လူတွေဟာ နုပျိုပြီး အသက်ရှည်ရှည် နေချင်ကြပါတယ်။ နေ့စဉ်စားနေတဲ့ အစားအစာတွေက အသက်ရှည်စေပြီး အသားအရေကို လှပအောင် ထိန်းသိမ်းပေးပါတယ်။

၁။ ထောပတ်သီး

© pexels

ထောပတ်သီးမှာ အဆီဓာတ်မြင့်မားစွာ ပါဝင်လို့ ခန္ဓာကိုယ်အလေးချိန် တက်စေတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ထောပတ်သီးမှာ ပါတဲ့ အဆီက ကျန်းမာရေးနဲ့ အလွန်သင့်တော်ပါတယ်။ ထောပတ်သီးကို တစ်နေ့တစ်လုံး စားပေးခြင်းက ကိုလက်စထရောကို လျှော့ချပေးပြီး အသားအရေကို နူးညံ့စေပါတယ်။ ထောပတ်သီးရဲ့ အဆီဓာတ်က ခန္ဓာကိုယ်အတွက် ဗီတာမင်စီ၊ ပိုတက်ဆီယမ်တွေ ထောက်ပံ့ပေးပါတယ်။ ထောပတ်သီးမှာ ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။

၂။ ဘယ်ရီသီး

© pexels

စတော်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီးတွေမှာ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိတွေပါဝင်ပြီး ဆဲလ်ပျက်ဆီးမှုတွေကို နှေးစေပါတယ်။ အဆစ်ပွခြင်း၊ အဆစ်ရောင်ခြင်းနှင့် အဆစ်နာကျင်ခြင်းတွေကို လျှော့ချပေးပါတယ်။ ဘလူးဘယ်ရီသီး စားသုံးခြင်းက ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်ပေးပါတယ်။

၃။ မုန်လာဥဝါ

© Couleur / pixabay

မုန်လာဥဝါမှာ မျက်လုံးကိုအားကောင်းစေတဲ့ Vitamin A ဓာတ် ပါဝင်ပါတယ်။ ဗီတာမင် A က မျက်ကြောလွှာနဲ့ မျက်လုံးရဲ့ အခြားအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို လွယ်ကူစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အရွယ်မတိုင်မီ အရေးအကြောင်းပေါ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ မုန်လာဥဝါက အကျက်လွန်သွားရင် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ဗီတာမင်တွေ လျော့ပါးသွားတတ်ပါတယ်။

၄။ ရှောက်သံပုရာမျိုးဝင် အသီးများ

© Unsplash / Pixabay

ရှောက်၊ သံပုရာမျိုးဝင်အသီးတွေက ဗီတာမင်စီနဲ့ ဖောလစ်အက်ဆစ်တို့ရဲ့ အဓိကအရင်းအမြစ်တွေပါပဲ။ ရှောက်၊ သံပုရာမျိုးဝင်အသီးတွေက ကိုလက်စထရောနဲ့ သွေးအတွင်းက ယူရစ်အက်ဆစ်ကို လျော့ကျစေပါတယ်။ နေ့စဉ်စားသုံးပေးရင် သွေးလည်ပတ်မှာဆိုင်ရာ ပြဿနာ၊ နှလုံးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ရှောက်သီးဖျော်ရည်ကို အစာမရှိပဲသောက်ရင် အူမကြီးကိုရှင်းလင်းစေပြီး ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသားအရေလည်း လှပစေပါတယ်။

၅။ ကြက်သွန်ဖြူ

© postchiangmai0 / Pixabay

ကြက်သွန်ဖြူက သွေးစုတ်ဖုတ်ကောင်တွေကို ခြောက်လှန့်တဲ့ လက်နက်ဖြစ်ရုံမက ရောဂါကူးစက်မှုတွေကိုလည်း ကာကွယ်ပါတယ်။ ကြက်သွန်ဖြူရဲ့ အနံ့ကတော့ ပြင်းပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူက ကျန်းမာရေးအတွက် မယုံနိုင်လောက်တဲ့ အကျိုးကျေးဇူးတွေပေးပါတယ်။ အချိန်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ သဘာဝရဲ့ အထူးလက်ဆောင်ပါ။ ကြက်သွန်ဖြူက ကိုလက်စထရော၊ သွေးလည်ပတ်မှု၊ သွေးတိုးခြင်းကို ထိန်းညှိပေးပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။

