ရွှေဖရုံသီးက ကျန်းမာရေးနဲ့ တကယ်ကို ကိုက်ညီတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ ရွှေဖရုံသီးဖျော်ရည်တစ်ခွက်ကို သောက်တဲ့အခါ ဗီတာမင် ၂.၅ ဆရှိပါတယ်။ ရွှေဖရုံသီးကို နည်းအမျိုးမျိုးနဲ့ ပြုပြင်စားသောက်ကြပါတယ်။ ရွှေဖရုံသီးရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ခြင်း

© Depositphotos.com, © pxhere.com

ရွှေဖရုံသီးမှာ ပါဝင်တဲ့ carotenoids က အင်တီအောက်ဆီးဒင့် တစ်မျိုးပါပဲ။ Carotenoids က ကင်ဆာဆဲလ်တွေကို ချေဖျက်ပေးပါတယ်။ ရွှေဖရုံသီးကို ပုံမှန်စားပေးမယ်ဆိုရင် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ပန်ကရိယကင်ဆာ ဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန်ကျစေခြင်း

© pxhere.com, © pxhere.com

ရွှေဖရုံသီးမှာ ဗီတာမင် A, C နဲ့ E၊ ပိုတက်ဆီယမ်၊ သံဓါတ်နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရွှေဖရုံသီးမှာ ရေဓါတ်လည်း ကြွယ်ဝပါသေးတယ်။ ရွှေဖရုံသီးကို များများစားရင် ဗိုက်ပြည့်သလို ခံစားရပြီး ကိုယ်အလေးချိန်လည်း မတက်တော့ပါဘူး။ အစားစားချင်စိတ်ကို လျှော့ချပေးတဲ့ အမျှင်ဓါတ်လည်းပါတာကြောင့် ဝိတ်ချချင်သူတွေအတွက် ရွှေဖရုံသီးက အသုံးဝင်ပါတယ်။

၃။ ကိုယ်ခံအားကောင်းစေခြင်း

© pxhere.com, © pxhere.com

ရွှေဖရုံသံးမှာ ဗီတာမင် A နဲ့ C များများပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ မျက်လုံးအမြင်အာရုံ ကောင်းစေခြင်း

© pixabay.com

ဗီတာမင် A က မျက်လုံးအမြင်အာရုံအတွက် အကျိုးပြုပါတယ်။ ရွှေဖရုံသီးက မျက်လုံးအတွင်းတိမ် ဖြစ်နိုင်ချေကို နည်းသွားစေကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မျက်လုံးအတွက် လိုအပ်တဲ့ lutein နဲ့ zeaxanthin တွေလည်း ပါတာကြောင့် အသက်ကြီးတဲ့အခါ မျက်လုံးမှုန်တာကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

၅။ နှလုံးကျန်းမာရေးကောင်းစေခြင်း

© shutterstock.com

သွေးတိုးတာက နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ရွှေဖရုံသီးမှာပါတဲ့ ပိုတက်ဆီယမ်က သွေးတိုးကျစေပါတယ်။ အဲဒါကြောင့် လေဖြတ်ဖို့ အခွင့်အလမ်းလည်း နည်းသွားပါပြီ။ ရွှေဖရုံသီးရဲ့ အင်တီအောက်ဆီးဒင့် နှလုံးရောဂါနဲ့ သွေးကြောထဲ သွေးခဲပိတ်တာကိုလည်း ကာကွယ်ပေးပါသေးတယ်။ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် ရွှေဖရုံစေ့က တိုက်ခိုက်ပေးနိုင်ပါတယ်။

၆။ အသားအရေလှပစေခြင်း

© Depositphotos.com

ရွှေဖရုံသီးမှာပါဝင်တဲ့ Carotenoids က အသားအရေနေလောင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် C လည်း ပါတာကြောင့် ကော်လဂျင်ပိုမိုထုတ်လုပ်နိုင်ပြီး အသားအရေလည်း တင်းရင်းလာပါတယ်။ အခြားပါဝင်တဲ့ အာဟာရဓါတ်တွေကလည်း ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးတာကြောင့် မျက်နှာမှာ အရေးအကြောင်းဖြစ်တာအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။

Zombie (Lovemedia)

For Zawgyi

သင္မသိေသးတဲ့ ေ႐ႊဖ႐ုံသီးရဲ႕ အံ့ၾသဖြယ္ေကာင္းက်ိဳး (၆)ခ်က္

ေ႐ႊဖ႐ုံသီးက က်န္းမာေရးနဲ႔ တကယ္ကို ကိုက္ညီတဲ့ အစားအစာထဲမွာ ပါဝင္ပါတယ္။ ေ႐ႊဖ႐ုံသီးေဖ်ာ္ရည္တစ္ခြက္ကို ေသာက္တဲ့အခါ ဗီတာမင္ ၂.၅ ဆရွိပါတယ္။ ေ႐ႊဖ႐ုံသီးကို နည္းအမ်ိဳးမ်ိဳးနဲ႔ ျပဳျပင္စားေသာက္ၾကပါတယ္။ ေ႐ႊဖ႐ုံသီးရဲ႕ ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ျခင္း

