နေ့စဉ်ဘဝမှာ ပလက်စတစ်ကို အမြဲလိုလို အသုံးပြုကြပါတယ်။ ပလက်စတစ်အိတ်နဲ့ မုန့်ဝယ်၊ စားစရာတွေ ဝယ်ကြပါတယ်။ တစ်ခါတရံမှာ ဟင်းရည်အပူကြီးတွေကို ပလက်စတစ်အိတ်တွေနဲ့လည်း ထည့်ကြပါသေးတယ်။ ပလက်စတစ်အိတ်နဲ့ ဟင်းရည်အပူတွေကို ထည့်တဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်ချေ များလာတယ်လို့ ဆိုပါတယ်။

Source: HealthDig

၂၀၁၄ ခုနှစ်မှာ ရင်သားကင်ဆာဖြစ်တဲ့ လူနာအရေအတွက်က အများဆုံးဖြစ်ခဲ့တယ်လို့ ထိုင်ဝမ်က ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ ရင်သားကင်ဆာဖြစ်တဲ့ လူနာပေါင်း ၁၀၀၀၀ ရှိခဲ့ကြောင်း၊ လူနာအများစုက သွေးဆုံးပြီးသူတွေနဲ့ အသက် ၄၀ မတိုင်ခင် အရွယ်သူတွေ ဖြစ်ကြကြောင်း Breast cancer centre ရဲ့ ဒါရိုက်တာ Zheng က ပြောပါတယ်။

Source: Hotlah

အသက်၄၀ မတိုင်ခင်မှာ ရင်သားကင်ဆာဖြစ်ရတဲ့ အဓိကအကြောင်းကတော့ အစားအစာတွေကို ပလက်စတစ်အိတ်နဲ့ ထည့်ပြီးဝယ် တတ်တာကြောင့် Zheng က ပြောပါတယ်။ အစားအစာက အပူနဲ့ ပလက်စတစ်က ထွက်တဲ့ အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေတို့ ထိတွေ့ခြင်းက ကျန်းမာရေးကို အလွန်ဒုက္ခပေးပါတယ်။

ပလက်စတစ်နဲ့ ထည့်ထားတဲ့ ပူနေတဲ့ အစားအစာတွေကို စားလိုက်ခြင်းကို သိပ်ကို အန္တရာယ်များပါတယ်။ ပလက်စတစ်မှာ ပါဝင်တဲ့ BPA က ခန္ဓါကိုယ်ရဲ့ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေပြီး အဲဒီကနေ ရင်သားကင်ဆာကို ဖြစ်ပွားစေပါတယ်။

Source: New Talk

အာရှတိုက်မှာနေသူတွေက အသားအရေလတ်ပြီး အပြင်ထွက်တိုင်း sunscreen လိမ်းကြကြောင်း၊ အဲဒီအခါ နေရောင်ခြည်မှာ ပါဝင်တဲ့ vitamin D ကို လုံလုံလောက်လောက် မရရှိတော့ကြောင်း၊ နေရောင်ခြည်ကို နေ့စဉ် ၁၅ မိနစ်တာ ထိတွေ့သင့်ကြောင်း Zheng က ပြောပါတယ်။ ရင်သားကင်ဆာဖြစ်၊ မဖြစ်ကို နှစ်စဉ် စစ်ဆေးသင့်ကြောင်း Zheng က တိုက်တွန်းထားပါသေးတယ် ။ ပူနေတဲ့ အစားအစာတွေကို ပလက်စတစ်အိတ်တွေ၊ ဘူးတွေနဲ့ မထည့်ဘဲ ဂျိုင့်တွေ၊ ပန်းကန်တွေနဲ့သာ ထည့်သင့်ပါတယ်နော်။

Zombie (LoveMedia)