၆။ ချောကလက်

© valeria_aksakova / Freepik

ချောကလက်မှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အာဟာရဓာတ်များ ပါဝင်ပါတယ်။ ချောကလက်က ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

၇။ သံလွင်ဆီ

© stevepb / pixabay

သံလွင်ဆီက ကျန်းမာရေးအတွက် သင့်လျော်တဲ့ အစားအစာဖြစ်ရုံမက အသားအရေ ထိန်းသိမ်းဖို့အတွက်လည်း ကောင်းမွန်ပါတယ်။ သံလွင်ဆီက အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။ အိပ်ရာမဝင်ခင်မှာ သံလွင်ဆီ အနည်းငယ်ကို ညင်သာစွာ သုတ်လိမ်းပေးလိုက်ခြင်းဖြင့် အသားအရေကို ချောမွေ့စေပါတယ်။ ရေဓာတ်ကိုလည်း ပြည့်ဝစေပါတယ်။ အရေးအကြောင်းဖြစ်ပေါ်ခြင်းကိုလည်း လျော့နည်းစေပါတယ်။

၈။ ခရမ်းချဉ်သီး

© congerdesign / Pixabay

ခရမ်းချဉ်သီး အရည်ရွှမ်းပြီး အရသာရှိတဲ့ အသီးဖြစ်ရုံမက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ စောလစ်အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးက ခရမ်းလွန်ရောင်ခြည်၊ နှလုံးရောဂါ၊ အိုမင်းရင့်ရော်ခြင်း၊ ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။

၉။ အဆီများသောငါး

© Meditations / Pixabay

ဆော်လမွန်၊ တူနာ၊ ငါးပါးနီ၊ ငါးခွေးလျှာတွေလို အဆီများတဲ့ငါးတွေမှာ အိုမီဂါ 3 ပါဝင်ပါတယ်။ အိုမီဂါ 3 က ဆဲလ်တွေကို အသစ်ပြန်လည်မွေးဖွားစေပြီး ကိုလက်စထရောကို လျော့ကျစေပါတယ်။ အသားအရေ ထိန်းသိမ်းဖို့ အဆီများတဲ့ငါးက အလွန်အကျိုးရှိစေပါတယ်။

၁၀။ နနွင်း

© Ajale / Pixabay

နနွင်းကို အမှုန့်အဖြစ်နဲ့ တွေ့ရများပါတယ်။ နနွင်းက ကင်ဆာရောဂါနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အစာချေဖျက်မှုကိုလည်း အားကောင်းစေပါတယ်။ အသက်အရွယ် အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးကွေးစေပါတယ်။ စိတ်ဖိအားတွေ ဖယ်ရှားပေးပြီး စိတ်ဓာတ်တက်ကြွစေပါတယ်။

၁၁။ Jamon Iberico ဝက်ပေါင်ခြောက်

© Madrover / Pixabay

amon Iberico ဝက်ပေါင်ခြောက်က ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။ လိုအပ်တဲ့ အာဟာရတွေပါဝင်ပြီး နှလုံးသွေးကြောတွေကို အားကောင်းစေပါတယ်။ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေလည်း ပါဝင်ပါတယ်။

Zombie (LoveMedia)

For Zawgyi

သင့္အသက္ကို ၁၀ ႏွစ္ခန႔္ ႏုပ်ိဳသြားေစမယ့္ အစားအစာ ၁၁ မ်ိဳး

လူေတြဟာ ႏုပ်ိဳၿပီး အသက္ရွည္ရွည္ ေနခ်င္ၾကပါတယ္။ ေန႔စဥ္စားေနတဲ့ အစားအစာေတြက အသက္ရွည္ေစၿပီး အသားအေရကို လွပေအာင္ ထိန္းသိမ္းေပးပါတယ္။

