တက်တူးထိုးတာက လူငယ်တွေကြားမှာ အလွန်ခေတ်စားပါတယ်။ ဆရာဝန်တွေနဲ့ တက်တူး ပညာရှင်တွေက ခန္ဓါကိုယ်မှာ တက်တူးမထိုးသင့်တဲ့နေရာတွေကို အကြံပေးကြပါတယ်။

၁။ တံတောင်ဆစ်

© SpookySpac3Kook/reddit

တက်တူးပညာရှင်တွေကတော့ တံတောင်ဆစ်မှာ တက်တူးမထိုးဖို့ အကြံပေးပါတယ်။ တံတောင်ဆစ်မှာ တက်တူးထိုးတာက မင်စွဲဖို့ခက်လို့ပါ။ တံတောင်ဆစ်နေရာက အသားထူပြီး တက်တူးထိုးသူက အချိန်ပိုယူရပါတယ်။

၂။ ချိုင်းကြား

© CLGarcia02 / reddit

တက်တူးထိုးရင် အနာကျင်ဆုံး နေရာတွေထဲက တစ်နေရာကတော့ ချိုင်းကြားပါပဲ။ ဒီနာကျင်မှုက အလွန်ပြင်းထန်ပြီး တော်ရုံခံနိုင်ဖို့ မလွယ်နိုင်ပါဘူး။

၃။ ဒူးကောက်ကွေး

© CoeurDeNinja / reddit

ဒူးကောက်ကွေးနေရာက အလွန်နာကျင်လွယ်ပြီး အဲဒီနေရာမှာ နာဗ်ကြောများစွာ ရှိပါတယ်။ ဒူးကောက်ကွေး နေရာကို တက်တူးထိုးနေစဉ်မှာ အလွန်ကို နာကျင်နေရမှာပါ။

၄။ လက်ဖဝါးနှင့် လက်ချောင်း

© Coleman-Rayner/EAST NEWS, © ilervsneks / reddit

လက်ဖဝါးနဲ့ လက်ချောင်းမှာ တက်တူးထိုးတာကို လူကြိုက်များကြပါတယ်။ တက်တူးကျွမ်းကျင်သူတွေကတော့ ဒီနေရာတွေမှာ ထိုးဖို့ အားမပေးပါဘူး။ လက်ဖဝါးနဲ့ လက်ချောင်းတွေဟာ နေရောင်နဲ့ ထိတွေ့မှုပိုများတာကြောင့် တက်တူးအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ပြီးတော့ မြန်မြန်လည်း အရောင်လွင့်ပြယ် စေပါတယ်။

၅။ နံရိုး

© u/meowimmasheep / reddit

နံရိုးပေါ်မှာ ထိုးတဲ့တက်တူးက အရမ်းကို မိမိုက်ပါတယ်။ ဒါပေမယ့် နံရိုးပေါ်မှာ တက်တူးထိုးတဲ့အခါ နာကျင်မှုက အလွန်မြင့်မားပါတယ်။ ချိုင်းကြားပြီးရင် ဒုတိယ အနာကျင်ဆုံးနေရာက နံရိုးပါ။ အမျိုးသမီးတွေ အနေနဲ့ကတော့ နံရိုးပေါ်မှာ တက်တူးထိုးရင် ဘရာဝတ်တဲ့အခါ တော်တော်ခံရခက်မှာပါ။

၆။ မျက်နှာ

© DangerAudio / reddit

မျက်နှာက ထိလွယ်ရှလွယ်တဲ့ နေရာဖြစ်ပြီး မျက်နှာပေါ်မှာ နာဗ်ကြောများစွာ ရှိပါတယ်။ မျက်နှာပေါ်မှာ ထိုးတဲ့တက်တူးကို တက်တူးပညာရှင်တွေက ၂ နှစ်ကနေ ၃ နှစ်အထိပဲ တာဝန်ယူပါတယ်။ မျက်နှာပေါ်မှာ တက်တူးထိုးမယ် ဆိုရင်တော့ နေ့စဉ် sunscreen လိမ်းဖို့တော့ မမေ့ပါနဲ့နော်။

