For Unicode

တနင်္ဂနွေ

ယခုကာလအတွင်း အကောင်းအဆိုး၊ ရောထွေးနေသော ကာလဖြစ်သည်။ အဆင်ပြေမည်ဟု တစ်ထစ်ချ တွက်ဆထားသည့် အရာအားလုံး လွဲချော်နေမည်။ သင်၏စီးပွားရေးလုပ်ငန်းများသည် အသွင်သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲလာပေ လိမ့်မည်။ ပုံမှန်ငွေဝင် ကောင်းနေရာမှ ရုတ်တရက် ပြောင်းလဲမှုကြောင့် ငွေဝင်နည်းမည်။ သို့သော်၊ ပုံမှန်ထား အလုပ်ကျွမ်းကျင်မှု၊ နေသားကျမှုနှင့် အလုပ်ရှင်များ ငွေရှင်များ၏ ယုံကြည်အားကိုးမှုကို ခံရမည်။

ယာဉ်၊ ကားနှင့် အနုပညာရပ်များ၊ ပန်းချီ၊ စာရေး၊ လုပ်ငန်းများ ဖြစ်လျှင် အလွန်လှပ နှစ်သက်ဖွယ်ပုံများ အဖိုးတန်ကုန် ပစ္စည်းများ ထုတ်လုပ်ဖြစ်မည်။ အိမ်ထောင်ရေးတွင် လင်နှင့်မယား လျှာနှင့်သွားဆိုသလိုစကားများ၊ ရန်ဖြစ်၊ အိမ်က ဆင်းသွား သည်အထိ ကြီးကျယ်သွားတတ်ပါသည်။ သည်းခံပါ။ ပညာရေးတွင် အမိအဘအကြီးအကဲများရဲ့ အထောက်အပံ့ အပြည့်အဝ အကူအညီရနေမည်။ ပျော်ရွှင်သော ပညာသင်ကြား ချိန်ဖြစ်သည်။

အချစ်ရေးတွင် ပညာ ရှာရင်းနဲ့ ကြင်ယာပါ တွေ့ရတတ်သည်။ ချစ်သူရှိပြီးသူများ လူချင်းတွေ့ဆုံဖို့ ခက်ခဲနေတတ်ပါတယ်။ ကျန်းမာရေးတွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အစား အသောက် မှားမှုကြောင့် ဝေဒနာ များ ခံစားနေရမည်။ တော၊တောင်များသို့ သွားမိလျှင် အပြန်တွင် ရောဂါရတတ်သည်။

အကျိုးပေးဂဏန်း ၃ /၈ /၄

အထူးဟော ကျန်းမာရေး ရုတ်တရက်ညံ့သွားနိုင်ပါတယ်။

ယတြာ - ဒဏ်ကြေလိမ်းဆေးတစ်ဘူး လူကြီးမိဘတစ်ဦးကိုလှူလိုက်ပါ။

တနင်္လာ

ယခုကာလအတွင်း ဂုဏ်သိက္ခာတိုးတတ်မြင့်မားချိန်ဖြစ်၍ အကောင်းဆုံး အခွင့်အရေးသစ်များ ဆေးခြယ်၊ ပုံဖေါ်နိုင်မည်။ သင်၏စီးပွားရေးတွင် ငွေမြုပ်နေရာမှ ရုတ်တရက် အောင်မြင်မှုလမ်းများ ပွင့်လာမည်။ ငွေထုတ်ပေး မည့်သူနှင့် မင်းစိုးရာဇာတို့၏ အားပေးကူညီမှုကို ရရှိမည်။ သို့သော် စာချုပ်နှင့် နှုတ်ကတိများ ကိုယ့် ဘက်က စတင် ပြုလုပ်လျှင် အမှားကြုံတတ်သည်။ အလွန်အာမခံခြင်းကို ရှောင်ပါ။

အစစကောင်းမွန်လာသော အချိန်ဖြစ်သော် လည်း ငွေကုန်ကျမှုများနေဦးမည်။ အချစ်ရေးတွင် ချစ်သူသည် အဝေးတစ်နေရာသို့ အလုပ်ကိစ္စဖြင့် ထွက်ခွာသွား ပေ လိမ့်မည်။ အချစ်မရှိသေးသူများအတွက် အချစ်သည် မြင်သာမြင်၍ မကြင်နာနိုင်သော အခြေအနေတွင် ရှိ နေမည်။ ကျန်းမာရေးတွင် စိတ်လေလွင့်၍ အိပ်မပျော် ဖြစ်နေမည်။ ခြေထောက်မှာ အနာ၊ အဖု၊ အပိန့်များ ထွက် ဖြစ်မည်။

ကိုယ်ဝန်ဆောင်များ ပျက်ကျရန် အလွန်နီးသဖြင့် သတိပြုသင့်ပါသည်။ အိမ်ထောင်ရေးမှာ ဤကာလ အတွင်း ပျော်ရွှင်ချမ်းမြေ့သော ရက်များကို ဖြတ်သန်းရလိမ့်မည်။ ပညာရေးတွင် နယ်ဝေး ပညာသင်သွား လိုသူများ၊ ကျောင်းပြောင်းလိုသူများ အလွယ်တကူ ပြောင်းရွှေ့ဖြစ်မည်။ စတင်သင်ကြားရာတွင် ခက်ခဲမှု၊ နားမ လည် မှုများ ကြုံတွေ့ရမည်။ အထူးသဖြင့် ဘာသာစကား၌ အခက်ကြုံရတတ်သည်။

