တယောက်တည်း နေတာထက် နှစ်ယောက် နေတာက ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီအမျိုးသားကတော့ နှစ်ယောက် နေတာထက် သုံးယောက် နေတာကို ပိုသဘောကျပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက် Kalimantan ခရိုင်မှာ နေတဲ့ အမျိုးသား တယောက်မှာ ရည်းစား နှစ်ယောက် ရှိပါတယ်။ သူက အဲဒီရည်းစားနှစ်ယောက်ကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း လက်ထပ်ခဲ့ပါတယ်။

သူ့ရဲ့လက်ထပ်ပွဲကို Kali Mantanခရိုင်က Pangkalan Pandon ဗလီမှာ ပြုလုပ်ခဲ့ပါတယ်။သူဟာ သတို့သမီးတစ်ယောက်ကို အင်ဒိုနီးရှားရူပီးရား 10000 စီနဲ့ တင်တောင်းခဲ့ပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲကို သုံးဖက်လုံးက မိသားစုဝင်တွေအားလုံးတက်ရောက်ခဲ့ပါတယ်။

" သူတို့နှစ်ယောက်လုံးမှာ ဘယ်သူနဲ့မှလည်း လမ်းမခွဲချင်ဘူး။ သူတို့နဲ့ ဝေးရမှာကိုလည်း မခံစားနိုင်ဘူး။ အဲဒါကြောင့် နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တယ် " လို့ သတို့သားက ပြောပြပါတယ်။

သူတို့ရဲ့လက်ထပ်ပွဲvideoက social mediaတွေ ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ video ထဲမှာတော့ သတို့သမီး နှစ်ယောက်ကြားမှာ ထိုင်နေတဲ့ သတို့သားကို တွေ့ရမှာပါ။

မင်္ဂလာဆောင် အခမ်းအနားပြုလုပ်နေတဲ့ အတောအတွင်းမှာ အပြာရောင် အဝတ်စရှည်ကြီးကို သူတို့သုံးယောက်ရဲ့ခေါင်းတွေပေါ်မှာ လွှမ်းထားပါတယ်။

ရုပ်သံကြည့်ရန်

မင်္ဂလာဆောင်မှာ သတို့သမီးနှစ်ယောက်ရော သတို့သားပါ ပျော်ရွှင်နေကြပါတယ်။

Zombie(LoveMedia)

source - facebook

For Zawgyi

အသည္းကြဲရမွာကို မခံစားႏိုင္လို႔ ရည္းစားႏွစ္ေယာက္လုံးကို တၿပိဳင္တည္း လက္ထပ္ခဲ့တဲ့သူ

တေယာက္တည္း ေနတာထက္ ႏွစ္ေယာက္ ေနတာက ပိုေကာင္းတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ဒီအမ်ိဳးသားကေတာ့ ႏွစ္ေယာက္ ေနတာထက္ သုံးေယာက္ ေနတာကို ပိုသေဘာက်ပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ Kalimantan ခ႐ိုင္မွာ ေနတဲ့ အမ်ိဳးသား တေယာက္မွာ ရည္းစား ႏွစ္ေယာက္ ရွိပါတယ္။ သူက အဲဒီရည္းစားႏွစ္ေယာက္ကို တစ္ခ်ိန္တည္းမွာ တစ္ၿပိဳင္နက္တည္း လက္ထပ္ခဲ့ပါတယ္။

သူ႔ရဲ႕လက္ထပ္ပြဲကို Kali Mantanခ႐ိုင္က Pangkalan Pandon ဗလီမွာ ျပဳလုပ္ခဲ့ပါတယ္။သူဟာ သတို႔သမီးတစ္ေယာက္ကို အင္ဒိုနီးရွား႐ူပီးရား 10000 စီနဲ႔ တင္ေတာင္းခဲ့ပါတယ္။ သူတို႔ရဲ႕လက္ထပ္ပြဲကို သုံးဖက္လုံးက မိသားစုဝင္ေတြအားလုံးတက္ေရာက္ခဲ့ပါတယ္။

" သူတို႔ႏွစ္ေယာက္လုံးမွာ ဘယ္သူနဲ႔မွလည္း လမ္းမခြဲခ်င္ဘူး။ သူတို႔နဲ႔ ေဝးရမွာကိုလည္း မခံစားႏိုင္ဘူး။ အဲဒါေၾကာင့္ ႏွစ္ေယာက္လုံးကို တစ္ၿပိဳင္နက္တည္း လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့တယ္ " လို႔ သတို႔သားက ေျပာျပပါတယ္။

သူတို႔ရဲ႕လက္ထပ္ပြဲvideoက social mediaေတြ ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။ video ထဲမွာေတာ့ သတို႔သမီး ႏွစ္ေယာက္ၾကားမွာ ထိုင္ေနတဲ့ သတို႔သားကို ေတြ႕ရမွာပါ။

မဂၤလာေဆာင္ အခမ္းအနားျပဳလုပ္ေနတဲ့ အေတာအတြင္းမွာ အျပာေရာင္ အဝတ္စရွည္ႀကီးကို သူတို႔သုံးေယာက္ရဲ႕ေခါင္းေတြေပၚမွာ လႊမ္းထားပါတယ္။

မဂၤလာေဆာင္မွာ သတို႔သမီးႏွစ္ေယာက္ေရာ သတို႔သားပါ ေပ်ာ္႐ႊင္ေနၾကပါတယ္။

Zombie(LoveMedia)