အချစ်မှာ မျက်စိမရှိဘူးလို့ ပြောကြပါတယ်။ တကယ်ချစ်ရင် အသက်အရွယ်တွေဆိုတာ ကိန်းဂဏန်းသာသာပါပဲ။
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာကာတာပြည်နယ်က လက်ထပ်ပွဲတစ်ခုကတော့ social media မှာ ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သတို့သား Abah Sarna နဲ့ သတို့သမီး Noniတို့ဟာ အသက် ၅၃ နှစ်တောင် ကွာခြားနေလို့ပါ။ သတို့သား Abah Sarna က အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး သတို့သမီး Nono ကတော့ အသက် ၁၈ နှစ်ပါ။
![]() |
Source: Tribun News |
သူတို့နှစ်ယောက်လုံးဟာ ပြည်နယ်တစ်ခုတည်းကပါပဲ။ သူတို့မင်္ဂလာပွဲကို တက်ရောက်လာသူတွေက မင်္ဂလာဆောင်ဓါတ်ပုံတွေကို Facebook ပေါ်တင်ရာကနေ လူသိများလာခဲ့ပါတယ်။ သတို့သမီးက သတို့သားရဲ့နဖူးကို အနမ်းပေးတဲ့ ဓါတ်ပုံကတော့ social media မှာ အလွန်ပျံ့နှံနေပါတယ်။
![]() |
Source: Tribun News |
![]() |
Source: Tribun News |
သူတို့နှစ်ယောက်ရဲ့အသက်ဟာ ဆယ်စုနှစ် ၅ စုလောက် ကွာခြားနေပေမယ့်လည်း တစ်ယောက်ကိုတစ်ယောက် အလွန်အင်မတန် ချစ်ကြပုံပါပဲ။ သူတို့နှစ်ယောက်အတွက် အသက်ဆိုတာ ကိန်းဂဏန်း သတ်မှတ်ချက်ပါ။ သတို့သမီးက သတို့သားကို တင်တောင်းတဲ့ ပစ္စည်းတွေကတော့ PCX ဆိုင်ကယ်တစ်စီး၊ ဗီရိုအသစ်တစ်လုံးနဲ့ အိမ်ထောင်မှု ပစ္စည်းတွေဖြစ်ပါတယ်။
![]() |
Source: Tribun News |
![]() |
Source: Tribun News |
ပစ္စည်းတွေက ဘယ်လောက်များသလဲဆိုရင် ထရပ်ကားနှစ်စီးနဲ့ သယ်ရတဲ့အထိ များပါတယ်။ သတို့သားက သတို့သမီးကို တင်တောင်းတဲ့ပစ္စည်းကတော့ ရွှေ ၁၁ ဂရမ်နဲ့ ငွေကတော့ မလေးရှားရင်းဂစ် ၂၄၀၀ နီးပါးပါပဲ။ သူတို့ဇနီးမောင်နှံကို အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ အင်တာနက်သုံးစွဲသူတွေက ဆုတောင်းပေးနေကြပါတယ်။
Zombie (Lovemedia)
For Zawgyi
၇၁ ႏွစ္အ႐ြယ္ သတို႔သားနဲ႔ ၁၈ ႏွစ္အ႐ြယ္ သတို႔သမီးတို႔ရဲ႕ လက္ထပ္ပြဲ
အခ်စ္မွာ မ်က္စိမရွိဘူးလို႔ ေျပာၾကပါတယ္။ တကယ္ခ်စ္ရင္ အသက္အ႐ြယ္ေတြဆိုတာ ကိန္းဂဏန္းသာသာပါပဲ။
အင္ဒိုနီးရွားႏိုင္ငံ၊ အေနာက္ဂ်ာကာတာျပည္နယ္က လက္ထပ္ပြဲတစ္ခုကေတာ့ social media မွာ ဟိုးေလးတေက်ာ္ ျဖစ္သြားပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သတို႔သား Abah Sarna နဲ႔ သတို႔သမီး Noniတို႔ဟာ အသက္ ၅၃ ႏွစ္ေတာင္ ကြာျခားေနလို႔ပါ။ သတို႔သား Abah Sarna က အသက္ ၇၁ ႏွစ္ရွိၿပီျဖစ္ၿပီး သတို႔သမီး Nono ကေတာ့ အသက္ ၁၈ ႏွစ္ပါ။
သူတို႔ႏွစ္ေယာက္လုံးဟာ ျပည္နယ္တစ္ခုတည္းကပါပဲ။ သူတို႔မဂၤလာပြဲကို တက္ေရာက္လာသူေတြက မဂၤလာေဆာင္ဓါတ္ပုံေတြကို Facebook ေပၚတင္ရာကေန လူသိမ်ားလာခဲ့ပါတယ္။ သတို႔သမီးက သတို႔သားရဲ႕နဖူးကို အနမ္းေပးတဲ့ ဓါတ္ပုံကေတာ့ social media မွာ အလြန္ပ်ံ႕ႏွံေနပါတယ္။
သူတို႔ႏွစ္ေယာက္ရဲ႕အသက္ဟာ ဆယ္စုႏွစ္ ၅ စုေလာက္ ကြာျခားေနေပမယ့္လည္း တစ္ေယာက္ကိုတစ္ေယာက္ အလြန္အင္မတန္ ခ်စ္ၾကပုံပါပဲ။ သူတို႔ႏွစ္ေယာက္အတြက္ အသက္ဆိုတာ ကိန္းဂဏန္း သတ္မွတ္ခ်က္ပါ။ သတို႔သမီးက သတို႔သားကို တင္ေတာင္းတဲ့ ပစၥည္းေတြကေတာ့ PCX ဆိုင္ကယ္တစ္စီး၊ ဗီ႐ိုအသစ္တစ္လုံးနဲ႔ အိမ္ေထာင္မႈ ပစၥည္းေတြျဖစ္ပါတယ္။
ပစၥည္းေတြက ဘယ္ေလာက္မ်ားသလဲဆိုရင္ ထရပ္ကားႏွစ္စီးနဲ႔ သယ္ရတဲ့အထိ မ်ားပါတယ္။ သတို႔သားက သတို႔သမီးကို တင္ေတာင္းတဲ့ပစၥည္းကေတာ့ ေ႐ႊ ၁၁ ဂရမ္နဲ႔ ေငြကေတာ့ မေလးရွားရင္းဂစ္ ၂၄၀၀ နီးပါးပါပဲ။ သူတို႔ဇနီးေမာင္ႏွံကို အသက္ရွည္ရွည္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားဖို႔ အင္တာနက္သုံးစြဲသူေတြက ဆုေတာင္းေပးေနၾကပါတယ္။
Zombie (Lovemedia)
0 Comments