၇။ ခြေကျင်းဝတ်နှင့် ညို့သကျည်း

© tattoosandbadjokes / instagram

ခြေကျင်းဝတ်နဲ့ ညို့သကျည်းနေရာတွေဟာ ဖိနပ်၊ ခြေအိတ်နဲ့ မကြာခဏ ထိတွေ့နေရတာပါ။ အဲဒါကြောင့် အဲဒီနေရာတွေမှာ တက်တူးထိုးရင် မြန်မြန်အရောင် ပြယ်စေပါတယ်။ ခြေကျင်းဝတ်နဲ့ ညို့သကျည်းနေရာမှာ တက်တူးထိုးတဲ့အခါ နာကျင်မှုက နံရိုးမှာ တက်တူးထိုးတဲ့နာကျင်မှုနဲ့ အတူတူပါပဲ။

Bonus

ဒီပုံလေးမှာတော့ အမျိုးသားတွေ တက်တူး ထိုးတဲ့အခါ နာကျင်တဲ့နေရာနဲ့ အမျိုးသမီးတွေ တက်တူးထိုးတဲ့အခါ နာကျင်တဲ့ နေရာတွေကို ဖော်ပြပေးထားပါတယ်။ အနီရောင်ပြထားတဲ့ နေရာတွေကတော့ အနာကျင်ဆုံး နေရာတွေပါ။ အဝါရောင်နဲ့ လိမ္မော်ရောင်ပြထားတဲ့ နေရာတွေကတော့ နာကျင်မှု နည်းနည်းလျော့ပါတယ်။ အပြာရောင် ပြထားတဲ့ နေရာတွေကတော့ နာကျင်မှုအနည်းဆုံး နေရာတွေပါပဲ။

Zombie (Lovemedia)

For Zawgyi

တက္တူးမထိုးသင့္တဲ့ ခႏၶါကိုယ္အစိတ္အပိုင္း (၇) ခု

တက္တူးထိုးတာက လူငယ္ေတြၾကားမွာ အလြန္ေခတ္စားပါတယ္။ ဆရာဝန္ေတြနဲ႔ တက္တူး ပညာရွင္ေတြက ခႏၶါကိုယ္မွာ တက္တူးမထိုးသင့္တဲ့ေနရာေတြကို အႀကံေပးၾကပါတယ္။

၁။ တံေတာင္ဆစ္

တက္တူးပညာရွင္ေတြကေတာ့ တံေတာင္ဆစ္မွာ တက္တူးမထိုးဖို႔ အႀကံေပးပါတယ္။ တံေတာင္ဆစ္မွာ တက္တူးထိုးတာက မင္စြဲဖို႔ခက္လို႔ပါ။ တံေတာင္ဆစ္ေနရာက အသားထူၿပီး တက္တူးထိုးသူက အခ်ိန္ပိုယူရပါတယ္။

၂။ ခ်ိဳင္းၾကား

တက္တူးထိုးရင္ အနာက်င္ဆုံး ေနရာေတြထဲက တစ္ေနရာကေတာ့ ခ်ိဳင္းၾကားပါပဲ။ ဒီနာက်င္မႈက အလြန္ျပင္းထန္ၿပီး ေတာ္႐ုံခံႏိုင္ဖို႔ မလြယ္ႏိုင္ပါဘူး။

၃။ ဒူးေကာက္ေကြး

ဒူးေကာက္ေကြးေနရာက အလြန္နာက်င္လြယ္ၿပီး အဲဒီေနရာမွာ နာဗ္ေၾကာမ်ားစြာ ရွိပါတယ္။ ဒူးေကာက္ေကြး ေနရာကို တက္တူးထိုးေနစဥ္မွာ အလြန္ကို နာက်င္ေနရမွာပါ။