For Zawgyi

ပူေနတဲ့အစားအစာေတြကို ပလက္စတစ္အိတ္နဲ႔ထည့္ျခင္းက ရင္သားကင္ဆာကို ပိုျဖစ္ေစႏိုင္

ေန႔စဥ္ဘဝမွာ ပလက္စတစ္ကို အၿမဲလိုလို အသုံးျပဳၾကပါတယ္။ ပလက္စတစ္အိတ္နဲ႔ မုန႔္ဝယ္၊ စားစရာေတြ ဝယ္ၾကပါတယ္။ တစ္ခါတရံမွာ ဟင္းရည္အပူႀကီးေတြကို ပလက္စတစ္အိတ္ေတြနဲ႔လည္း ထည့္ၾကပါေသးတယ္။ ပလက္စတစ္အိတ္နဲ႔ ဟင္းရည္အပူေတြကို ထည့္တဲ့အခါ ရင္သားကင္ဆာ ျဖစ္ႏိုင္ေခ် မ်ားလာတယ္လို႔ ဆိုပါတယ္။

၂၀၁၄ ခုႏွစ္မွာ ရင္သားကင္ဆာျဖစ္တဲ့ လူနာအေရအတြက္က အမ်ားဆုံးျဖစ္ခဲ့တယ္လို႔ ထိုင္ဝမ္က က်န္းမာေရးဝန္ႀကီးဌာနက ေဖာ္ျပခဲ့ပါတယ္။ တစ္ႏွစ္အတြင္းမွာပဲ ရင္သားကင္ဆာျဖစ္တဲ့ လူနာေပါင္း ၁၀၀၀၀ ရွိခဲ့ေၾကာင္း၊ လူနာအမ်ားစုက ေသြးဆုံးၿပီးသူေတြနဲ႔ အသက္ ၄၀ မတိုင္ခင္ အ႐ြယ္သူေတြ ျဖစ္ၾကေၾကာင္း Breast cancer centre ရဲ႕ ဒါ႐ိုက္တာ Zheng က ေျပာပါတယ္။

အသက္၄၀ မတိုင္ခင္မွာ ရင္သားကင္ဆာျဖစ္ရတဲ့ အဓိကအေၾကာင္းကေတာ့ အစားအစာေတြကို ပလက္စတစ္အိတ္နဲ႔ ထည့္ၿပီးဝယ္ တတ္တာေၾကာင့္ Zheng က ေျပာပါတယ္။ အစားအစာက အပူနဲ႔ ပလက္စတစ္က ထြက္တဲ့ အႏၲရာယ္ရွိတဲ့ ဓါတုပစၥည္းေတြတို႔ ထိေတြ႕ျခင္းက က်န္းမာေရးကို အလြန္ဒုကၡေပးပါတယ္။

ပလက္စတစ္နဲ႔ ထည့္ထားတဲ့ ပူေနတဲ့ အစားအစာေတြကို စားလိုက္ျခင္းကို သိပ္ကို အႏၲရာယ္မ်ားပါတယ္။ ပလက္စတစ္မွာ ပါဝင္တဲ့ BPA က ခႏၶါကိုယ္ရဲ႕ေဟာ္မုန္းေတြကို ကေမာက္ကမျဖစ္ေစၿပီး အဲဒီကေန ရင္သားကင္ဆာကို ျဖစ္ပြားေစပါတယ္။

အာရွတိုက္မွာေနသူေတြက အသားအေရလတ္ၿပီး အျပင္ထြက္တိုင္း sunscreen လိမ္းၾကေၾကာင္း၊ အဲဒီအခါ ေနေရာင္ျခည္မွာ ပါဝင္တဲ့ vitamin D ကို လုံလုံေလာက္ေလာက္ မရရွိေတာ့ေၾကာင္း၊ ေနေရာင္ျခည္ကို ေန႔စဥ္ ၁၅ မိနစ္တာ ထိေတြ႕သင့္ေၾကာင္း Zheng က ေျပာပါတယ္။ ရင္သားကင္ဆာျဖစ္၊ မျဖစ္ကို ႏွစ္စဥ္ စစ္ေဆးသင့္ေၾကာင္း Zheng က တိုက္တြန္းထားပါေသးတယ္ ။ ပူေနတဲ့ အစားအစာေတြကို ပလက္စတစ္အိတ္ေတြ၊ ဘူးေတြနဲ႔ မထည့္ဘဲ ဂ်ိဳင့္ေတြ၊ ပန္းကန္ေတြနဲ႔သာ ထည့္သင့္ပါတယ္ေနာ္။

Zombie (LoveMedia)