တစ်ခါတရံမှာ အိပ်ရေးဝဝ အိပ်ထားရင်တောင် မောပန်းနွမ်းနယ်သလို ခံစားရတတ်ပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလိုလည်း ဖြစ်ချင်ဖြစ် နေတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်တယ်လို့ခံစားရတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချို့အလေ့အကျင့်လေးတွေကို ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် အမြဲလိုလို ပင်ပန်းနွမ်းနယ် နေရတာပါ။

၁။ အစားကို သင့်တင့်မျှတစွာ မစားခြင်း

မနက်စာကို ကွတ်ကီး၊ ပါစတာ၊ ပီဇာစတာတွေစားတဲ့အခါ သွေးထဲမှာ သကြားဓါတ်တွေများလာပြီး အားပြည့်သလို ခံစားရပါတယ်။ဒါပေမယ့် သွေးတွင်းသကြား ဓါတ်ကျသွားတဲ့အခါ မောပန်းနွမ်းနယ်သလို ခံစားရပြန်ပါတယ်။ အဲဒါကြောင့် မနက်စာကို သကြားများတာ အစားအစာတွေကို လျှော့စားပြီး အမျှင်ဓါတ်များတဲ့ အစားအစာ၊ ပဲနီလေး၊ အသီးအရွက်တွေကို ပိုစားပေးသင့်ပါတယ်။

၂။ လှုပ်လှုပ်ရှားရှားမနေခြင်း

အလုပ်ပြန်လာပြီးတော့ ခဏနားလိုက်ရင် အားတွေပြန်ပြည့်လာတယ်လို့ သင်ထင်ရင်ထင်ပါလိမ့်မယ်။ တကယ်တော့ ခန္ဓါကိုယ်က လှုပ်လှုပ်ရှားရှား နေပေးဖို့လည်း လိုအပ်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးသင့်ပါတယ်။ မိနစ် ၂၀ ကြာမြင့်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို ၃ ကြိမ် ပြုလုပ်ပေးတဲ့အခါ အားအင်တွေ ပြန်ပြည့်လာပြီး မောပန်းနွမ်းနယ်သလို မခံစားရစေတော့ပါဘူး။

၃။ အိပ်ချိန်နည်းခြင်း

© face to face/FaceToFace/REPORTER / East News

တစ်ညကို ၇ နာရီကနေ ၉ နာရီလောက် အိပ်တာတောင် ပင်ပန်းသလို ခံစားနေတတ်ပါတယ်။ အိပ်ချိန်ကလည်း အရေးပါပါတယ်။ အဲဒါကြောင့် အချိန်မှန်အိပ်ပြီး အချိန်မှန်ထဖို့ လိုအပ်ပါတယ်။ ညဘက်ရောက်တဲ့အခါ ကော်ဖီသောက်တာ၊ ဖုန်းကြည့်တာတွေက အိပ်ချိန်ကို ထိခိုက်စေပြီး ပင်ပန်းနွမ်းနယ်သလို ခံစားရတာပါ။

၄။ အစားအသောက်ရွေးခြင်း

© shutterstock.com

အမြဲလိုလို ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ အစားရွေးတာပါ။ အာဟာရပြည့်အောင် စားသောက်ဖို့ကလည်း အရေးကြီးပါတယ်။

၅။ ရေကို လုံလုံလောက်လောက် မသောက်ခြင်း

© shutterstock.com

ခန္ဓါကိုယ်က အမြဲလန်းဆန်းနေဖို့ဆိုရင် ရေဓါတ်ပြည့်နေဖို့လည်း လိုအပ်ပါတယ်။ ရေဓါတ်နည်းတဲ့အခါ အာရုံစူးစိုက်နိုင်မှုလည်း အားနည်းလာတတ်ပါတယ်။

၆။ စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတဲ့အခါ အားလျော့ပင်ပန်းလာပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ တရားထိုင်တာ၊ ယောဂကျင့်တာက အကျိူးထိရောက်မှုရှိစေပါတယ်။

၇။ ဗီတာမင်လိုအပ်ခြင်း

အမြဲလိုလို ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားရတဲ့အခါ ဗီတာမင် အစားအစာတွေကိုလည်း မြေထားလို့မရပါဘူး။

သံဓါတ်ပါဝင်တဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ အနီရောင်ရှိတဲ့အသားများကို စားပေးသင့်သလို ဗီတာမင် B 12 ပါဝင်တဲ့ နွားနို့၊ ကြက်ဥ၊ ဆော်လမွန်ငါးတို့ကိုလည်း စားပေးသင့်ပါတယ်။ မှို၊ အဆီများတဲ့ငါး၊ ပင်လယ်စာတွေကနေလည်း ဗီတာမင်ဒီကို ရရှိနိုင်ပါသေးတယ်။

Zombie (Lovemedia)

For Zawgyi

ဒီအချက်တွေကြောင့် အမြဲလိုလို ပင်ပန်းနွမ်းနယ်နေရတာပါ