အမေရိကန်တွေက တစ်နှစ်ကို စွပ်ပြုတ်ပေါင်း ၁၀ ဘီလီယံပွဲထက် ပိုစားကြပါတယ်။ စွပ်ပြုတ်က လူတွေ ထင်ထားတာထက်ကိုပိုပြီး ကျန်းမာရေးကို အကျိုးပြုပါတယ်။ စွပ်ပြုတ်က ချက်ပြုတ်ရတာလွယ်ကူပြီး အချိန်တိုတိုအတွင်းမှာ စားသုံးနိုင်တဲ့ အစားအစာဖြစ်တာကြောင့် လူကြိုက်များပါတယ်။

၁။ ခန္ဓါကိုယ်ကို နွေးထွေးစေခြင်း

© Bright Side / YouTube

သင်က ချမ်းပြီး ဖျားချင်သလိုလိုဖြစ်နေရင် စွပ်ပြုတ်ပူပူလေး တစ်ခွက်ကိုသာ သောက်လိုက်ပါ။ သဘာဝအသီးအနှံတွေနဲ့ ချက်ပြုတ်ထားတဲ့စွပ်ပြုတ်က ခန္ဓါကိုယ်အပူချိန်ကို မြင့်လာစေပြီး ခန္ဓါကိုယ်အတွင်းပိုင်းအထိ နွေးသွားစေမှာပါ။

၂။ ရေဓါတ်ဖြည့်ပေးခြင်း

© Henrique Félix / Unsplash, © Depositphotos.com

စွပ်ပြုတ်ကလည်း ခန္ဓါကိုယ်ကို ရေဓါတ်ဖြည့်ပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ အေးတာကြောင့် ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ နွေးထွေးတဲ့စွပ်ပြုတ်ကြောင့် ခန္ဓါကိုယ်မှာ ရေဓါတ်ကို ရစေတဲ့အပြင် စွပ်ပြုတ်မှာပါဝင်တဲ့ အာဟာရဓါတ်တွေကိုလည်း ရဦးမှာပါ။

၃။ Sport drink

© RitaE / Pixabay, © Shutterstock.com

ချွေးထွက်များတဲ့အခါမှာလည်း စွပ်ပြုတ်ကို သောက်ပေးသင့်ပါတယ်။ အားကစားသမားတွေသောက်တဲ့ sport drink မှာ ဆိုဒီယမ် ပါဝင်ပါတယ်။ စွပ်ပြုတ်မှာလည်း ဆိုဒီယမ်ပါဝင်တာကြောင့် ချွေးထွက်များတဲ့အခါ စွပ်ပြုတ်ကို ရွေးချယ်လို့ရပါတယ်။

၄။ ကလေးများနှင့် သင့်တော်ခြင်း

© Depositphotos.com

အချို့ကလေးတွေက အသီးအနှံဆိုရင် မစားချင်ကြပါဘူး။ ဒါပေမယ့် စွပ်ပြုတ်ထဲမှာ အသီးအနှံတွေကို ထည့်ပြီးချက်တဲ့အခါ ကလေးအများစုက သဘောကျပြီး အသီးအနှံတွေ စားဖြစ်သွားကြပါတယ်။

၅။ အအေးမိခြင်းအတွက် ထိရောက်တဲ့ဆေးဖြစ်ခြင်း

© Depositphotos.com

ကြက်သားစွပ်ပြုတ်က အဖျားသက်သာစေရုံ မကပါဘူး။ ကိုယ်ခံအားလည်း ကောင်းစေပါတယ်။ အအေးမိပြီဆိုတာနဲ့ စွပ်ပြုတ်ပူပူလေးတစ်ပန်းကန်က ဆေးတစ်ခွက်ဖြစ်စေမှာပါ။

၆။ ဗီတာမင်ပြည့်ဝခြင်း

© Mae Mu / Unsplash, © Nathan Dumlao / Unsplash

ခန္ဓါကိုယ်မှာ ဗီတာမင်ပြည့်ဝစေတဲ့ နည်းလမ်းတစ်ခုကတော့ စွပ်ပြုတ်သောက်တာပါပဲ။ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ရှိတဲ့အသီးအနှံတွေကို စွပ်ပြုတ်ထဲမှာ ထည့်ချက်ဖို့ အာဟာရပညာရှင်တွေက အကြံပေးပါတယ်။ တရုတ်နံနံနဲစမြိတ်ပင်က ကျန်းမာရေးနဲ့ သင့်တော်တဲ့အပြင် သံဓါတ်နဲ့ ဗီတာမင်စီလည်း ပြည့်ဝစေပါတယ်။

၇။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ဝိတ်ချနည်း

© Depositphotos.com, © Elijah M. Henderson / Unsplash

စွပ်ပြုတ်ကို ပုံမှန်စားပေးရင် အဝလွန်ဖို့ အခွင့်အလမ်း နည်းသွားနိုင်ပါတယ်။ စွပ်ပြုတ်မှာ ကယ်လိုရီနည်းပြီး အရည်များများ ပါဝင်တာကြောင့် ဗိုက်ပြည့်စေပါတယ်။ စွပ်ပြုတ်တစ်နေ့ကို တစ်ပန်းကန်စားခြင်းက ကယ်လိုရီများစွာကို လျှော့ချနိုင်မှာပါ။

Zombie (Lovemedia)

For Zawgyi

သင္မသိေသးတဲ့ စြပ္ျပဳတ္ေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး (၇) ခ်က္