အကျိုးပေးဂဏန်း ၅/ ၄/ ၉

အထူးဟော - ကံမြင့်မားတိုးတတ်နေမည်။

ယတြာ - လက်ဖက်ထမင်းဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း ထူးခြားသည့် အကူအညီအထောက်အပံ့ကောင်းများ ရရှိမှုများကြောင့် ရာထူးတိုးတတ် ခြင်း၊လုပ်ငန်းတွင်အကျိုးရှိကြီးပွားမှုများတွေ့ကြုံရင်ဆိုင်ရတတ်ပါတယ်။သင်၏စီးပွားရေးလုပ်ငန်းများကို အကြိတ် အနယ် ယှဉ်ပြိုင်လုပ်ကိုင်နေရမည်။ အချိန်တိုင်း စကားများစွာ ပြောဆိုနေရ၍ ပြဿနာများ ဖြေရှင်းနေရမည်။ ငွေဝင် ကောင်းချိန်၊ ကံကောင်းနေချိန် ဖြစ်ပါသည်။ ပြိုင်ဘက်များထံမှ ငွေများ သို့မဟုတ် အကြွေးဟောင်းများ ပြန်ရမည်။ သို့သော် ကိုယ်တိုင် အလိမ်အညာခံရ၍ ငွေကုန်တတ်သည်။

အိမ်ထောင်ရေးတွင် အတူသွား၊ အတူးစားရင်း ရယ် စရာလေးများ ပြောဆိုကာ သာယာသော အိမ်ထောင်မှု ချမ်းသာကို ရရှိမည်။ ပညာရေးတွင် ပညာရေးထက် အပျော် အပါးနှင့် ကစား၊ အစားဘက်သာ များနေမည်။ သင်တန်းတတ်ရန် ငွေသွင်းပြီးမှ ပြီးဆုံးအောင် မတတ် ရောက်နိုင်မှု နှင့် ဟိုရောင်ရောင် သည်ရောင် ရောင်ဖြစ်နေမည်။ အားကစားတွင် အနိုင်ရတတ်သည်။

အချစ်ရေးတွင် အချစ်မဲ့သော ကာလဖြစ်သော်လည်း အိမ်ထောင်ပြုလိုသော ဆန္ဒတွေများနေမည်။ အချစ်မပါပဲ သူတစ်ပါး အောင်သွယ်ပေးမှု ကြောင့် အိမ်ထောင်ပြုရန် အလွန်နီးစပ်နေမည်။ ခရီးသွားရင်း အချစ်တွေ့ ရမည်။ ကျန်းမာရေးတွင် ဆီးနည်းပါးခြင်း၊ ကျောက်ကပ် အားနည်းခြင်းများ ကြုံတွေ့ရမည်။ ညောင်းညာကိုက်ခဲ နေမည်။ သွေးသွင်းမှားတတ်သည်။

အကျိုးပေးဂဏန်း ၅/ ၆ /၃

အထူးဟော - စုတ်လာဘ် ဝင်ကိန်းရှိပါတယ်။

ယတြာ - ပန်းသီးလေးတွေ စိပ်ပြီးဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး /ရာဟု

ယခုကာလအတွင်း ဖြစ်ချင်သောဆန္ဒနှင့် ရည်မှန်းချက်များအားလုံး အခက်အခဲကြားမှ အဆင်ပြေ အောင်မြ င်မှုများ ကြုံရပါလိမ့်မည်။ မထင်မှတ်၊ မမျှော်လင့် ထားသည့် ဝင်ငွေကောင်းများ ရရှိလာပါလိမ့်မည်။ ရုတ်တရက် ခရီးသွားရကိန်းမြင်သည်။ သင်၏စီးပွားရေးများ စတင်လုပ်ကိုင်သင့်သော အချိန်ကာလဖြစ်သည်။ အလုပ် ရှာသူ များ အလုပ်ရမည်။ ဘဏ်လုပ်ငန်း၊ စာရင်းကိုင်နှင့် အရည်နဲ့ပတ်သက်သောစီးပွားရေးတို့တွင် ကိုယ်နှင့်ဆိုင်ရာ တစ်ခုခုမှ ကောင်းကျိုးပြုလာလိမ့်မည်။

စာချုပ်နှင့် နှုတ်ကတိများ လွဲချော်နိုင်ပါသည်။ သတိထား၍ လက်မှတ်ရေး ထိုးသင့်သည်။ ဆောက်လုပ်ရေးဆိုင်ရာများ အခက်အခဲကြုံတွေ့နိုင်သည်။ အိမ်ထောင်ရေးတွင် အေးစက်စက်နှင့် အလုပ်နှင့်တာဝန်ကို ဦးစားပေးနေရသဖြင့် တစ်ယောက်နှင့်တစ်ယောက် လွမ်းရေးထက် ဝမ်းရေးကို ဖြည့်စွက်နေ ရမည်။ ပညာရေးတွင် လက်ရှိပညာရေးမှ အခြားပညာရပ်တစ်ခုသို့ ကူးပြောင်းရန် ကြံရွယ်ဖြစ်မည်။ သင်ယူလို သောပညာရပ်က များနေသောကြောင့် အရွေးရခက်နေမည်။

