လက်ထပ်ပွဲဆိုတာ ဘဝမှာ သတိအရနိုင်ဆုံး အမှတ်တရတွေထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဒီ video ထဲမှာတော့ ဗီယက်နမ်နိုင်ငံက မင်္ဂလာဆောင်မယ့် သတို့သားကိုယ်တိုင်က မင်္ဂလာပွဲကို ဖျက်ဆီးလိုက်ပါတယ်။ နှစ်ကုန်ခါနီးမှာ လူတိုင်းက ဆယ်စုနှစ်တစ်ခုကို စတင်ဖို့ ရင်ခုန်နေကြပါတယ်။

သူတို့စုံတွဲကလည်း နှစ်သစ်မှာ ဘဝနှစ်ခုကို အတူတူ ဖြတ်သန်းချင်ကြပါတယ်။ မင်္ဂလာဆောင်မှာ အစပိုင်းကတော့ အဆင်ပြေပြေ ဘာအခက်အခဲမှ မရှိပါဘူး။ နောက်ပိုင်းမှာတော့ သတို့သားက ရုတ်တရက် ဒေါသထွက်လာပြီး ရှန်ပိန်ခွက် တစ်ခုကို ယူလိုက်ပါတယ်။

Source: YouTube

အဲဒီနောက် ရှန်ပိန်ခွက်နဲ့ တခြားဖန်ခွက်တွေကို ကောက်ပေါက်ပစ်ပါတယ်။ သတို့သမီးကတော့ သတို့သား စိတ်ငြိမ်အောင်လို့ လှမ်းဆွဲနေပါတယ်။ သတို့သားရဲ့အပြုအမူကြောင့် မင်္ဂလာပွဲကို လာသူတို့က အံ့အားသင့်သွားပါတယ်။

သတို့သားက သတို့သမီးရဲ့ မိဘတွေအပေါ်၊ ပွဲတက်လာတဲ့ ဧည့်သည်တွေအပေါ် ရိုသေလေးစားမှု မရှိဘူးလို့ အများက ထင်မြင်ချက်ပေးကြပါတယ်။ ပွဲတက်လာသူတွေက သတို့သားရဲ့ အပြုအမူကြောင့် သူ့ရဲ့စိတ်အခြေအနေကို သိသွားကြပါတယ်။

Source: YouTube

သတို့သားရဲ့အဖေက သတို့သားနဲ့ သတိုးသမီးအပြင် သတို့သမီးရဲ့အဖေကိုပါ အရှက်ရစေတာကြောင့် ဒီလို ဒေါသထွက်ရတယ်လို့ တချို့က ပြောကြပါတယ်။ သတို့သမီးရဲ့မိဘတွေက ချို့တဲ့လို့ သတို့သားအဖေက သဘောမတူတာကြောင့် သတို့သားက ဒေါသထွက်ပြီး ဒီလိုပြုမူရခြင်းဖြစ်ကြောင်း ဒီအဖြစ်အပျက်အပြီးမှာ ရှင်းပြပါတယ်။

Source: YouTube

ဒါပေမယ့် မင်္ဂလာဆောင်ကတော့ တော်တော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့အထိပါပဲ။ သတို့သားရဲ့အဖေက သတို့သမီးရဲ့အဖေကို "ခင်ဗျားသမီးကို ကောင်းကောင်းသင်ပေးထားတာပဲ" လို့ လူရှေ့သူရှေ့မှာ ပြောလိုက်ကြောင်း၊ ဒီလိုစကား ပြောထွက်မယ်လို့ လုံးဝထင်မထားကြောင်း သတို့သားက ရှင်းပြထားပါသေးတယ်။

အဲဒီနောက်မှာတော့ မင်္ဂလာပွဲက ပြီးဆုံးသွားပါတယ်။ သတို့သားက သူ့အမှားကို သိကြောင်း၊ သတို့သမီးနဲ့ သူမရဲ့မိသားစုကို လူအလယ်မှာ အရှက်မခွဲသင့်ကြောင်း ထပ်ပြီး ပြောပြထားပါတယ်။

ရုပ်သံကြည့်ရန်

Zombie(LoveMedia)

Source-Worldofbuzz

For Zawgyi

မင်္ဂလာပွဲကို ကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့ သတို့သား (ရုပ်သံ)








Zombie(LoveMedia)

Source-Worldofbuzz