အချို့ youtube video တွေက စိတ်ခွန်အားပေးတဲ့ video တွေဖြစ်ပြီး အချို့ video တွေက စနောက်ကျီစယ်ထားတဲ့ ဟာသ video တွေ ဖြစ်ပါတယ်။ လူအများစုက ဟာသ video တွေကို အကြည့်များပါတယ်။ ဟာသ video တွေကို စိတ်ပင်ပန်းတာပျောက်ဖို့၊ ရယ်မောချင်လို့ ကြည့်ကြပါတယ်။ ဒါပေမယ့် နောက်ပြောင်ကျီစယ်ထားတဲ့ အချို့ video တွေက တခြားသူတွေကို ထိခိုက်နစ်နာစေပါတယ်။

Oreo မုန့်ရဲ့ cream နေရာမှာ သွားတိုက်ဆေးကို အစားထိုးထည့်ပြီး သူတောင်းစားတစ်ယောက်ကို စနောက်စားခိုင်းတဲ့ video ကို ReSet ဆိုတဲ့ Youtube channel တည်ထောင်သူ တရုတ်နွယ်ဖွား စပိန်နိုင်ငံသား KangHua Ren က Youtube မှာ တင်ခဲ့ပါတယ်။ အဲဒါနဲ့ မပြီးသေးပါဘူး။ " သွားတိုက်ဆေးက သူ့သွားတွေကို သန့်သွားစေမှာ " လို့လည်း ပြောထားပါသေးတယ်။

Source: South China Morning Post

"ကျွန်တော် နည်းနည်းပါးပါးတော့ လွန်ရင်လွန်သွားမှာပေါ့။ ဒါပေမယ့် အကောင်းဘက်က တွေးကြည့်ရင်တော့ သူ့သွားတွေကို မှန်မှန်မတိုက်နိုင်ဘူးထင်လို့ ကူညီပေးလိုက်တာပါ။ သာမန်လူတစ်ယောက်ကို ဒီလိုစနောက်လိုက်ရင် ဘယ်သူမှ ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သူတောင်းစားတစ်ယောက် ဖြစ်နေတော့ လူတွေက တိုင်တာပေါ့ " လို့ KangHua Ren က ပြောပါတယ်။

သူတောင်းစားရဲ့ နာမည်က Gheorge ဖြစ်ပါတယ်။ Oreo မုန့်ထဲမှာ သွားတိုက်ဆေးထည့်ထားတော့ သူ အန်ထုတ်လိုက်ပါတယ်။ လမ်းပေါ်မှာနေပေနယ့် ဒီလိုဆိုးဆိုးဝါးဝါး စနောက်ပြုမူတာမျိုး တစ်ခါမှ မကြုံခဲ့ရဘူးလို့ Gheorge က ပြောပါတယ်။

Source: Newsweek

ဇွန်လ 1 ရက်နေ့၊ Barcelona တရားရုံးမှာ KangHua Ren ကို စိတ်ဓာတ်ပျက်ပြားမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ သူတင်ထားတဲ့ video ကိုလည်း ဖျက်လိုက်ပါတယ်။ KangHua ကို ထောင်ဒဏ် 15 လ၊ ယူရို 20000 ငွေဒဏ်ဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် KangHua က ထောင်ကျမှာတော့ မဟုတ်ပါဘူး။

စပိန်နိုင်ငံမှာ ယေဘုယျအားဖြင့် ပထမအကြိမ်မှာ ပြင်းထန်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ရင် ထောင်ဒဏ်နှစ်နှစ်နဲ့ အောက်တွေက ပြစ်ဒဏ် ခံယူစရာ မလိုပါဘူး။ Gheorge အတွက် နစ်နာကြေးငွေလျော်ပေးဖို့၊ သူ့ရဲ့ channel တွေကို ငါးနှစ်ကြာပိတ်ထားဖို့ အမိန့်ချလိုက်ပါတယ်။

Zombie (LoveMedia)

Ref - worldofbuzz

For Zawgyi

သူေတာင္းစားကို မုန႔္ထဲ သြားတိုက္ေဆးထည့္ေကြၽးလို႔ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ youtuber