သင်တန်းများ ပျက်ကွက်နေမည်။ နောက်ပိုင်းအချိန် ကာလတစ်ခုသို့ရောက်မှ ပညာရေးစိတ်ဝင်စားနေမည်။ အချစ်ရေးတွင် ချစ်ကံခေသော အချိန်ဖြစ်၍ အစစ၊ အပြော အဆို သတိပြုသင့်သည်။ ချစ်နေသူများ လမ်းခွဲစကားပြောဖြစ်မည်။ ကျန်းမာရေးတွင် အချစ်ဝေဒနာကြောင့် အအိပ် ပျက်၊ အစားပျက် ဖြစ်မည်။ စိတ်လေလွင့်မည်။

အကျိုးပေးဂဏန်း ၄/ ဝ/ ၆

အထူးဟော - ရွှေပျောက်တာ၊ အထားမှားပြီး ရှာမရတာတွေ ဖြစ်တတ်ပါတယ်။

ယတြာ - နို့ကြက်ဥတစ်ခွက် ဘုရားရှင်အားကပ်လှူပါ။

ကြာသပတေး

ယခုကာလအတွင်း သင်၏စီးပွားရေး လုပ်ငန်းများအတွက် မိတ်ဟောင်းဆွေဟောင်းများ အကူအညီပေး လာပါမည်။ စပ်တူနှင့် အကျိုးဆောင်လုပ်ငန်းမှ ငွေဝင်မည်။ စကားအပြာအဆို မမှားမိစေရန် အထူးသတိထား ပြောဆိုသင့်ပါသည်။ ခရီးတိုလုပ်ငန်းများ အောင်မြင်မည်။ ညီငယ်၊ ညီမငယ်များရဲ့လုပ်ငန်း အောင်မြင်မှုများ ကြား သိရမည်။ မိမိအနေနဲ့ ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်သောအချိန်ကာလဖြစ်သည်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်မှာ စီးပွားရေးနှင့် သူ့ပညာရေးအတွက်သာ စူးစိုက်လုပ်ကိုင်နေမည်။ အိမ်တွင်းရေးတာဝန်များ လစ်ဟင်းနေမည်။ ပညာရေးတွင် ပညာသင်ယူရန် စိတ်ရှိသော်လည်း တခြားအလုပ်များကြောင့် ပညာရေး တစ်ပိုင်း တစ်စ ရပ်နားထားရမည်။ ဆရာခေါ်ပြီးမှ မသင်ယူဖြစ်၊ သင်တန်းစုံစမ်းပြီးမှ မတတ်ရောက်ဖြစ်၊ လူမှုရေး၊ အိမ် တွင်းရေး ကိစ္စများကိုသာ ဦးစားပေးနေဖြစ်မည်။

အချစ်ရေးတွင် ချိန်ထားပြီးမှ လွဲချော်နေတတ်သည်။ ချစ်သူ၏ အထင်လွဲမှု စိတ်ကောက်မှုကို ခံရမည်။ အချစ်သစ်ရှာလိုသော်လည်း ရှာမရ၍ အချစ်ငတ်နေသော အချိန်ဖြစ်သည်။ ကျန်းမာရေးတွင် အစားအသောက် မှားယွင်းမည်။ အစာမကြေရောဂါနှင့် ဆီးအောင့် ၊ ဆီးပူဝေဒနာများ ခံစား ရမည်။ အပူအအေးမျှတအောင် နေထိုင်စားသောက်သင့်ပါတယ်။

အကျိုးပေးဂဏန်း ၁/ ၇/ ၅

အထူးဟော - ကံသင့်ပါတယ်။

ယတြာ - အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ယခုကာလအတွင်း အင်္ဂါသားသမီးများနှင့် ပူးတွဲဆောင်ရွက်မှုများဖြင့် ကံကောင်းစေတတ်ပါတယ်။ တပည့် လက်သားများ ကိုယ့်ထံကထွက်၍ ကိုယ်ပြိုင်ဘက်ထံ ရောက်သွား တတ်သည်။ ဝန်ထမ်းများ သင်တန်းသစ် များ တတ်ရခြင်း၊ အဖွဲ့အစည်းတစ်ခုအတွင်း ပါဝင်နေခြင်းများ ကြုံမည်။ သင်၏စီးပွားရေးတွင် ဆရာမိဘများ၏ အကူ အညီကြောင့် စီးပွားရေးကောင်းလာမည်။

ဆက်သွယ်ရေးနှင့် အကျိုးဆောင်၊ စာချုပ်၊ စာတမ်းများ စသော အထွေထွေလုပ်ငန်းတို့ကြောင့် ဟိုနည်းနည်း ၊ ဒီနည်းနည်းဖြင့် ငွေများ ပုံမှန်ဝင်နေမည်။ ဝင်ငွေကောင်းနေသော အချိန်ကာလဖြစ်သည်။ အိမ်ထောင်ရေးတွင် နှစ်ကိုယ့် တစ်စိတ် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြင့် အတွဲညီသော ဇနီးမောင်နှံဖြစ်မည်။ သားသမီးတို့အတွက် နှစ်ယောက်စလုံး စိတ်ပူပန်ဖြစ်မည်။ ပညာရေးတွင် ဟိုစပ်စပ်၊ သည် စပ်စပ်နှင့် ဘယ်တော့မှ ဆုံးခန်းတိုင်အောင် မရောက်ပဲ ဖြစ်မည်။

