ဗာဒံသီးကို စားကြပါတယ်။ ပြီးတော့ ကလေးမွေးဖွားပြီးတဲ့မိခင်တွေ အကြောပြတ်ရာတွေ မြန်မြန်ပျောက်သွားအောင် ဗာဒံစေ့ကို စားဖို့ အကြံပေးကြပါတယ်။

၄။ ကလေးများကို ဉာဏ်ကောင်းစေခြင်း

© shutterstock.com, © depositphotos.com

ဗာဒံစေ့က ဦးနှောက်စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးပါတယ်။ စပိန်နိုင်ငံက သိပ္ပံပညာရှင်တွေက ကိုယ်ဝန်ဆောင်မိခင် ၂၂၀၈ ကို သုတေသနပြုခဲ့ပါတယ်။ အဲဒီသုတေသနမှာ ကိုယ်ဝန်ဆောင်မိခင်တွေက တစ်ပတ်ကို ဗာဒံသီး ၇၄ ဂရမ်စားရင် မွေးလာတဲ့ကလေးဟာ ဉာဏ်ရည်ပိုပြီးထက်မြက်ကြောင်းတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဗာဒံစေ့စားမယ်ဆိုရင် မွေးလာတဲ့ကလေးက အခြားသူတွေထက် IQ ပိုမြင့်ကြောင်းဖော်ပြထားပါတယ်။

© shutterstock.com, © depositphotos.com

ဗာဒံစေ့အစိမ်းနဲ့ လှော်ထားတဲ့ဗာဒံသီးတို့မှာ အာဟာရဓါတ်ချင်း၊ အာနိသင်ချင်း တူညီပါတယ်။ ဗာဒံသီးကို တစ်ညရေစိမ်စားရင် ဗာဒံစေ့ရဲ့ သဘာဝဆိုးဆေးတွေ လျော့ပါးသွားပါတယ်။ ဒါပေမယ့် ဗာဒံသီးရဲ့သဘာဝဆိုးဆေးနဲ့ပတ်သက်ပြီး တိကျတဲ့ အာနိသင်၊ အကျိုးကျေးဇူးကို မတွေ့ရသေးပါဘူး။

Zombie (Lovemedia)

For Zawgyi

ဗာဒံေစ့စားရင္ ရရွိမယ့္ အက်ိဳးေက်းဇူး (၄) ခု

သင္က ဗာဒံေစ့ႀကိဳက္သူဆိုရင္ေတာ့ ဝမ္းသာစရာပါပဲ။ American Heart Association ရဲ႕ ေလ့လာခ်က္တစ္ခုအရ အေစ့အဆံေတြကို စားသုံးတာနည္းရင္ ႏွလုံးေသြးေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြျဖစ္ဖို႔ အခြင့္အေရးပိုမ်ားေၾကာင္း ေဖာ္ျပထားပါတယ္။ အေစ့အဆံေတြထဲမွာမွ ဗာဒံေစ့က အရသာရွိ႐ုံမက က်န္းမာေရးအတြက္လည္း အက်ိဳးမ်ားစြာရွိေစပါတယ္။

၁။ ဝက္ၿခံသက္သာေစျခင္း

အေျခအေနျပင္းထန္စြာ ဝက္ၿခံေပါက္သူေတြဟာ ေသြးေၾကာထဲမွာ ဗီတာမင္ E 9% ထက္ နည္းပါးလို႔ပါ။ ဗာဒံေစ့ကို ပုံမွန္စားေပးမယ္ဆိုရင္ေတာ့ ဝက္ၿခံအတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ဗာဒံသီးက အသားအေရကို လွပေစလို႔ပါ။ အေရွ႕အလယ္ပိုင္းေဒသရဲ႕ ႐ိုးရာအနည္းအတိုင္း ဝက္ၿခံကုသမႈမွာ ဗာဒံသီးပါဝင္ပါတယ္။ ဗာဒံသီးမွာ ဗီတာမင္ E နဲ႔ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္တာေၾကာင့္ ဝက္ၿခံေပါက္တာကို သက္သာေစၿပီး အသားအေရကို တင္းရင္းႏုပ်ိဳေစပါတယ္။