၁။ ေထာပတ္သီး

ေထာပတ္သီးမွာ အဆီဓာတ္ျမင့္မားစြာ ပါဝင္လို႔ ခႏၶာကိုယ္အေလးခ်ိန္ တက္ေစတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ေထာပတ္သီးမွာ ပါတဲ့ အဆီက က်န္းမာေရးနဲ႔ အလြန္သင့္ေတာ္ပါတယ္။ ေထာပတ္သီးကို တစ္ေန႔တစ္လုံး စားေပးျခင္းက ကိုလက္စထေရာကို ေလွ်ာ့ခ်ေပးၿပီး အသားအေရကို ႏူးညံ့ေစပါတယ္။ ေထာပတ္သီးရဲ႕ အဆီဓာတ္က ခႏၶာကိုယ္အတြက္ ဗီတာမင္စီ၊ ပိုတက္ဆီယမ္ေတြ ေထာက္ပံ့ေပးပါတယ္။ ေထာပတ္သီးမွာ ေဖာလစ္အက္ဆစ္ဓာတ္ ႂကြယ္ဝပါတယ္။

၂။ ဘယ္ရီသီး

စေတာ္ဘယ္ရီသီး၊ ဘလက္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီး၊ စပ်စ္သီးေတြမွာ အင္တီေအာက္ဆီးဒင့္ ဂုဏ္သတၱိေတြပါဝင္ၿပီး ဆဲလ္ပ်က္ဆီးမႈေတြကို ေႏွးေစပါတယ္။ အဆစ္ပြျခင္း၊ အဆစ္ေရာင္ျခင္းႏွင့္ အဆစ္နာက်င္ျခင္းေတြကို ေလွ်ာ့ခ်ေပးပါတယ္။ ဘလူးဘယ္ရီသီး စားသုံးျခင္းက ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား၊ အယ္လ္ဇိုင္းမားေရာဂါနဲ႔ ဦးေႏွာက္ထိခိုက္ဒဏ္ရာရမႈကို ကာကြယ္ေပးပါတယ္။

၃။ မုန္လာဥဝါ

မုန္လာဥဝါမွာ မ်က္လုံးကိုအားေကာင္းေစတဲ့ Vitamin A ဓာတ္ ပါဝင္ပါတယ္။ ဗီတာမင္ A က မ်က္ေၾကာလႊာနဲ႔ မ်က္လုံးရဲ႕ အျခားအစိတ္အပိုင္းေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို လြယ္ကူေစဖို႔ ကူညီေပးပါတယ္။ ဒါ့အျပင္ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အ႐ြယ္မတိုင္မီ အေရးအေၾကာင္းေပၚျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ မုန္လာဥဝါက အက်က္လြန္သြားရင္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္နဲ႔ ဗီတာမင္ေတြ ေလ်ာ့ပါးသြားတတ္ပါတယ္။

၄။ ေရွာက္သံပုရာမ်ိဳးဝင္ အသီးမ်ား

ေရွာက္၊ သံပုရာမ်ိဳးဝင္အသီးေတြက ဗီတာမင္စီနဲ႔ ေဖာလစ္အက္ဆစ္တို႔ရဲ႕ အဓိကအရင္းအျမစ္ေတြပါပဲ။ ေရွာက္၊ သံပုရာမ်ိဳးဝင္အသီးေတြက ကိုလက္စထေရာနဲ႔ ေသြးအတြင္းက ယူရစ္အက္ဆစ္ကို ေလ်ာ့က်ေစပါတယ္။ ေန႔စဥ္စားသုံးေပးရင္ ေသြးလည္ပတ္မွာဆိုင္ရာ ျပႆနာ၊ ႏွလုံးေရာဂါ၊ အဆစ္အျမစ္ေရာင္ေရာဂါကို ကာကြယ္ေပးပါတယ္။ ေရွာက္သီးေဖ်ာ္ရည္ကို အစာမရွိပဲေသာက္ရင္ အူမႀကီးကိုရွင္းလင္းေစၿပီး ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးပါတယ္။ အသားအေရလည္း လွပေစပါတယ္။

၅။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴက ေသြးစုတ္ဖုတ္ေကာင္ေတြကို ေျခာက္လွန႔္တဲ့ လက္နက္ျဖစ္႐ုံမက ေရာဂါကူးစက္မႈေတြကိုလည္း ကာကြယ္ပါတယ္။ ၾကက္သြန္ျဖဴရဲ႕ အနံ႔ကေတာ့ ျပင္းပါတယ္။ ဒါေပမယ့္ ၾကက္သြန္ျဖဴက က်န္းမာေရးအတြက္ မယုံႏိုင္ေလာက္တဲ့ အက်ိဳးေက်းဇူးေတြေပးပါတယ္။ အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတဲ့ သဘာဝရဲ႕ အထူးလက္ေဆာင္ပါ။ ၾကက္သြန္ျဖဴက ကိုလက္စထေရာ၊ ေသြးလည္ပတ္မႈ၊ ေသြးတိုးျခင္းကို ထိန္းညႇိေပးၿပီး ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ်ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