အချစ်ရေးတွင် အသက်ကြီးသူ၏ ချစ်မြတ် နိုးမှု၊ စိုးမိုးလွှမ်းမိုးမှုကို ခံရမည်။ အနီးအနားရှိ ငယ်ရွယ် သူများနှင့်လည်း ကြိုးချင်းထားပြီး ငြိတွယ်သွားတတ် ကြသည်။ ကျန်းမာရေးတွင် ရေချိုးမှားမည်။ ညဘက်တွင် ခေါင်းလျှော်တာမျိုး အထူးရှောင်စေချင်ပါတယ်။ မိန်းက လေး များ ချွေးငုတ်၊ သွေးငုတ် ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/ ၂/ ၉

အထူးဟော - လုပ်ငန်းတိုးတတ်ကိန်း ရှိသည်။

ယတြာ - အကြော်စုံဘုရားကပ်လှူပေးပါ။

စနေ

ယခုကာလအတွင်း ဤကာလအတွင်း မမျှော်လင့်ဘဲ ငွေအစုအလိုက် အပုံလိုက် ဝင်ကိန်းရှိနေပါ၍ ထီကံ စမ်းခြင်းများ ပြုလုပ်ပေးသင့် ပါသည်။ သင်၏ကံဇာတာအထူးကောင်းနေသော်လည်း အရာရာကိုတော့ သတိပြုပါ။သင်၏ကုသိုလ်ကံတရားကြောင့် တွေ့ကြုံ ရင် ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားသွား နိုင်မည်။ ဝန်ထမ်း ဖြစ်ပါက ဒီထက်တဆင့်မြင့်သောအလုပ်၊ဋ္ဌာနနှင့်နေရာထိုင်ခင်းသစ်များ ပြောင်းလဲနေ ထိုင်ရခြင်းများ ရှိမည်။

သင် သည် ချေးငှားထားသော ငွေကြေးများ ပြန်လည်မရရှိမှုများကြောင့် စိတ်ညစ်ရခြင်း ရှိ မည်။ ထို့အပြင် အလိမ်ခံရ တတ်ခြင်း၊ အမှုဖြစ်တတ်ခြင်း၊ အမှုပတ်တတ်ခြင်းတွေကိုလည်း သတိထားရန် လိုမည်။ မကြာခဏငွေကြေးအရှုပ် အရှင်းပြဿနာများပေါ်ပေါက်လာတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါကအိမ်တွင်းရေး အဆင် ပြေမည်။

ငယ်ရွယ်သူများ၏ အချစ်ရေးမှာ ကြားစကားကြောင့် တစ်ယောက်နှင့်တစ်ယောက် အထင်အမြင် လွဲမှားခြင်းများ ရှိနေမည်။ ပညာရေးနှင့် ပတ်သက်၍ ကံကောင်းခြင်းများ ရှိနေမည်။ပညာအသစ်များသင်ယူခွင့်ရရှိမည်။ ကျန်းမာရေးမှာ မကြာခဏ ဆေးရုံ၊ ဆေးခန်း ရောက်ရ တတ်ပါသည်။ ညနေဘက် နေရောင် မရှိတော့သည့်အချိန်တွင် ရေချိုးခြင်းနှင့် အအေးခံခြင်းမျိုးကို လုံးဝရှောင် ကြဉ်သင့်ပါသည်။

အကျိုးပေးဂဏန်း - ၂/ ၃/ ဝ

အထူးဟော - အလုပ်များနေရတတ်ပါတယ်။

ယတြာ - မီးကြိုး၊မီးချောင်း၊ ဓာတ်ခဲအပျက်တွေ ရှိရင် စွန့်ပစ်ပါ။

၇ ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

For Zawgyi

ဆရာၿငိမ္း၏ 15.10.2020 မွ 21.10.2020 ထိ ၇ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း

တနဂၤေႏြ

ယခုကာလအတြင္း အေကာင္းအဆိုး၊ ေရာေထြးေနေသာ ကာလျဖစ္သည္။ အဆင္ေျပမည္ဟု တစ္ထစ္ခ် တြက္ဆထားသည့္ အရာအားလုံး လြဲေခ်ာ္ေနမည္။ သင္၏စီးပြားေရးလုပ္ငန္းမ်ားသည္ အသြင္သ႑ာန္အမ်ိဳးမ်ိဳး ေျပာင္းလဲလာေပ လိမ့္မည္။ ပုံမွန္ေငြဝင္ ေကာင္းေနရာမွ ႐ုတ္တရက္ ေျပာင္းလဲမႈေၾကာင့္ ေငြဝင္နည္းမည္။ သို႔ေသာ္၊ ပုံမွန္ထား အလုပ္ကြၽမ္းက်င္မႈ၊ ေနသားက်မႈႏွင့္ အလုပ္ရွင္မ်ား ေငြရွင္မ်ား၏ ယုံၾကည္အားကိုးမႈကို ခံရမည္။

