ဆားကို နေရာမျိူးစုံမှာ အသုံးပြုကြပေမယ့်လည်း ကျန်းမာရေးအတွက် မကောင်းဟု ယူဆချက်တွေကြောင့် ဆားကို လုံးဝလုံးဝ လျစ်လျူရှုထားကြပါတယ်။ ဒါဟာ မမှန်ကန်ပါဘူး။ ဆားက အရေးပါတဲ့ electrolyte တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ကို ပုံမှန်အလုပ်လုပ်စေပါတယ်။ အကယ်၍ သင်က ဆားကိုရှောင်ရန် ဆုံးဖြတ်ထားပါက မရှောင်ဖို့အတွက် အကြံပေးလိုပါတယ်။ ဆားကို ရှောင်လိုက်တဲ့အခါ ဖြစ်လာမယ့် ဆိုးကျိူးတွေကို ဖော်ပြပေးပါ့မယ်နော်။
၁။ ပထမဆုံး ကိုယ်အလေးချိန် တက်လာနိုင်တယ်။
![]() |
© Piotr Rudziewicz / freeimages |
ဆားစားခြင်း၊ ဆားမစားခြင်းက ဟော်မုန်းတွေအတွက် အရေးကြီးပါတယ်။ ဆားကို လုံးဝမစားတော့ရင် အိုင်အိုဒင်းရင်းမြစ်တွေက အကန့်အသတ် ဖြစ်လာပါတယ်။ ရလဒ်အနေနဲ့ကတော့ ကိုယ်အလေးချိန်တက်လာခြင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့်ကြွက်သားအားနည်းခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားရလာနိုင်ပါတယ်။
၂ ။ နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။
![]() |
Daniel Szwalkiewicz / freeimages, © depositphotos.com |
ဆားကိုလျှော့ပြီး စားသုံးခြင်းက နှလုံးရောဂါ အခံရှိသူများအတွက်တော့ မကောင်းပါဘူး။ ဒါပေမယ့် နှလုံးကျန်းမာရေး ကောင်းသူတွေအတွက်တော့ သိပ်ပြီးကိစ္စမရှိပါဘူး။ ဆားကို လိုအပ်တာထက် ပိုစားသုံးတဲ့အခါ၊ လျှော့စားတဲ့အခါမှာတော့ နှလုံးကို ရောဂါရစေပါတယ်။
၃ ။ Insulin ရဲ့ ခံနိုင်စွမ်းကိုလည်း မြင့်တက်စေတယ်။
![]() |
© depositphotos.com |
လေ့လာမှုတွေအရ စားသောက်တဲ့အခါမှာ Sodium အလုံအလောက်မရရှိရင် Insulin ဓာတ်ခံနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ကိုယ်ခန္ဓာက Insulin ဓာတ်ကို ကောင်းစွာမရရှိရင် သကြားဓာတ် ပိုမိုမြင့်မားစေလာနိုင်တာမို့ပါ။
၄ ။ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ခံစားရမယ်
![]() |
© shutterstock.com |
သွေးထဲမှာ Sodium ပမာဏများစွာ ကျဆင်းသွားတဲ့အခါ ရေဓာတ်ခန်းခြောက်ခြင်းသလို လက္ခဏာများကို ခံစားရလာပါလိမ့်မယ်။ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတော့ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ မူးဝေခြင်း၊ ရေခဏခဏဆာခြင်း စတဲ့အကျိုးဆက်တွေ ခံစားရလာနိုင်ပါတယ်။
၅ ။ ပျိူ့အန်ချင်သလို ခံစားလာရမယ်။
![]() |
© shutterstock.com |
ဆားမစားခြင်းဟာ Cholesterol ကို အဓိက အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အစပိုင်းမှာတော့ ရောဂါလက္ခဏာတွေ မပြပေမယ့်လည်း သင့်ရဲ့နှလုံးအပါအဝင် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိခိုက်လာနိင်ပါတယ်။ အရင်ဆုံး ခံစားရမှာက ပျို့အန်ခြင်းပါ။
Zombie (Lovemedia)
For Zawgyi
ဆားကို လုံးဝလုံးဝမစားတော့ရင် ခန္ဓါကိုယ်မှာ ဘာတွေ ပြောင်းလဲသွားမလဲ

0 Comments