၆။ ေခ်ာကလက္

ေခ်ာကလက္မွာ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အာဟာရဓာတ္မ်ား ပါဝင္ပါတယ္။ ေခ်ာကလက္က ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအေရ ပ်က္စီးျခင္းကို ကာကြယ္ေပးပါတယ္။

၇။ သံလြင္ဆီ

သံလြင္ဆီက က်န္းမာေရးအတြက္ သင့္ေလ်ာ္တဲ့ အစားအစာျဖစ္႐ုံမက အသားအေရ ထိန္းသိမ္းဖို႔အတြက္လည္း ေကာင္းမြန္ပါတယ္။ သံလြင္ဆီက အေရျပားကို ေရဓာတ္ျဖည့္ေပးပါတယ္။ အိပ္ရာမဝင္ခင္မွာ သံလြင္ဆီ အနည္းငယ္ကို ညင္သာစြာ သုတ္လိမ္းေပးလိုက္ျခင္းျဖင့္ အသားအေရကို ေခ်ာေမြ႕ေစပါတယ္။ ေရဓာတ္ကိုလည္း ျပည့္ဝေစပါတယ္။ အေရးအေၾကာင္းျဖစ္ေပၚျခင္းကိုလည္း ေလ်ာ့နည္းေစပါတယ္။

၈။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီး အရည္႐ႊမ္းၿပီး အရသာရွိတဲ့ အသီးျဖစ္႐ုံမက က်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။ ခရမ္းခ်ဥ္သီးမွာ ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ေစာလစ္အက္ဆစ္ဓာတ္ေတြ ပါဝင္ပါတယ္။ ခရမ္းခ်ဥ္သီးက ခရမ္းလြန္ေရာင္ျခည္၊ ႏွလုံးေရာဂါ၊ အိုမင္းရင့္ေရာ္ျခင္း၊ ကူးစက္ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

၉။ အဆီမ်ားေသာငါး

ေဆာ္လမြန္၊ တူနာ၊ ငါးပါးနီ၊ ငါးေခြးလွ်ာေတြလို အဆီမ်ားတဲ့ငါးေတြမွာ အိုမီဂါ 3 ပါဝင္ပါတယ္။ အိုမီဂါ 3 က ဆဲလ္ေတြကို အသစ္ျပန္လည္ေမြးဖြားေစၿပီး ကိုလက္စထေရာကို ေလ်ာ့က်ေစပါတယ္။ အသားအေရ ထိန္းသိမ္းဖို႔ အဆီမ်ားတဲ့ငါးက အလြန္အက်ိဳးရွိေစပါတယ္။

၁၀။ နႏြင္း

နႏြင္းကို အမႈန႔္အျဖစ္နဲ႔ ေတြ႕ရမ်ားပါတယ္။ နႏြင္းက ကင္ဆာေရာဂါနဲ႔ ေရာင္ရမ္းမႈေတြကို သက္သာေစပါတယ္။ အစာေခ်ဖ်က္မႈကိုလည္း အားေကာင္းေစပါတယ္။ အသက္အ႐ြယ္ အိုမင္းရင့္ေရာ္ျခင္းကိုလည္း ေႏွးေကြးေစပါတယ္။ စိတ္ဖိအားေတြ ဖယ္ရွားေပးၿပီး စိတ္ဓာတ္တက္ႂကြေစပါတယ္။

၁၁။ Jamon Iberico ဝက္ေပါင္ေျခာက္

amon Iberico ဝက္ေပါင္ေျခာက္က ႂကြက္သားဆုံးရႈံးမႈကို ကာကြယ္ေပးပါတယ္။ လိုအပ္တဲ့ အာဟာရေတြပါဝင္ၿပီး ႏွလုံးေသြးေၾကာေတြကို အားေကာင္းေစပါတယ္။ သတၱဳဓာတ္၊ ဗီတာမင္ဓာတ္ေတြလည္း ပါဝင္ပါတယ္။

Zombie (LoveMedia)