အခ်ိဳ႕ youtube video ေတြက စိတ္ခြန္အားေပးတဲ့ video ေတြျဖစ္ၿပီး အခ်ိဳ႕ video ေတြက စေနာက္က်ီစယ္ထားတဲ့ ဟာသ video ေတြ ျဖစ္ပါတယ္။ လူအမ်ားစုက ဟာသ video ေတြကို အၾကည့္မ်ားပါတယ္။ ဟာသ video ေတြကို စိတ္ပင္ပန္းတာေပ်ာက္ဖို႔၊ ရယ္ေမာခ်င္လို႔ ၾကည့္ၾကပါတယ္။ ဒါေပမယ့္ ေနာက္ေျပာင္က်ီစယ္ထားတဲ့ အခ်ိဳ႕ video ေတြက တျခားသူေတြကို ထိခိုက္နစ္နာေစပါတယ္။

Oreo မုန႔္ရဲ႕ cream ေနရာမွာ သြားတိုက္ေဆးကို အစားထိုးထည့္ၿပီး သူေတာင္းစားတစ္ေယာက္ကို စေနာက္စားခိုင္းတဲ့ video ကို ReSet ဆိုတဲ့ Youtube channel တည္ေထာင္သူ တ႐ုတ္ႏြယ္ဖြား စပိန္ႏိုင္ငံသား KangHua Ren က Youtube မွာ တင္ခဲ့ပါတယ္။ အဲဒါနဲ႔ မၿပီးေသးပါဘူး။ " သြားတိုက္ေဆးက သူ႔သြားေတြကို သန႔္သြားေစမွာ " လို႔လည္း ေျပာထားပါေသးတယ္။

"ကြၽန္ေတာ္ နည္းနည္းပါးပါးေတာ့ လြန္ရင္လြန္သြားမွာေပါ့။ ဒါေပမယ့္ အေကာင္းဘက္က ေတြးၾကည့္ရင္ေတာ့ သူ႔သြားေတြကို မွန္မွန္မတိုက္ႏိုင္ဘူးထင္လို႔ ကူညီေပးလိုက္တာပါ။ သာမန္လူတစ္ေယာက္ကို ဒီလိုစေနာက္လိုက္ရင္ ဘယ္သူမွ ဂ႐ုစိုက္မိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူက သူေတာင္းစားတစ္ေယာက္ ျဖစ္ေနေတာ့ လူေတြက တိုင္တာေပါ့ " လို႔ KangHua Ren က ေျပာပါတယ္။

သူေတာင္းစားရဲ႕ နာမည္က Gheorge ျဖစ္ပါတယ္။ Oreo မုန႔္ထဲမွာ သြားတိုက္ေဆးထည့္ထားေတာ့ သူ အန္ထုတ္လိုက္ပါတယ္။ လမ္းေပၚမွာေနေပနယ့္ ဒီလိုဆိုးဆိုးဝါးဝါး စေနာက္ျပဳမူတာမ်ိဳး တစ္ခါမွ မႀကဳံခဲ့ရဘူးလို႔ Gheorge က ေျပာပါတယ္။

ဇြန္လ 1 ရက္ေန႔၊ Barcelona တရား႐ုံးမွာ KangHua Ren ကို စိတ္ဓာတ္ပ်က္ျပားမႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ သူတင္ထားတဲ့ video ကိုလည္း ဖ်က္လိုက္ပါတယ္။ KangHua ကို ေထာင္ဒဏ္ 15 လ၊ ယူ႐ို 20000 ေငြဒဏ္ေဆာင္ဖို႔ အမိန႔္ခ်မွတ္လိုက္ပါတယ္။ ဒါေပမယ့္ KangHua က ေထာင္က်မွာေတာ့ မဟုတ္ပါဘူး။

စပိန္ႏိုင္ငံမွာ ေယဘုယ်အားျဖင့္ ပထမအႀကိမ္မွာ ျပင္းထန္တဲ့ ရာဇဝတ္မႈမ်ိဳး မဟုတ္ရင္ ေထာင္ဒဏ္ႏွစ္ႏွစ္နဲ႔ ေအာက္ေတြက ျပစ္ဒဏ္ ခံယူစရာ မလိုပါဘူး။ Gheorge အတြက္ နစ္နာေၾကးေငြေလ်ာ္ေပးဖို႔၊ သူ႔ရဲ႕ channel ေတြကို ငါးႏွစ္ၾကာပိတ္ထားဖို႔ အမိန႔္ခ်လိုက္ပါတယ္။

Zombie (LoveMedia)

Ref - worldofbuzz