ယာဥ္၊ ကားႏွင့္ အႏုပညာရပ္မ်ား၊ ပန္းခ်ီ၊ စာေရး၊ လုပ္ငန္းမ်ား ျဖစ္လွ်င္ အလြန္လွပ ႏွစ္သက္ဖြယ္ပုံမ်ား အဖိုးတန္ကုန္ ပစၥည္းမ်ား ထုတ္လုပ္ျဖစ္မည္။ အိမ္ေထာင္ေရးတြင္ လင္ႏွင့္မယား လွ်ာႏွင့္သြားဆိုသလိုစကားမ်ား၊ ရန္ျဖစ္၊ အိမ္က ဆင္းသြား သည္အထိ ႀကီးက်ယ္သြားတတ္ပါသည္။ သည္းခံပါ။ ပညာေရးတြင္ အမိအဘအႀကီးအကဲမ်ားရဲ႕ အေထာက္အပံ့ အျပည့္အဝ အကူအညီရေနမည္။ ေပ်ာ္႐ႊင္ေသာ ပညာသင္ၾကား ခ်ိန္ျဖစ္သည္။

အခ်စ္ေရးတြင္ ပညာ ရွာရင္းနဲ႔ ၾကင္ယာပါ ေတြ႕ရတတ္သည္။ ခ်စ္သူရွိၿပီးသူမ်ား လူခ်င္းေတြ႕ဆုံဖို႔ ခက္ခဲေနတတ္ပါတယ္။ က်န္းမာေရးတြင္ ဝမ္းပ်က္၊ ဝမ္းေလွ်ာႏွင့္ အစား အေသာက္ မွားမႈေၾကာင့္ ေဝဒနာ မ်ား ခံစားေနရမည္။ ေတာ၊ေတာင္မ်ားသို႔ သြားမိလွ်င္ အျပန္တြင္ ေရာဂါရတတ္သည္။

အက်ိဳးေပးဂဏန္း ၃ /၈ /၄

အထူးေဟာ က်န္းမာေရး ႐ုတ္တရက္ညံ့သြားႏိုင္ပါတယ္။

ယၾတာ - ဒဏ္ေၾကလိမ္းေဆးတစ္ဘူး လူႀကီးမိဘတစ္ဦးကိုလႉလိုက္ပါ။

တနလၤာ

ယခုကာလအတြင္း ဂုဏ္သိကၡာတိုးတတ္ျမင့္မားခ်ိန္ျဖစ္၍ အေကာင္းဆုံး အခြင့္အေရးသစ္မ်ား ေဆးျခယ္၊ ပုံေဖၚႏိုင္မည္။ သင္၏စီးပြားေရးတြင္ ေငြျမဳပ္ေနရာမွ ႐ုတ္တရက္ ေအာင္ျမင္မႈလမ္းမ်ား ပြင့္လာမည္။ ေငြထုတ္ေပး မည့္သူႏွင့္ မင္းစိုးရာဇာတို႔၏ အားေပးကူညီမႈကို ရရွိမည္။ သို႔ေသာ္ စာခ်ဳပ္ႏွင့္ ႏႈတ္ကတိမ်ား ကိုယ့္ ဘက္က စတင္ ျပဳလုပ္လွ်င္ အမွားႀကဳံတတ္သည္။ အလြန္အာမခံျခင္းကို ေရွာင္ပါ။

အစစေကာင္းမြန္လာေသာ အခ်ိန္ျဖစ္ေသာ္ လည္း ေငြကုန္က်မႈမ်ားေနဦးမည္။ အခ်စ္ေရးတြင္ ခ်စ္သူသည္ အေဝးတစ္ေနရာသို႔ အလုပ္ကိစၥျဖင့္ ထြက္ခြာသြား ေပ လိမ့္မည္။ အခ်စ္မရွိေသးသူမ်ားအတြက္ အခ်စ္သည္ ျမင္သာျမင္၍ မၾကင္နာႏိုင္ေသာ အေျခအေနတြင္ ရွိ ေနမည္။ က်န္းမာေရးတြင္ စိတ္ေလလြင့္၍ အိပ္မေပ်ာ္ ျဖစ္ေနမည္။ ေျခေထာက္မွာ အနာ၊ အဖု၊ အပိန႔္မ်ား ထြက္ ျဖစ္မည္။

ကိုယ္ဝန္ေဆာင္မ်ား ပ်က္က်ရန္ အလြန္နီးသျဖင့္ သတိျပဳသင့္ပါသည္။ အိမ္ေထာင္ေရးမွာ ဤကာလ အတြင္း ေပ်ာ္႐ႊင္ခ်မ္းေျမ့ေသာ ရက္မ်ားကို ျဖတ္သန္းရလိမ့္မည္။ ပညာေရးတြင္ နယ္ေဝး ပညာသင္သြား လိုသူမ်ား၊ ေက်ာင္းေျပာင္းလိုသူမ်ား အလြယ္တကူ ေျပာင္းေ႐ႊ႕ျဖစ္မည္။ စတင္သင္ၾကားရာတြင္ ခက္ခဲမႈ၊ နားမ လည္ မႈမ်ား ႀကဳံေတြ႕ရမည္။ အထူးသျဖင့္ ဘာသာစကား၌ အခက္ႀကဳံရတတ္သည္။

