Source: happiestbaby and twifi

ဆွစ်ဇာလန်နိုင်ငံက မွေးကင်းစ ကလေးလေးကတော့ အသက် ၁၈ နှစ်အထိ wifi အခမဲ့သုံးစွဲခွင့် ရသွားပါပြီ။ အသက် ၁၈ နှစ်အထိ wifi အခမဲ့သုံးခွင့်ရသွားတဲ့ အကြောင်းရင်းကတော့ သူမကို အင်တာနက် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ နာမည်ပေးလိုက်လို့ပါ။ Twifi ဆိုတဲ့ ကုမ္ပဏီက မွေးကင်းစကလေးတွေကို သူတို့ကုမ္ပဏီရဲ့ နာမည်ပေးရင် ၁၈ နှစ်တာ အင်တာနက် အခမဲ့ သုံးစွဲခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

မွေးကင်းစကလေးက ယောကျ်ားလေးဖြစ်မယ်ဆိုရင် Twifius လို့ ပေးရမှာဖြစ်ပြီး မိန်းကလေးဆိုရင်တော့ Twifia လို့ ပေးရမှာပါ။ မိဘတွေက သူတို့ရဲ့သမီးကို အလယ်နာမည်အဖြစ် Twifia လို့ ပေးလိုက်ကြပါတယ်။ Wifi ခအတွက် သက်သာသွားမယ့် ငွေတွေကို သမီးဖြစ်သူအတွက် ငွေစုစာအုပ်လုပ်ပြီး သိမ်းထားပေးလို့ မိဘတွေက ပြောပါတယ်။

Source: twifi

အစပိုင်းမှာတော့ Twifia ရဲ့အမေက သမီးဖြစ်သူကို ဒီနာမည်ပေးဖို့ နည်းနည်းတုံ့ဆိုင်း နေပါသေးတယ်။ နောက်တော့ သဘောတူလိုက်ပါတယ်။

" ကျွန်မအတွက်တော့ Twifia ဆိုတဲ့နာမည်က ပိုပြီးရင်းနှီးသလို ခံစားရတယ်။ Twifia လို့ ခေါ်တဲ့အခါတိုင်း ပိုပြီး ချစ်ခင်ရင်းနှီးလာရတယ် " လို့ Twifia ရဲ့အမေက ပြောပါတယ်။ Tiwifia ရဲ့ မိဘတွေကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ Twifi ကုမ္ပဏီကြီး မရှိတော့ရင် အင်တာနက် အခမဲ့သုံးစွဲခွင့်ရအောင် လုပ်ဆောင်ပေးမယ်လို့ Twifi ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Philippe Fotsch က ပြောပါတယ်။

Zombie (Lovemedia)

For Zawgyi

Wifi ကုမၸဏီရဲ႕နာမည္ကို မွည့္လိုက္လို႔ ၁၈ ႏွစ္လုံး wifi အခမဲ့ သုံးခြင့္ရသြားတဲ့ ကေလး

ဆြစ္ဇာလန္ႏိုင္ငံက ေမြးကင္းစ ကေလးေလးကေတာ့ အသက္ ၁၈ ႏွစ္အထိ wifi အခမဲ့သုံးစြဲခြင့္ ရသြားပါၿပီ။ အသက္ ၁၈ ႏွစ္အထိ wifi အခမဲ့သုံးခြင့္ရသြားတဲ့ အေၾကာင္းရင္းကေတာ့ သူမကို အင္တာနက္ ဝန္ေဆာင္မႈကုမၸဏီတစ္ခုရဲ႕ နာမည္ေပးလိုက္လို႔ပါ။ Twifi ဆိုတဲ့ ကုမၸဏီက ေမြးကင္းစကေလးေတြကို သူတို႔ကုမၸဏီရဲ႕ နာမည္ေပးရင္ ၁၈ ႏွစ္တာ အင္တာနက္ အခမဲ့ သုံးစြဲခြင့္ေပးမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။

ေမြးကင္းစကေလးက ေယာက်္ားေလးျဖစ္မယ္ဆိုရင္ Twifius လို႔ ေပးရမွာျဖစ္ၿပီး မိန္းကေလးဆိုရင္ေတာ့ Twifia လို႔ ေပးရမွာပါ။ မိဘေတြက သူတို႔ရဲ႕သမီးကို အလယ္နာမည္အျဖစ္ Twifia လို႔ ေပးလိုက္ၾကပါတယ္။ Wifi ခအတြက္ သက္သာသြားမယ့္ ေငြေတြကို သမီးျဖစ္သူအတြက္ ေငြစုစာအုပ္လုပ္ၿပီး သိမ္းထားေပးလို႔ မိဘေတြက ေျပာပါတယ္။

အစပိုင္းမွာေတာ့ Twifia ရဲ႕အေမက သမီးျဖစ္သူကို ဒီနာမည္ေပးဖို႔ နည္းနည္းတုံ႔ဆိုင္း ေနပါေသးတယ္။ ေနာက္ေတာ့ သေဘာတူလိုက္ပါတယ္။

" ကြၽန္မအတြက္ေတာ့ Twifia ဆိုတဲ့နာမည္က ပိုၿပီးရင္းႏွီးသလို ခံစားရတယ္။ Twifia လို႔ ေခၚတဲ့အခါတိုင္း ပိုၿပီး ခ်စ္ခင္ရင္းႏွီးလာရတယ္ " လို႔ Twifia ရဲ႕အေမက ေျပာပါတယ္။ Tiwifia ရဲ႕ မိဘေတြကို ဂုဏ္ျပဳေလးစားတဲ့အေနနဲ႔ Twifi ကုမၸဏီႀကီး မရွိေတာ့ရင္ အင္တာနက္ အခမဲ့သုံးစြဲခြင့္ရေအာင္ လုပ္ေဆာင္ေပးမယ္လို႔ Twifi ရဲ႕ တည္ေထာင္သူနဲ႔ CEO ျဖစ္တဲ့ Philippe Fotsch က ေျပာပါတယ္။

Zombie (Lovemedia)