၂။ ဆီးခ်ိဳကို ကုသေပးႏိုင္ျခင္း

ဆီးခ်ိဳေရာဂါျဖစ္ေနသူေတြဟာ ဗာဒံသီးကို ေန႔စဥ္အစားအေသာက္ထဲမွာ ထည့္သြင္းစားသုံးတဲ့အခါ ေရာဂါသက္သာလာေၾကာင္း ေတြ႕ရွိရပါတယ္။ ဗာဒံသီးက ေသြးလႊတ္ေၾကာမွာ မပိတ္ဆို႔ေအာင္ ကာကြယ္ေပးၿပီး မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့ခ်ေပးပါတယ္။ ဒါ့အျပင္ ေသြးတြင္းသၾကားဓါတ္မ်ားတာကို နည္းပါးသြားေစတာေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြဟာ ဗာဒံသီးကို ေန႔စဥ္စားေပးသင့္ပါတယ္။

၃။ ကေလးေမြးဖြားၿပီးေနာက္ အေၾကာျပတ္ရာမ်ားကို သက္သာေစျခင္း

အိႏၵိယႏိုင္ငံမွာ ေရွးယခင္ေခတ္ကတည္းက ကုန္ခန္းသြားတဲ့ စြမ္းအင္ေတြျပန္ရဖို႔ ဗာဒံသီးကို စားၾကပါတယ္။ ၿပီးေတာ့ ကေလးေမြးဖြားၿပီးတဲ့မိခင္ေတြ အေၾကာျပတ္ရာေတြ ျမန္ျမန္ေပ်ာက္သြားေအာင္ ဗာဒံေစ့ကို စားဖို႔ အႀကံေပးၾကပါတယ္။

၄။ ကေလးမ်ားကို ဉာဏ္ေကာင္းေစျခင္း

ဗာဒံေစ့က ဦးေႏွာက္စြမ္းရည္ေတြကိုလည္း ျမႇင့္တင္ေပးပါတယ္။ စပိန္ႏိုင္ငံက သိပၸံပညာရွင္ေတြက ကိုယ္ဝန္ေဆာင္မိခင္ ၂၂၀၈ ကို သုေတသနျပဳခဲ့ပါတယ္။ အဲဒီသုေတသနမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြက တစ္ပတ္ကို ဗာဒံသီး ၇၄ ဂရမ္စားရင္ ေမြးလာတဲ့ကေလးဟာ ဉာဏ္ရည္ပိုၿပီးထက္ျမက္ေၾကာင္းေတြ႕ရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ကတည္းက ဗာဒံေစ့စားမယ္ဆိုရင္ ေမြးလာတဲ့ကေလးက အျခားသူေတြထက္ IQ ပိုျမင့္ေၾကာင္းေဖာ္ျပထားပါတယ္။

ဗာဒံေစ့အစိမ္းနဲ႔ ေလွာ္ထားတဲ့ဗာဒံသီးတို႔မွာ အာဟာရဓါတ္ခ်င္း၊ အာနိသင္ခ်င္း တူညီပါတယ္။ ဗာဒံသီးကို တစ္ညေရစိမ္စားရင္ ဗာဒံေစ့ရဲ႕ သဘာဝဆိုးေဆးေတြ ေလ်ာ့ပါးသြားပါတယ္။ ဒါေပမယ့္ ဗာဒံသီးရဲ႕သဘာဝဆိုးေဆးနဲ႔ပတ္သက္ၿပီး တိက်တဲ့ အာနိသင္၊ အက်ိဳးေက်းဇူးကို မေတြ႕ရေသးပါဘူး။

Zombie (Lovemedia)