လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြပါတယ်။ တချို့လူတွေကတော့ အံ့ဩစရာကောင်းလောက်အောင် အရည်အချင်းတွေ ရှိကြပါတယ်။ တချို့လူတွေဆိုရင် နားရွက်ကို လိမ်လို့မရတာ၊ မျက်ခုံးကို ပင့်မရတာတွေလည်း ရှိပါတယ်။

1. လက်သူကြွယ် မရွေ့ခြင်း

လူအများစုက လက်ခလယ်ကို ရွေ့လိုက်ရင် လက်သူကြွယ်ကပါ အနည်းငယ်စောင်းသွားပါတယ်။ ဒါပေမယ့် တချို့တွေက လက်ခလယ်ရွေ့လိုက်ရင် လက်သူကြွယ်လိုက်မစောင်းဘဲ သီးသန့်ဖြစ်နေတတ်ပါတယ်။

2. မေးစေ့ သို့မဟုတ် နှာခေါင်းကို လျှာဖြင့်ထိခြင်း

လူအများစုက လျှာကို အရှည်ကြီးမဆန့်ထုတ်နိုင်ပါဘူး။ ဒါပေမယ် တချို့ကတော့ လျှာဖျားနဲ့ နှာခေါင်း၊ မေးစေ့တွေကို ထိလို့ရပါတယ်။ အဲဒီလိုထိလို့ရတာကို Gorlin လက္ခဏာလို့ ခေါ်ပါတယ်။ ဒီလိုထိနိုင်တာ ကမ္ဘာ့လူဦးရေရဲ့ 10 ရာခိုင်နှုန်းပဲ ရှိပါတယ်။

3. ခြေချောင်းလေးတွေနဲ့ လေထဲမှာ စာရေးခြင်း

© Depositphotos.com

ခြေထောက်ကို မ,လိုက်ပြီး ခြေဖဝါးကို လှန်လိုက်ပါ။ ပြီးတော့ ခြေမနဲ့ အင်္ဂလိပ်နံပါတ် 6 ကို နာရီလက်တံ အတည့်အတိုင်းရေးပါ။ စာရွက်တွေ၊ ခဲတံတွေ မလိုပါဘူး။ လေထဲမှာတင် ခြေမနဲ့ ရေးရုံပါပဲ။ပုံမှန်ဆိုရင် အင်္ဂလိပ်နံပါတ် 6 ကို နာရီလက်တံပြောင်းပြန်အတိုင်း ဆွဲရတာပါ။ အခုက အင်္ဂလိပ်နံပါတ် 6 ကို နာရီလက်တံ အတည့်အတိုင်း ရေးရတာဖြစ်တဲ့အတွက် မလွယ်ကူဘူးဆိုတာ လူအများစုက သတိထားမိ လာကြပါတယ်။ လေ့ကျင့်ထားတဲ့သူ သို့မဟုတ် တစ်မူထူးခြားတဲ့သူကပဲ 6 ကို နာရီလက်တံအတည့်အတိုင်း ခြေမနဲ့ ဆွဲနိုင်တာပါ။

4. နှာခေါင်းရှုံခြင်း

သင့်နှာခေါင်းကို Samantha Stephens လိုမျိုး ရှုံ့နိုင်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ Elizabeth Montgomery ပွဲမှာ Bewitched တောင်မှ နှာခေါင်းရှုံ့ဖို့အတွက် ပါးစပ်တွန့်ရပါသေးတယ်။ ဒါပေမယ့် တချို့ကတော့ နှာခေါင်းကို ပါးစပ်မတွန့်ဘဲ အလိုလိုရှုံ့တတ်ကြပါတယ်။ နှာခေါင်းရှုံ့တတ်ချင်ရင် နှာခေါင်းပေါက်ကို ရှုံ့နိုင်အောင် အရင်ကြိုးစားကြည့်လို့ ရပါတယ်။

