ငယ်ငယ်ကဆိုရင် ပန်းကန်ဆေးရတာ၊ သန့်ရှင်းရေး လုပ်ရတာကို အမုန်းဆုံးပါပဲ။ အိမ်အလုပ် လုပ်ရတာပျော်စရာ မကောင်းပါဘူး။ ဒါပေမယ့် အခုတော့ အိမ်အလုပ် လုပ်ခြင်းက အသက်ရှည်စေပါတယ်တဲ့။ အသက်ရှည်ရှည် နေနိုင်ဖို့အတွက် Gym ကို အမြဲတမ်း မသွားနိုင်ပါဘူး။

အိမ်မှုဝေယျာဝစ္စတွေ လုပ်ခြင်းက အသက်ရှည်စေမှာ မဟုတ်ဘူးလို့ လူတွေက ယုံကြည်ကြ ပါတယ်။ အဝတ်ခေါက်ခြင်း၊ တံမြက်စည်း လှည်းခြင်းတို့လို ပေါ့ပါးတဲ့ အိမ်အလုပ်လေးတွေက အသက်ရှည်စေကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေက တင်ပြခဲ့ပါတယ်။

© Mrs. Doubtfire / 20th Century Fox

အသက် ၆၃ နှစ် ကနေ ၉၉ နှစ်အထိ အမျိုးသမီးပေါင်း ၆၀၀၀ ကျော်ကို လေ့လာခဲ့ပါတယ်။ နေ့စဉ် အိမ်ဝေယျာဝစ္စလုပ်မှုကို တစ်ပတ်ကြာ လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာဝန်တွေက ဒီအမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုဂရုစိုက် ၃ နှစ် ကြာ စောင့်ကြည့်မှတ်သားခဲ့ပါတယ် ။

လေ့လာမှုအရ ပေါ့ပေါ့ပါးပါး အိမ်အလုပ်လေးတွေကို တစ်နေ့မိနစ် ၃၀ ခန့် ပြုလုပ်တဲ့သူတွေဟာ အိမ်အလုပ် လုံးဝ မလုပ်တဲ့သူတွေထက် သေဆုံးနိုင်ချေ ၁၂ % နည်းပါးပါတယ်။

© Broken Flowers / Focus Features

အသက်အရွယ်၊ ကိုယ်အလေးချိန် မတူတဲ့ အမျိုးသမီးတွေဖြစ်ရင်တောင် အိမ်ကိစ္စလုပ်ခြင်းက အသက်ရှည်စေပါတယ်။ ဘာမှမလုပ်တာနဲ့ စာရင် တစ်ခုခု လုပ်တာကမှ ပိုကောင်းတယ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကိုယ်လက်လှုပ်ရှားပြီး အိမ်ကိစ္စလုပ်ခြင်းက ကျန်းမာရေးပျော်ရွှင်စေပါတယ်။

© Sunshine Cleaning / Big Beach

ပြီးတော့ ဒီလေ့လာမှုက အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေက အိမ်ကိစ္စလုပ်ခြင်း၊ ပန်းပင်စိုက်ခြင်းတို့လို ပေါ့ပေါ့ပါးပါးလေးတွေပြုလုပ်ရင် စိတ်ကျရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ Gym သွားဖို့ အဆင်မပြေရင် အိမ်ကိစ္စလုပ်ခြင်း ကလည်း နည်းလမ်းကောင်းပါပဲ။

© Cinderella / The Walt Disney Company

ပန်းကန်ဆေးခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ချပေးပါတယ် ။ စိတ်ပါလက်ပါနဲ့ ပန်းကန်ဆေးရင် စိတ်အလိုမကျမှု ၂၇ % ကို လျော့ချပေးပါတယ် ။ အဲဒါကြောင့် စိတ်ညစ်ရင် ပန်းကန်ဆေးခြင်းနဲ့ ဖြေဖျောက်လို့ရပါတယ်။ အရေးကြီးတာ တစ်ခုကတော့ စိတ်ပါလက်ပါ လုပ်ဖို့လိုပါတယ်နော်။ အိမ်အလုပ်တွေကို စိတ်ပါလက်ပါနဲ့ လုပ်ရင် အသက်ရှည်စေပြီး အိမ်အလုပ်လည်း ပြီးမှာပါ။

Zombie (LoveMedia)

