အမျိုးသားဦးရေရဲ့ 47% နီးပါးမှာ တက်တူးတွေရှိကြပါတယ်။ အရင်တုန်းကတော့ တက်တူးထိုးတာကို လူတွေက သိပ်လက်မခံခဲ့ကြပါဘူး။ ဒါပေမယ့် အလုပ်ခန့်တဲ့နေရာမှာ တက်တူးထိုးထားတဲ့သူတွေကို ဦးစားပေး ခေါ်လာကြပါပြီ။ အမေရိကန်နိုင်ငံမှာ တက်တူးထိုးထားတဲ့အလုပ်သမားတွေအပေါ် မကောင်းမြင်စိတ်တွေ လျော့ပါးလာကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် အမျိုးသားတစ်ယောက်မှာ တက်တူးတွေ တစ်ခုထက်ပိုပြီး ရှိတယ်ဆိုရင် အလုပ်ရဖို့ ပိုသေချာနေပါပြီ။ တက်တူးရှိတဲ့သူနဲ့ မရှိတဲ့သူကြားမှာတော့ လုပ်အားခ ကွာခြားချက်မရှိကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်၊ တက်တူးထိုးခြင်းအပေါ် လူအများရဲ့လက်ခံမှုပ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာပဲ မြန်မြန်ပြောင်းလဲသွားခဲ့ပါတယ်။

တက်တူးထိုးခြင်းကို မကြိုက်တဲ့သူတွေလည်း ရှိနေဆဲပါပဲ။ ဒါပေမယ့် တက်တူးထိုးခြင်းကို ကမ္ဘာပေါ်က လူတွေက တဖြည်းဖြည်းနဲ့လက်ခံလာကြပါပြီ။ တက်တူးထိုးတဲ့သူတွေက အသက် 20 ကနေ 30 အတွင်း အရွယ်တွေဖြစ်ပါတယ်။ အဲဒီအရွယ် ဖျတ်လတ်တဲ့အရွယ်ဖြစ်လို့ အလုပ်ရှင်တွေကလည်း အလုပ်အတွက် ကမ်းလှမ်းချင်ကြပါတယ်။

အခုဆိုရင် တက်တူးထိုးထားတဲ့သူတွေ အလုပ်ရဖို့ လွယ်ကူလာခြင်းက ခေတ်စားလာပါပြီ။ ပြီးတော့ တက်တူးထိုးထားတဲ့သူတွေက ပိုပြီးတော့လည်း အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ တက်တူးထိုးထားတဲ့ အနုပညာရှင်တွေ၊ အားကစားသမားတွေ အများအပြားကို တွေ့နိုင်ပါတယ်။ နိုင်ငံရေးနယ်ပယ်ကလူတွေ တက်တူးထိုးလာခြင်းကလည်း သာမန်ကိစ္စ တစ်ခုလို ဖြစ်လာပါပြီ။

Twitter တည်ထောင်သူလည်းဖြစ်၊ CEO လည်းဖြစ်တဲ့ Jack Dorsey ကလည်း တက်တူးထိုးထားပါတယ်။ ကနေဒါနိုင်ငံရဲ့ဝန်ကြီးချုပ် Justin Trudeau ကလည်း တက်တူးထိုးထားတာကို တွေ့နိုင်ပါတယ်။ အဲဒါကြောင့် ပြင်ပကမ္ဘာက လူတွေကလည်း တက်တူးထိုးဖို့ အားသန်လာကြပါတယ်။ တက်တူးထိုးခြင်းက နာကျင်မှုကို ခံနိုင်ရည်ရှိပြီး ကြောက်ရွံ့မှုနည်းပါတယ် ဆိုတဲ့သဘောလို့ ရှေးတုန်းကလူကြီးတွေက ယူဆခဲ့ကြပါတယ်။

Zombie (LoveMedia)

For Zawgyi

တက်တူးထိုးထားတဲ့သူတွေက အလုပ်ရဖို့ အခွင့်အရေးပိုများ






Zombie (LoveMedia)