5. လျှာလိပ်ခြင်း

သင့်လျှာကို အပေါ်ဘက်သို့ လိပ်တင်လိုက်တဲ့အခါ ပါးစပ်ပွင့်သွား ပါလိမ့်မယ်။ အဲဒါကို လျှာလိပ်ခြင်းလို့ ခေါ်ပါတယ်။ တံတွေးပြွန်က သန်မာရင် လျှာလိပ်လို့ ရပါတယ်။ ရှိုတ်စပီးယားရဲ့ ပြဇာတ်အတော်များများမှာ လျှာလိပ်ခြင်းဆိုတဲ့ စကားလုံးကို ထည့်သုံးကြပါတယ်။

6. မျက်လုံးဖွင့်လျက် နှာချေခြင်း

© Senior Airman Kristin High / U.S. Air Force

ဦးခေါင်းခွံနာဗ်ကြောတွေက နှာခေါင်းနဲ့ မျက်လုံးတွေကို ဆက်ပေးထားပါတယ်။ အဲဒါကြောင့် လူအများစု နှာချေတဲ့အခါ မျက်လုံးက အလိုအလျောက် ပိတ်သွားပါတယ်။ ဒါပေမယ့် တချို့တွေကတော့ မျက်လုံးဖွင့်ပြီး နှာချေလို့ရပါတယ်။ မျက်လုံးဖွင့်ပြီး နှာချေလိုက်လို့ သင့်မျက်လုံးတွေ ရှေ့ကို ပြူးမထွက်လာပါဘူးနော်။

7. လျှာကို တစ်ဝက်ခေါက်ခြင်း

လျှာကို တစ်ဝက်ခေါက်တာက ကမ္ဘာပေါ်ကလူတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ မျက်လှည့်ပညာရှင်တချို့ပဲ လုပ်နိုင်ပါတယ်။

8. ကိုယ့်ကိုယ်ကို ကလိထိုးခြင်း

လူအများစုက ကိုယ့်ကိုယ်ကိုယ် ကလိထိုးလို့မရပါဘူး။ ကလိထိုးတယ်ဆိုတာ အံ့ဩစရာတစ်ခုပါပဲ။ ဦးနှောက်က အထိအတွေ့ကို သိရှိမှသာ ကလိထိုးတဲ့အခါ ယားတာပါ။ ဦးနှောက်ရဲ့လုပ်ငန်းတွေ အစီအစဉ်မကျဖြစ်တဲ့ သူတွေက အထိအတွေ့ကို မခံစားမသိရှိနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကလိထိုးလည်း ယားပါတယ်။

9. လက်မကို နောက်ဘက်သို့ကွေးခြင်း

တချို့လူတွေမှာ လက်မအဆစ်နှစ်ခု ပါ ပါတယ်။ ဒီလို ပါဝင်တဲ့လူတွေက လက်မကို နောက်ဘက်သို့ ကွေးလို့ရပါတယ်။ အဆစ်နှစ်ခုပါနေလို့ လက်မကို နောက်ဖက်ကို ကွေးလိုက်လည်း နာကျင်မှု မခံစားရပါဘူး။ တချို့တွေ့ကျတော့ လက်မနှစ်ချောင်းလုံးမှာ အဆစ်နှစ်ခု စီပါပြီး လက်မတစ်ချောင်းတည်းကသာလျှင် အနောက်ဘက်ကို ကွေးလို့ရပါတယ်။

Zombie (LoveMedia)

For Zawgyi

လူတိုင္း မလုပ္ႏိုင္တဲ့အရာ (၉) ခု

လူတိုင္းမွာ ကိုယ္ပိုင္အရည္အခ်င္းေတြ ရွိၾကပါတယ္။ တခ်ိဳ႕လူေတြကေတာ့ အံ့ဩစရာေကာင္းေလာက္ေအာင္ အရည္အခ်င္းေတြ ရွိၾကပါတယ္။ တခ်ိဳ႕လူေတြဆိုရင္ နား႐ြက္ကို လိမ္လို႔မရတာ၊ မ်က္ခုံးကို ပင့္မရတာေတြလည္း ရွိပါတယ္။