အေမရိကန္ေတြက တစ္ႏွစ္ကို စြပ္ျပဳတ္ေပါင္း ၁၀ ဘီလီယံပြဲထက္ ပိုစားၾကပါတယ္။ စြပ္ျပဳတ္က လူေတြ ထင္ထားတာထက္ကိုပိုၿပီး က်န္းမာေရးကို အက်ိဳးျပဳပါတယ္။ စြပ္ျပဳတ္က ခ်က္ျပဳတ္ရတာလြယ္ကူၿပီး အခ်ိန္တိုတိုအတြင္းမွာ စားသုံးႏိုင္တဲ့ အစားအစာျဖစ္တာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။

၁။ ခႏၶါကိုယ္ကို ေႏြးေထြးေစျခင္း

သင္က ခ်မ္းၿပီး ဖ်ားခ်င္သလိုလိုျဖစ္ေနရင္ စြပ္ျပဳတ္ပူပူေလး တစ္ခြက္ကိုသာ ေသာက္လိုက္ပါ။ သဘာဝအသီးအႏွံေတြနဲ႔ ခ်က္ျပဳတ္ထားတဲ့စြပ္ျပဳတ္က ခႏၶါကိုယ္အပူခ်ိန္ကို ျမင့္လာေစၿပီး ခႏၶါကိုယ္အတြင္းပိုင္းအထိ ေႏြးသြားေစမွာပါ။

၂။ ေရဓါတ္ျဖည့္ေပးျခင္း

စြပ္ျပဳတ္ကလည္း ခႏၶါကိုယ္ကို ေရဓါတ္ျဖည့္ေပးႏိုင္ပါတယ္။ ေဆာင္းရာသီမွာ ေအးတာေၾကာင့္ ေရေသာက္ဖို႔ ေမ့ေနတတ္ပါတယ္။ ေႏြးေထြးတဲ့စြပ္ျပဳတ္ေၾကာင့္ ခႏၶါကိုယ္မွာ ေရဓါတ္ကို ရေစတဲ့အျပင္ စြပ္ျပဳတ္မွာပါဝင္တဲ့ အာဟာရဓါတ္ေတြကိုလည္း ရဦးမွာပါ။

၃။ Sport drink

ေခြၽးထြက္မ်ားတဲ့အခါမွာလည္း စြပ္ျပဳတ္ကို ေသာက္ေပးသင့္ပါတယ္။ အားကစားသမားေတြေသာက္တဲ့ sport drink မွာ ဆိုဒီယမ္ ပါဝင္ပါတယ္။ စြပ္ျပဳတ္မွာလည္း ဆိုဒီယမ္ပါဝင္တာေၾကာင့္ ေခြၽးထြက္မ်ားတဲ့အခါ စြပ္ျပဳတ္ကို ေ႐ြးခ်ယ္လို႔ရပါတယ္။

၄။ ကေလးမ်ားႏွင့္ သင့္ေတာ္ျခင္း

အခ်ိဳ႕ကေလးေတြက အသီးအႏွံဆိုရင္ မစားခ်င္ၾကပါဘူး။ ဒါေပမယ့္ စြပ္ျပဳတ္ထဲမွာ အသီးအႏွံေတြကို ထည့္ၿပီးခ်က္တဲ့အခါ ကေလးအမ်ားစုက သေဘာက်ၿပီး အသီးအႏွံေတြ စားျဖစ္သြားၾကပါတယ္။

၅။ အေအးမိျခင္းအတြက္ ထိေရာက္တဲ့ေဆးျဖစ္ျခင္း

ၾကက္သားစြပ္ျပဳတ္က အဖ်ားသက္သာေစ႐ုံ မကပါဘူး။ ကိုယ္ခံအားလည္း ေကာင္းေစပါတယ္။ အေအးမိၿပီဆိုတာနဲ႔ စြပ္ျပဳတ္ပူပူေလးတစ္ပန္းကန္က ေဆးတစ္ခြက္ျဖစ္ေစမွာပါ။

၆။ ဗီတာမင္ျပည့္ဝျခင္း

ခႏၶါကိုယ္မွာ ဗီတာမင္ျပည့္ဝေစတဲ့ နည္းလမ္းတစ္ခုကေတာ့ စြပ္ျပဳတ္ေသာက္တာပါပဲ။ အစိမ္းေရာင္၊ အဝါေရာင္၊ အနီေရာင္ရွိတဲ့အသီးအႏွံေတြကို စြပ္ျပဳတ္ထဲမွာ ထည့္ခ်က္ဖို႔ အာဟာရပညာရွင္ေတြက အႀကံေပးပါတယ္။ တ႐ုတ္နံနံနဲစၿမိတ္ပင္က က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့အျပင္ သံဓါတ္နဲ႔ ဗီတာမင္စီလည္း ျပည့္ဝေစပါတယ္။

၇။ က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ဝိတ္ခ်နည္း

စြပ္ျပဳတ္ကို ပုံမွန္စားေပးရင္ အဝလြန္ဖို႔ အခြင့္အလမ္း နည္းသြားႏိုင္ပါတယ္။ စြပ္ျပဳတ္မွာ ကယ္လိုရီနည္းၿပီး အရည္မ်ားမ်ား ပါဝင္တာေၾကာင့္ ဗိုက္ျပည့္ေစပါတယ္။ စြပ္ျပဳတ္တစ္ေန႔ကို တစ္ပန္းကန္စားျခင္းက ကယ္လိုရီမ်ားစြာကို ေလွ်ာ့ခ်ႏိုင္မွာပါ။

Zombie (Lovemedia)