၄။ လက္ဖဝါးႏွင့္ လက္ေခ်ာင္း

လက္ဖဝါးနဲ႔ လက္ေခ်ာင္းမွာ တက္တူးထိုးတာကို လူႀကိဳက္မ်ားၾကပါတယ္။ တက္တူးကြၽမ္းက်င္သူေတြကေတာ့ ဒီေနရာေတြမွာ ထိုးဖို႔ အားမေပးပါဘူး။ လက္ဖဝါးနဲ႔ လက္ေခ်ာင္းေတြဟာ ေနေရာင္နဲ႔ ထိေတြ႕မႈပိုမ်ားတာေၾကာင့္ တက္တူးအေပၚ သက္ေရာက္မႈ ရွိေစပါတယ္။ ၿပီးေတာ့ ျမန္ျမန္လည္း အေရာင္လြင့္ျပယ္ ေစပါတယ္။

၅။ နံ႐ိုး

နံ႐ိုးေပၚမွာ ထိုးတဲ့တက္တူးက အရမ္းကို မိမိုက္ပါတယ္။ ဒါေပမယ့္ နံ႐ိုးေပၚမွာ တက္တူးထိုးတဲ့အခါ နာက်င္မႈက အလြန္ျမင့္မားပါတယ္။ ခ်ိဳင္းၾကားၿပီးရင္ ဒုတိယ အနာက်င္ဆုံးေနရာက နံ႐ိုးပါ။ အမ်ိဳးသမီးေတြ အေနနဲ႔ကေတာ့ နံ႐ိုးေပၚမွာ တက္တူးထိုးရင္ ဘရာဝတ္တဲ့အခါ ေတာ္ေတာ္ခံရခက္မွာပါ။

၆။ မ်က္ႏွာ

မ်က္ႏွာက ထိလြယ္ရွလြယ္တဲ့ ေနရာျဖစ္ၿပီး မ်က္ႏွာေပၚမွာ နာဗ္ေၾကာမ်ားစြာ ရွိပါတယ္။ မ်က္ႏွာေပၚမွာ ထိုးတဲ့တက္တူးကို တက္တူးပညာရွင္ေတြက ၂ ႏွစ္ကေန ၃ ႏွစ္အထိပဲ တာဝန္ယူပါတယ္။ မ်က္ႏွာေပၚမွာ တက္တူးထိုးမယ္ ဆိုရင္ေတာ့ ေန႔စဥ္ sunscreen လိမ္းဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

၇။ ေျခက်င္းဝတ္ႏွင့္ ညိဳ႕သက်ည္း

ေျခက်င္းဝတ္နဲ႔ ညိဳ႕သက်ည္းေနရာေတြဟာ ဖိနပ္၊ ေျခအိတ္နဲ႔ မၾကာခဏ ထိေတြ႕ေနရတာပါ။ အဲဒါေၾကာင့္ အဲဒီေနရာေတြမွာ တက္တူးထိုးရင္ ျမန္ျမန္အေရာင္ ျပယ္ေစပါတယ္။ ေျခက်င္းဝတ္နဲ႔ ညိဳ႕သက်ည္းေနရာမွာ တက္တူးထိုးတဲ့အခါ နာက်င္မႈက နံ႐ိုးမွာ တက္တူးထိုးတဲ့နာက်င္မႈနဲ႔ အတူတူပါပဲ။

Bonus

ဒီပုံေလးမွာေတာ့ အမ်ိဳးသားေတြ တက္တူး ထိုးတဲ့အခါ နာက်င္တဲ့ေနရာနဲ႔ အမ်ိဳးသမီးေတြ တက္တူးထိုးတဲ့အခါ နာက်င္တဲ့ ေနရာေတြကို ေဖာ္ျပေပးထားပါတယ္။ အနီေရာင္ျပထားတဲ့ ေနရာေတြကေတာ့ အနာက်င္ဆုံး ေနရာေတြပါ။ အဝါေရာင္နဲ႔ လိေမၼာ္ေရာင္ျပထားတဲ့ ေနရာေတြကေတာ့ နာက်င္မႈ နည္းနည္းေလ်ာ့ပါတယ္။ အျပာေရာင္ ျပထားတဲ့ ေနရာေတြကေတာ့ နာက်င္မႈအနည္းဆုံး ေနရာေတြပါပဲ။

Zombie (Lovemedia)