ေ႐ႊဖ႐ုံသီးမွာ ပါဝင္တဲ့ carotenoids က အင္တီေအာက္ဆီးဒင့္ တစ္မ်ိဳးပါပဲ။ Carotenoids က ကင္ဆာဆဲလ္ေတြကို ေခ်ဖ်က္ေပးပါတယ္။ ေ႐ႊဖ႐ုံသီးကို ပုံမွန္စားေပးမယ္ဆိုရင္ အစာအိမ္ကင္ဆာ၊ ရင္သားကင္ဆာနဲ႔ ပန္ကရိယကင္ဆာ ျဖစ္ႏိုင္ေခ်ေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂။ ကိုယ္အေလးခ်ိန္က်ေစျခင္း

ေ႐ႊဖ႐ုံသီးမွာ ဗီတာမင္ A, C နဲ႔ E၊ ပိုတက္ဆီယမ္၊ သံဓါတ္နဲ႔ အျခားအာဟာရဓါတ္ေတြ ပါဝင္ပါတယ္။ ဒါတင္မကေသးပါဘူး။ ေ႐ႊဖ႐ုံသီးမွာ ေရဓါတ္လည္း ႂကြယ္ဝပါေသးတယ္။ ေ႐ႊဖ႐ုံသီးကို မ်ားမ်ားစားရင္ ဗိုက္ျပည့္သလို ခံစားရၿပီး ကိုယ္အေလးခ်ိန္လည္း မတက္ေတာ့ပါဘူး။ အစားစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးတဲ့ အမွ်င္ဓါတ္လည္းပါတာေၾကာင့္ ဝိတ္ခ်ခ်င္သူေတြအတြက္ ေ႐ႊဖ႐ုံသီးက အသုံးဝင္ပါတယ္။

၃။ ကိုယ္ခံအားေကာင္းေစျခင္း

ေ႐ႊဖ႐ုံသံးမွာ ဗီတာမင္ A နဲ႔ C မ်ားမ်ားပါဝင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး ကူးစက္ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

၄။ မ်က္လုံးအျမင္အာ႐ုံ ေကာင္းေစျခင္း

ဗီတာမင္ A က မ်က္လုံးအျမင္အာ႐ုံအတြက္ အက်ိဳးျပဳပါတယ္။ ေ႐ႊဖ႐ုံသီးက မ်က္လုံးအတြင္းတိမ္ ျဖစ္ႏိုင္ေခ်ကို နည္းသြားေစေၾကာင္း ေလ့လာမႈေတြမွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ မ်က္လုံးအတြက္ လိုအပ္တဲ့ lutein နဲ႔ zeaxanthin ေတြလည္း ပါတာေၾကာင့္ အသက္ႀကီးတဲ့အခါ မ်က္လုံးမႈန္တာကိုလည္း ႀကိဳတင္ကာကြယ္ၿပီးသားျဖစ္သြားမွာပါ။

၅။ ႏွလုံးက်န္းမာေရးေကာင္းေစျခင္း

ေသြးတိုးတာက ႏွလုံးေရာဂါျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခ်က္ပါပဲ။ ေ႐ႊဖ႐ုံသီးမွာပါတဲ့ ပိုတက္ဆီယမ္က ေသြးတိုးက်ေစပါတယ္။ အဲဒါေၾကာင့္ ေလျဖတ္ဖို႔ အခြင့္အလမ္းလည္း နည္းသြားပါၿပီ။ ေ႐ႊဖ႐ုံသီးရဲ႕ အင္တီေအာက္ဆီးဒင့္ ႏွလုံးေရာဂါနဲ႔ ေသြးေၾကာထဲ ေသြးခဲပိတ္တာကိုလည္း ကာကြယ္ေပးပါေသးတယ္။ ႏွလုံးေသြးေၾကာနဲ႔ပတ္သက္တဲ့ ေရာဂါေတြအတြက္ ေ႐ႊဖ႐ုံေစ့က တိုက္ခိုက္ေပးႏိုင္ပါတယ္။

၆။ အသားအေရလွပေစျခင္း

ေ႐ႊဖ႐ုံသီးမွာပါဝင္တဲ့ Carotenoids က အသားအေရေနေလာင္တာကို ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ C လည္း ပါတာေၾကာင့္ ေကာ္လဂ်င္ပိုမိုထုတ္လုပ္ႏိုင္ၿပီး အသားအေရလည္း တင္းရင္းလာပါတယ္။ အျခားပါဝင္တဲ့ အာဟာရဓါတ္ေတြကလည္း ခရမ္းလြန္ေရာင္ျခည္ကေန ကာကြယ္ေပးတာေၾကာင့္ မ်က္ႏွာမွာ အေရးအေၾကာင္းျဖစ္တာအတြက္ စိတ္ပူစရာ မလိုေတာ့ပါဘူး။

Zombie (Lovemedia)