ကမ္ဘာပေါ်မှာ အဝလွန်ကဲမှုက လွန်ခဲ့တဲ့နှစ်လေးဆယ်ကထက် သုံးဆပိုလာတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကပြောပါတယ်။ ကိုယ်အလေးချိန်လျော့ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ လူတွေက ကိုယ်အလေးချိန်ကျမယ့် နည်းလမ်းတွေကို အမျိုးမျိုး ကြိုးစားကြပါတယ်။ ဒါပေမယ့် နေ့စဉ်လုပ်မိတဲ့ အလေ့အကျင့် သေးသေးလေးတွေက ကိုယ်အလေးချိန်ကျဖို့ နှောင့်နှေးစေရတာပါ။
၁။ မနက်စာမစားခြင်း
© depositphotos.com
မနက်စာ စားတဲ့သူက မစားတဲ့သူထက်ပိုပြီး ကိုယ်အလေးချိန်ကျပါတယ်။ မနက်စာမစားရင် နေ့လယ်စာမှာ ပိုပြီးစားမိလို့ ပိုဝသွားမှာပါ။
၂။ ရေများများ မသောက်ခြင်း
© depositphotos.com
ရေသောက်ခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေက အခြားဖျော်ရည်တွေ အစားရေကို အဓိကထား သောက်သုံးပေးသင့်ပါတယ်။ တစ်နေ့ကို၏ ရေတစ်လီတာထက် ပိုသောက်ရင် တနှစ်မှာ ကိုယ်အလေးချိန် ၂ ကီလိုဂရမ်ကျမှာပါ။
၃။ ညစာကို ညနက်မှစားခြင်း
© depositphotos.com
အစာကိုမဆာပဲနဲ့ စားခြင်းက ကိုယ်အလေးချိန်ကို တက်စေပါတယ်။ ညစာကို နောက်ကျမှ စားရင် ကယ်လိုရီတွေကို ခန္ဓာကိုယ်က အဆီအဖြစ်ပဲ သိုလှောင်နိုင်တော့မှာပါ။ အဲဒါကြောင့် ညနက်လာရင် ရေခဲသေတ္တာနဲ့ ဝေးဝေးနေပါနော်။
၄။ အိပ်ချိန်နည်းခြင်း
© depositphotos.com
အိပ်ရေးမဝခြင်းက ကိုယ်အလေးချိန်ကို ပိုတက်စေပါတယ်။ အလုပ်ကို ညနက်မှာလုပ်ရင် လေ့ကျင့်ခန်း မလုပ်ဖြစ်တော့ပါဘူး။ ပြီးတော့ သရေစာမုန့်တွေနဲ့ ကော်ဖီတွေအများကြီး သောက်ခြင်းကလည်း မသိမသာ ကိုယ်အလေးချိန် တက်စေပါတယ်။ အဲဒါကြောင့် အိပ်ချိန်ကိုအနည်းဆုံး ၇ နာရီ ထားပေးသင့်ပါတယ်။
၅။ အဆီမပါသော အစားအစာများကိုစားခြင်း
ဒီအချက်က အနည်းငယ်တော့ ဝိရောဓိဖြစ်စေပါတယ်။ အဆီမပါတဲ့ အစားအစာတွေက ကိုယ်အလေးချိန် ပိုတိုးစေပါတယ်။ အစားအစာမှာ အဆီမပါရင် ပိုပြီး စားမိစေပါတယ်။ ဒါ့အပြင် အဆီမပါဝင်တဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်ဆီယမ်ဓာတ်၊ ဗီတာမင် A နဲ့ D ဓာတ်တွေ မပါတော့ပါဘူး။
၆။ အစားစားနေချိန် တစ်ခုခုကို အာရုံစိုက်နေခြင်း
© depositphotos.com
ထမင်းစားတဲ့အချိန်မှာ TV မကြည့်ဘဲ၊ ph မသုံးပဲ နေကြည့်ပါ။ တစ်ခုခုကို အာရုံစိုက်မိရင် ပိုပြီးစားမိတတ်ပါတယ်။ ထမင်းကိုပဲ အာရုံစိုက်စားရင် အစားမလွန်အောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ပါတယ်။
၇။ ဘီယာသောက်ခြင်း
© depositphotos.com
နောက်တစ်ခါ ဘီယာသောက်တော့မယ်ဆိုရင် နှစ်ခါပြန်လောက် စဉ်းစားလိုက်ပါနော်။ ဘီယာသောက်ရင် ဗိုက်မှာ အဆီတွေ ပိုစုလာတတ်လို့ပါ။ ပျော်ရွှင်ရတဲ့ အချိန်တွေမှာ ဘီယာကို လျှော့သောက်ပါ။
၈။ အလုပ်စားပွဲရှေ့တွင် တစ်နေကုန်လုံး ထိုင်ခြင်း
© depositphotos.com
ဝခြင်းနဲ့ အလုပ်ချိန်များစွာကြာအောင် ထိုင်ခြင်းက ဆက်စပ်နေပါတယ်။ တစ်နေ့ကို မိနစ် ၆၀ ကနေ မိနစ် ၉၀ လောက် ကိုယ်လက်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ။ ဒါမှမဟုတ် အလုပ်လုပ်နေရင်းနဲ့ ခဏလောက် လမ်းထလျှောက်ပေးပါ။
Zombie (LoveMedia)
For Zawgyi
ကိုယ်အလေးချိန်ကျဖို့အတွက် နှောင့်နှေးနေရသည့် အချက်များ
၁။ မနက်စာမစားခြင်း
၎။ အိပ်ချိန်နည်းခြင်း
၇။ ဘီယာသောက်ခြင်း
Zombie (LoveMedia)