အက်ိဳးေပးဂဏန္း ၅/ ၄/ ၉

အထူးေဟာ - ကံျမင့္မားတိုးတတ္ေနမည္။

ယၾတာ - လက္ဖက္ထမင္းဘုရားကပ္လႉလိုက္ပါ။

အဂၤါ

ယခုကာလအတြင္း ထူးျခားသည့္ အကူအညီအေထာက္အပံ့ေကာင္းမ်ား ရရွိမႈမ်ားေၾကာင့္ ရာထူးတိုးတတ္ ျခင္း၊လုပ္ငန္းတြင္အက်ိဳးရွိႀကီးပြားမႈမ်ားေတြ႕ႀကဳံရင္ဆိုင္ရတတ္ပါတယ္။သင္၏စီးပြားေရးလုပ္ငန္းမ်ားကို အႀကိတ္ အနယ္ ယွဥ္ၿပိဳင္လုပ္ကိုင္ေနရမည္။ အခ်ိန္တိုင္း စကားမ်ားစြာ ေျပာဆိုေနရ၍ ျပႆနာမ်ား ေျဖရွင္းေနရမည္။ ေငြဝင္ ေကာင္းခ်ိန္၊ ကံေကာင္းေနခ်ိန္ ျဖစ္ပါသည္။ ၿပိဳင္ဘက္မ်ားထံမွ ေငြမ်ား သို႔မဟုတ္ အေႂကြးေဟာင္းမ်ား ျပန္ရမည္။ သို႔ေသာ္ ကိုယ္တိုင္ အလိမ္အညာခံရ၍ ေငြကုန္တတ္သည္။

အိမ္ေထာင္ေရးတြင္ အတူသြား၊ အတူးစားရင္း ရယ္ စရာေလးမ်ား ေျပာဆိုကာ သာယာေသာ အိမ္ေထာင္မႈ ခ်မ္းသာကို ရရွိမည္။ ပညာေရးတြင္ ပညာေရးထက္ အေပ်ာ္ အပါးႏွင့္ ကစား၊ အစားဘက္သာ မ်ားေနမည္။ သင္တန္းတတ္ရန္ ေငြသြင္းၿပီးမွ ၿပီးဆုံးေအာင္ မတတ္ ေရာက္ႏိုင္မႈ ႏွင့္ ဟိုေရာင္ေရာင္ သည္ေရာင္ ေရာင္ျဖစ္ေနမည္။ အားကစားတြင္ အႏိုင္ရတတ္သည္။

အခ်စ္ေရးတြင္ အခ်စ္မဲ့ေသာ ကာလျဖစ္ေသာ္လည္း အိမ္ေထာင္ျပဳလိုေသာ ဆႏၵေတြမ်ားေနမည္။ အခ်စ္မပါပဲ သူတစ္ပါး ေအာင္သြယ္ေပးမႈ ေၾကာင့္ အိမ္ေထာင္ျပဳရန္ အလြန္နီးစပ္ေနမည္။ ခရီးသြားရင္း အခ်စ္ေတြ႕ ရမည္။ က်န္းမာေရးတြင္ ဆီးနည္းပါးျခင္း၊ ေက်ာက္ကပ္ အားနည္းျခင္းမ်ား ႀကဳံေတြ႕ရမည္။ ေညာင္းညာကိုက္ခဲ ေနမည္။ ေသြးသြင္းမွားတတ္သည္။

အက်ိဳးေပးဂဏန္း ၅/ ၆ /၃

အထူးေဟာ - စုတ္လာဘ္ ဝင္ကိန္းရွိပါတယ္။

ယၾတာ - ပန္းသီးေလးေတြ စိပ္ၿပီးဘုရားကပ္လႉေပးပါ။

ဗုဒၶဟူး /ရာဟု

ယခုကာလအတြင္း ျဖစ္ခ်င္ေသာဆႏၵႏွင့္ ရည္မွန္းခ်က္မ်ားအားလုံး အခက္အခဲၾကားမွ အဆင္ေျပ ေအာင္ျမ င္မႈမ်ား ႀကဳံရပါလိမ့္မည္။ မထင္မွတ္၊ မေမွ်ာ္လင့္ ထားသည့္ ဝင္ေငြေကာင္းမ်ား ရရွိလာပါလိမ့္မည္။ ႐ုတ္တရက္ ခရီးသြားရကိန္းျမင္သည္။ သင္၏စီးပြားေရးမ်ား စတင္လုပ္ကိုင္သင့္ေသာ အခ်ိန္ကာလျဖစ္သည္။ အလုပ္ ရွာသူ မ်ား အလုပ္ရမည္။ ဘဏ္လုပ္ငန္း၊ စာရင္းကိုင္ႏွင့္ အရည္နဲ႔ပတ္သက္ေသာစီးပြားေရးတို႔တြင္ ကိုယ္ႏွင့္ဆိုင္ရာ တစ္ခုခုမွ ေကာင္းက်ိဳးျပဳလာလိမ့္မည္။

စာခ်ဳပ္ႏွင့္ ႏႈတ္ကတိမ်ား လြဲေခ်ာ္ႏိုင္ပါသည္။ သတိထား၍ လက္မွတ္ေရး ထိုးသင့္သည္။ ေဆာက္လုပ္ေရးဆိုင္ရာမ်ား အခက္အခဲႀကဳံေတြ႕ႏိုင္သည္။ အိမ္ေထာင္ေရးတြင္ ေအးစက္စက္ႏွင့္ အလုပ္ႏွင့္တာဝန္ကို ဦးစားေပးေနရသျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ လြမ္းေရးထက္ ဝမ္းေရးကို ျဖည့္စြက္ေန ရမည္။ ပညာေရးတြင္ လက္ရွိပညာေရးမွ အျခားပညာရပ္တစ္ခုသို႔ ကူးေျပာင္းရန္ ႀကံ႐ြယ္ျဖစ္မည္။ သင္ယူလို ေသာပညာရပ္က မ်ားေနေသာေၾကာင့္ အေ႐ြးရခက္ေနမည္။