1. လက္သူႂကြယ္ မေ႐ြ႕ျခင္း

လူအမ်ားစုက လက္ခလယ္ကို ေ႐ြ႕လိုက္ရင္ လက္သူႂကြယ္ကပါ အနည္းငယ္ေစာင္းသြားပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြက လက္ခလယ္ေ႐ြ႕လိုက္ရင္ လက္သူႂကြယ္လိုက္မေစာင္းဘဲ သီးသန႔္ျဖစ္ေနတတ္ပါတယ္။

2. ေမးေစ့ သို႔မဟုတ္ ႏွာေခါင္းကို လွ်ာျဖင့္ထိျခင္း

လူအမ်ားစုက လွ်ာကို အရွည္ႀကီးမဆန႔္ထုတ္ႏိုင္ပါဘူး။ ဒါေပမယ္ တခ်ိဳ႕ကေတာ့ လွ်ာဖ်ားနဲ႔ ႏွာေခါင္း၊ ေမးေစ့ေတြကို ထိလို႔ရပါတယ္။ အဲဒီလိုထိလို႔ရတာကို Gorlin လကၡဏာလို႔ ေခၚပါတယ္။ ဒီလိုထိႏိုင္တာ ကမာၻ႔လူဦးေရရဲ႕ 10 ရာခိုင္ႏႈန္းပဲ ရွိပါတယ္။

3. ေျခေခ်ာင္းေလးေတြနဲ႔ ေလထဲမွာ စာေရးျခင္း

ေျခေထာက္ကို မ,လိုက္ၿပီး ေျခဖဝါးကို လွန္လိုက္ပါ။ ၿပီးေတာ့ ေျခမနဲ႔ အဂၤလိပ္နံပါတ္ 6 ကို နာရီလက္တံ အတည့္အတိုင္းေရးပါ။ စာ႐ြက္ေတြ၊ ခဲတံေတြ မလိုပါဘူး။ ေလထဲမွာတင္ ေျခမနဲ႔ ေရး႐ုံပါပဲ။ပုံမွန္ဆိုရင္ အဂၤလိပ္နံပါတ္ 6 ကို နာရီလက္တံေျပာင္းျပန္အတိုင္း ဆြဲရတာပါ။ အခုက အဂၤလိပ္နံပါတ္ 6 ကို နာရီလက္တံ အတည့္အတိုင္း ေရးရတာျဖစ္တဲ့အတြက္ မလြယ္ကူဘူးဆိုတာ လူအမ်ားစုက သတိထားမိ လာၾကပါတယ္။ ေလ့က်င့္ထားတဲ့သူ သို႔မဟုတ္ တစ္မူထူးျခားတဲ့သူကပဲ 6 ကို နာရီလက္တံအတည့္အတိုင္း ေျခမနဲ႔ ဆြဲႏိုင္တာပါ။

4. ႏွာေခါင္းရႈံျခင္း

သင့္ႏွာေခါင္းကို Samantha Stephens လိုမ်ိဳး ရႈံ႕ႏိုင္ဖို႔ဆိုတာ သိပ္မျဖစ္ႏိုင္ပါဘူး။ Elizabeth Montgomery ပြဲမွာ Bewitched ေတာင္မွ ႏွာေခါင္းရႈံ႕ဖို႔အတြက္ ပါးစပ္တြန႔္ရပါေသးတယ္။ ဒါေပမယ့္ တခ်ိဳ႕ကေတာ့ ႏွာေခါင္းကို ပါးစပ္မတြန႔္ဘဲ အလိုလိုရႈံ႕တတ္ၾကပါတယ္။ ႏွာေခါင္းရႈံ႕တတ္ခ်င္ရင္ ႏွာေခါင္းေပါက္ကို ရႈံ႕ႏိုင္ေအာင္ အရင္ႀကိဳးစားၾကည့္လို႔ ရပါတယ္။