For Zawgyi

အိမ္သန႔္ရွင္းေရး လုပ္ျခင္းက အသက္ရွည္ေစႏိုင္

ငယ္ငယ္ကဆိုရင္ ပန္းကန္ေဆးရတာ၊ သန႔္ရွင္းေရး လုပ္ရတာကို အမုန္းဆုံးပါပဲ။ အိမ္အလုပ္ လုပ္ရတာေပ်ာ္စရာ မေကာင္းပါဘူး။ ဒါေပမယ့္ အခုေတာ့ အိမ္အလုပ္ လုပ္ျခင္းက အသက္ရွည္ေစပါတယ္တဲ့။ အသက္ရွည္ရွည္ ေနႏိုင္ဖို႔အတြက္ Gym ကို အၿမဲတမ္း မသြားႏိုင္ပါဘူး။

အိမ္မႈေဝယ်ာဝစၥေတြ လုပ္ျခင္းက အသက္ရွည္ေစမွာ မဟုတ္ဘူးလို႔ လူေတြက ယုံၾကည္ၾက ပါတယ္။ အဝတ္ေခါက္ျခင္း၊ တံျမက္စည္း လွည္းျခင္းတို႔လို ေပါ့ပါးတဲ့ အိမ္အလုပ္ေလးေတြက အသက္ရွည္ေစေၾကာင္း အေမရိကန္သိပၸံပညာရွင္ေတြက တင္ျပခဲ့ပါတယ္။

အသက္ ၆၃ ႏွစ္ ကေန ၉၉ ႏွစ္အထိ အမ်ိဳးသမီးေပါင္း ၆၀၀၀ ေက်ာ္ကို ေလ့လာခဲ့ပါတယ္။ ေန႔စဥ္ အိမ္ေဝယ်ာဝစၥလုပ္မႈကို တစ္ပတ္ၾကာ ေလ့လာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဆရာဝန္ေတြက ဒီအမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးကိုဂ႐ုစိုက္ ၃ ႏွစ္ ၾကာ ေစာင့္ၾကည့္မွတ္သားခဲ့ပါတယ္ ။

ေလ့လာမႈအရ ေပါ့ေပါ့ပါးပါး အိမ္အလုပ္ေလးေတြကို တစ္ေန႔မိနစ္ ၃၀ ခန႔္ ျပဳလုပ္တဲ့သူေတြဟာ အိမ္အလုပ္ လုံးဝ မလုပ္တဲ့သူေတြထက္ ေသဆုံးႏိုင္ေခ် ၁၂ % နည္းပါးပါတယ္။

အသက္အ႐ြယ္၊ ကိုယ္အေလးခ်ိန္ မတူတဲ့ အမ်ိဳးသမီးေတြျဖစ္ရင္ေတာင္ အိမ္ကိစၥလုပ္ျခင္းက အသက္ရွည္ေစပါတယ္။ ဘာမွမလုပ္တာနဲ႔ စာရင္ တစ္ခုခု လုပ္တာကမွ ပိုေကာင္းတယ္ ဆိုတဲ့ ဆို႐ိုးစကားအတိုင္း ကိုယ္လက္လႈပ္ရွားၿပီး အိမ္ကိစၥလုပ္ျခင္းက က်န္းမာေရးေပ်ာ္႐ႊင္ေစပါတယ္။

ၿပီးေတာ့ ဒီေလ့လာမႈက အသက္အ႐ြယ္ႀကီးရင့္တဲ့ အမ်ိဳးသမီးေတြက အိမ္ကိစၥလုပ္ျခင္း၊ ပန္းပင္စိုက္ျခင္းတို႔လို ေပါ့ေပါ့ပါးပါးေလးေတြျပဳလုပ္ရင္ စိတ္က်ေရာဂါကိုလည္း ကာကြယ္ႏိုင္ပါတယ္။ Gym သြားဖို႔ အဆင္မေျပရင္ အိမ္ကိစၥလုပ္ျခင္း ကလည္း နည္းလမ္းေကာင္းပါပဲ။

ပန္းကန္ေဆးျခင္းက စိတ္ဖိစီးမႈေတြကိုေလ်ာ့ခ်ေပးပါတယ္ ။ စိတ္ပါလက္ပါနဲ႔ ပန္းကန္ေဆးရင္ စိတ္အလိုမက်မႈ ၂၇ % ကို ေလ်ာ့ခ်ေပးပါတယ္ ။ အဲဒါေၾကာင့္ စိတ္ညစ္ရင္ ပန္းကန္ေဆးျခင္းနဲ႔ ေျဖေဖ်ာက္လို႔ရပါတယ္။ အေရးႀကီးတာ တစ္ခုကေတာ့ စိတ္ပါလက္ပါ လုပ္ဖို႔လိုပါတယ္ေနာ္။ အိမ္အလုပ္ေတြကို စိတ္ပါလက္ပါနဲ႔ လုပ္ရင္ အသက္ရွည္ေစၿပီး အိမ္အလုပ္လည္း ၿပီးမွာပါ။

Zombie (LoveMedia)