သင္တန္းမ်ား ပ်က္ကြက္ေနမည္။ ေနာက္ပိုင္းအခ်ိန္ ကာလတစ္ခုသို႔ေရာက္မွ ပညာေရးစိတ္ဝင္စားေနမည္။ အခ်စ္ေရးတြင္ ခ်စ္ကံေခေသာ အခ်ိန္ျဖစ္၍ အစစ၊ အေျပာ အဆို သတိျပဳသင့္သည္။ ခ်စ္ေနသူမ်ား လမ္းခြဲစကားေျပာျဖစ္မည္။ က်န္းမာေရးတြင္ အခ်စ္ေဝဒနာေၾကာင့္ အအိပ္ ပ်က္၊ အစားပ်က္ ျဖစ္မည္။ စိတ္ေလလြင့္မည္။

အက်ိဳးေပးဂဏန္း ၄/ ဝ/ ၆

အထူးေဟာ - ေ႐ႊေပ်ာက္တာ၊ အထားမွားၿပီး ရွာမရတာေတြ ျဖစ္တတ္ပါတယ္။

ယၾတာ - ႏို႔ၾကက္ဥတစ္ခြက္ ဘုရားရွင္အားကပ္လႉပါ။

ၾကာသပေတး

ယခုကာလအတြင္း သင္၏စီးပြားေရး လုပ္ငန္းမ်ားအတြက္ မိတ္ေဟာင္းေဆြေဟာင္းမ်ား အကူအညီေပး လာပါမည္။ စပ္တူႏွင့္ အက်ိဳးေဆာင္လုပ္ငန္းမွ ေငြဝင္မည္။ စကားအျပာအဆို မမွားမိေစရန္ အထူးသတိထား ေျပာဆိုသင့္ပါသည္။ ခရီးတိုလုပ္ငန္းမ်ား ေအာင္ျမင္မည္။ ညီငယ္၊ ညီမငယ္မ်ားရဲ႕လုပ္ငန္း ေအာင္ျမင္မႈမ်ား ၾကား သိရမည္။ မိမိအေနနဲ႔ ႀကိဳးစားလွ်င္ ႀကိဳးစားသေလာက္ ေအာင္ျမင္ေသာအခ်ိန္ကာလျဖစ္သည္။

အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဖက္မွာ စီးပြားေရးႏွင့္ သူ႔ပညာေရးအတြက္သာ စူးစိုက္လုပ္ကိုင္ေနမည္။ အိမ္တြင္းေရးတာဝန္မ်ား လစ္ဟင္းေနမည္။ ပညာေရးတြင္ ပညာသင္ယူရန္ စိတ္ရွိေသာ္လည္း တျခားအလုပ္မ်ားေၾကာင့္ ပညာေရး တစ္ပိုင္း တစ္စ ရပ္နားထားရမည္။ ဆရာေခၚၿပီးမွ မသင္ယူျဖစ္၊ သင္တန္းစုံစမ္းၿပီးမွ မတတ္ေရာက္ျဖစ္၊ လူမႈေရး၊ အိမ္ တြင္းေရး ကိစၥမ်ားကိုသာ ဦးစားေပးေနျဖစ္မည္။

အခ်စ္ေရးတြင္ ခ်ိန္ထားၿပီးမွ လြဲေခ်ာ္ေနတတ္သည္။ ခ်စ္သူ၏ အထင္လြဲမႈ စိတ္ေကာက္မႈကို ခံရမည္။ အခ်စ္သစ္ရွာလိုေသာ္လည္း ရွာမရ၍ အခ်စ္ငတ္ေနေသာ အခ်ိန္ျဖစ္သည္။ က်န္းမာေရးတြင္ အစားအေသာက္ မွားယြင္းမည္။ အစာမေၾကေရာဂါႏွင့္ ဆီးေအာင့္ ၊ ဆီးပူေဝဒနာမ်ား ခံစား ရမည္။ အပူအေအးမွ်တေအာင္ ေနထိုင္စားေသာက္သင့္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/ ၇/ ၅

အထူးေဟာ - ကံသင့္ပါတယ္။

ယၾတာ - အုန္းႏို႔ေခါက္ဆြဲ ဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ယခုကာလအတြင္း အဂၤါသားသမီးမ်ားႏွင့္ ပူးတြဲေဆာင္႐ြက္မႈမ်ားျဖင့္ ကံေကာင္းေစတတ္ပါတယ္။ တပည့္ လက္သားမ်ား ကိုယ့္ထံကထြက္၍ ကိုယ္ၿပိဳင္ဘက္ထံ ေရာက္သြား တတ္သည္။ ဝန္ထမ္းမ်ား သင္တန္းသစ္ မ်ား တတ္ရျခင္း၊ အဖြဲ႕အစည္းတစ္ခုအတြင္း ပါဝင္ေနျခင္းမ်ား ႀကဳံမည္။ သင္၏စီးပြားေရးတြင္ ဆရာမိဘမ်ား၏ အကူ အညီေၾကာင့္ စီးပြားေရးေကာင္းလာမည္။