5. လွ်ာလိပ္ျခင္း

သင့္လွ်ာကို အေပၚဘက္သို႔ လိပ္တင္လိုက္တဲ့အခါ ပါးစပ္ပြင့္သြား ပါလိမ့္မယ္။ အဲဒါကို လွ်ာလိပ္ျခင္းလို႔ ေခၚပါတယ္။ တံေတြးႁပြန္က သန္မာရင္ လွ်ာလိပ္လို႔ ရပါတယ္။ ရႈိတ္စပီးယားရဲ႕ ျပဇာတ္အေတာ္မ်ားမ်ားမွာ လွ်ာလိပ္ျခင္းဆိုတဲ့ စကားလုံးကို ထည့္သုံးၾကပါတယ္။

6. မ်က္လုံးဖြင့္လ်က္ ႏွာေခ်ျခင္း

ဦးေခါင္းခြံနာဗ္ေၾကာေတြက ႏွာေခါင္းနဲ႔ မ်က္လုံးေတြကို ဆက္ေပးထားပါတယ္။ အဲဒါေၾကာင့္ လူအမ်ားစု ႏွာေခ်တဲ့အခါ မ်က္လုံးက အလိုအေလ်ာက္ ပိတ္သြားပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေတြကေတာ့ မ်က္လုံးဖြင့္ၿပီး ႏွာေခ်လို႔ရပါတယ္။ မ်က္လုံးဖြင့္ၿပီး ႏွာေခ်လိုက္လို႔ သင့္မ်က္လုံးေတြ ေရွ႕ကို ျပဴးမထြက္လာပါဘူးေနာ္။

7. လွ်ာကို တစ္ဝက္ေခါက္ျခင္း

လွ်ာကို တစ္ဝက္ေခါက္တာက ကမာၻေပၚကလူတိုင္း လုပ္ႏိုင္တဲ့အရာ မဟုတ္ပါဘူး။ မ်က္လွည့္ပညာရွင္တခ်ိဳ႕ပဲ လုပ္ႏိုင္ပါတယ္။

8. ကိုယ့္ကိုယ္ကို ကလိထိုးျခင္း

လူအမ်ားစုက ကိုယ့္ကိုယ္ကိုယ္ ကလိထိုးလို႔မရပါဘူး။ ကလိထိုးတယ္ဆိုတာ အံ့ဩစရာတစ္ခုပါပဲ။ ဦးေႏွာက္က အထိအေတြ႕ကို သိရွိမွသာ ကလိထိုးတဲ့အခါ ယားတာပါ။ ဦးေႏွာက္ရဲ႕လုပ္ငန္းေတြ အစီအစဥ္မက်ျဖစ္တဲ့ သူေတြက အထိအေတြ႕ကို မခံစားမသိရွိႏိုင္ဘဲ ကိုယ့္ကိုယ္ကိုယ္ ကလိထိုးလည္း ယားပါတယ္။

9. လက္မကို ေနာက္ဘက္သို႔ေကြးျခင္း

တခ်ိဳ႕လူေတြမွာ လက္မအဆစ္ႏွစ္ခု ပါ ပါတယ္။ ဒီလို ပါဝင္တဲ့လူေတြက လက္မကို ေနာက္ဘက္သို႔ ေကြးလို႔ရပါတယ္။ အဆစ္ႏွစ္ခုပါေနလို႔ လက္မကို ေနာက္ဖက္ကို ေကြးလိုက္လည္း နာက်င္မႈ မခံစားရပါဘူး။ တခ်ိဳ႕ေတြ႕က်ေတာ့ လက္မႏွစ္ေခ်ာင္းလုံးမွာ အဆစ္ႏွစ္ခု စီပါၿပီး လက္မတစ္ေခ်ာင္းတည္းကသာလွ်င္ အေနာက္ဘက္ကို ေကြးလို႔ရပါတယ္။

Zombie (LoveMedia)