ဆက္သြယ္ေရးႏွင့္ အက်ိဳးေဆာင္၊ စာခ်ဳပ္၊ စာတမ္းမ်ား စေသာ အေထြေထြလုပ္ငန္းတို႔ေၾကာင့္ ဟိုနည္းနည္း ၊ ဒီနည္းနည္းျဖင့္ ေငြမ်ား ပုံမွန္ဝင္ေနမည္။ ဝင္ေငြေကာင္းေနေသာ အခ်ိန္ကာလျဖစ္သည္။ အိမ္ေထာင္ေရးတြင္ ႏွစ္ကိုယ့္ တစ္စိတ္ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္ျဖင့္ အတြဲညီေသာ ဇနီးေမာင္ႏွံျဖစ္မည္။ သားသမီးတို႔အတြက္ ႏွစ္ေယာက္စလုံး စိတ္ပူပန္ျဖစ္မည္။ ပညာေရးတြင္ ဟိုစပ္စပ္၊ သည္ စပ္စပ္ႏွင့္ ဘယ္ေတာ့မွ ဆုံးခန္းတိုင္ေအာင္ မေရာက္ပဲ ျဖစ္မည္။

အခ်စ္ေရးတြင္ အသက္ႀကီးသူ၏ ခ်စ္ျမတ္ ႏိုးမႈ၊ စိုးမိုးလႊမ္းမိုးမႈကို ခံရမည္။ အနီးအနားရွိ ငယ္႐ြယ္ သူမ်ားႏွင့္လည္း ႀကိဳးခ်င္းထားၿပီး ၿငိတြယ္သြားတတ္ ၾကသည္။ က်န္းမာေရးတြင္ ေရခ်ိဳးမွားမည္။ ညဘက္တြင္ ေခါင္းေလွ်ာ္တာမ်ိဳး အထူးေရွာင္ေစခ်င္ပါတယ္။ မိန္းက ေလး မ်ား ေခြၽးငုတ္၊ ေသြးငုတ္ ျဖစ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/ ၂/ ၉

အထူးေဟာ - လုပ္ငန္းတိုးတတ္ကိန္း ရွိသည္။

ယၾတာ - အေၾကာ္စုံဘုရားကပ္လႉေပးပါ။

စေန

ယခုကာလအတြင္း ဤကာလအတြင္း မေမွ်ာ္လင့္ဘဲ ေငြအစုအလိုက္ အပုံလိုက္ ဝင္ကိန္းရွိေနပါ၍ ထီကံ စမ္းျခင္းမ်ား ျပဳလုပ္ေပးသင့္ ပါသည္။ သင္၏ကံဇာတာအထူးေကာင္းေနေသာ္လည္း အရာရာကိုေတာ့ သတိျပဳပါ။ သင္၏ကုသိုလ္ကံတရားေၾကာင့္ ေတြ႕ႀကဳံ ရင္ ဆိုင္ေနရေသာ အခက္အခဲမ်ားကို ေက်ာ္လႊားသြား ႏိုင္မည္။ ဝန္ထမ္း ျဖစ္ပါက ဒီထက္တဆင့္ျမင့္ေသာအလုပ္၊႒ာနႏွင့္ေနရာထိုင္ခင္းသစ္မ်ား ေျပာင္းလဲေန ထိုင္ရျခင္းမ်ား ရွိမည္။

သင္ သည္ ေခ်းငွားထားေသာ ေငြေၾကးမ်ား ျပန္လည္မရရွိမႈမ်ားေၾကာင့္ စိတ္ညစ္ရျခင္း ရွိ မည္။ ထို႔အျပင္ အလိမ္ခံရ တတ္ျခင္း၊ အမႈျဖစ္တတ္ျခင္း၊ အမႈပတ္တတ္ျခင္းေတြကိုလည္း သတိထားရန္ လိုမည္။ မၾကာခဏေငြေၾကးအရႈပ္ အရွင္းျပႆနာမ်ားေပၚေပါက္လာတတ္သည္။ အိမ္ေထာင္ရွင္ျဖစ္ပါကအိမ္တြင္းေရး အဆင္ ေျပမည္။

ငယ္႐ြယ္သူမ်ား၏ အခ်စ္ေရးမွာ ၾကားစကားေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ အထင္အျမင္ လြဲမွားျခင္းမ်ား ရွိေနမည္။ ပညာေရးႏွင့္ ပတ္သက္၍ ကံေကာင္းျခင္းမ်ား ရွိေနမည္။ပညာအသစ္မ်ားသင္ယူခြင့္ရရွိမည္။ က်န္းမာေရးမွာ မၾကာခဏ ေဆး႐ုံ၊ ေဆးခန္း ေရာက္ရ တတ္ပါသည္။ ညေနဘက္ ေနေရာင္ မရွိေတာ့သည့္အခ်ိန္တြင္ ေရခ်ိဳးျခင္းႏွင့္ အေအးခံျခင္းမ်ိဳးကို လုံးဝေရွာင္ ၾကဥ္သင့္ပါသည္။

အက်ိဳးေပးဂဏန္း - ၂/ ၃/ ဝ

အထူးေဟာ - အလုပ္မ်ားေနရတတ္ပါတယ္။

ယၾတာ - မီးႀကိဳး၊မီးေခ်ာင္း၊ ဓာတ္ခဲအပ်က္ေတြ ရွိရင္ စြန႔္ပစ္ပါ။

၇ ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြ ျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)