ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေကို ကမ္ဘာပေါ်မှာ ရှိမှန်းတောင် မသိကြပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ အဲဒီနိုင်ငံတွေက အလွန်ကို သေးငယ်နေလို့ပါ။ တချို့နိုင်ငံတွေဆိုရင် လူဦးရေက မိသားစု နှစ်စုစာပဲ ရှိပါတယ်။
၁။ Palau သမ္မတနိုင်ငံ
![]() |
© LuxTonnerre/flickr |
Palua သမ္မတနိုင်ငံက ကျွန်းနိုင်ငံငယ်လေးဖြစ်ပြီး ကျွန်းပေါင်း ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားတာပါ။ နိုင်ငံတစ်ခုလုံးက မိုးသစ်တောဖြစ်ပြီး အပင်တွေနဲ့ ငှက်တွေ ပေါပါတယ်။ နိုင်ငံပိုင်နက်ထဲက ရေတွေမှာ ငါးမန်းမျိုးစိတ်ပေါင်း ၁၃၀ ကျော် ရှိပါတယ်။ နိုင်ငံရဲ့ ထူးခြားတဲ့ ကြည့်ရှုစရာကတော့ ကန်ပါ။ အဲဒီကန်ထဲမှာ ဂျယ်လီငါးပေါင်း ၂ သန်းကျော် ရှိပါတယ်။
၂။ Niue နိုင်ငံ
![]() |
© sandwich/flickr |
Niue နိုင်ငံက တောင်ပစ္စဖိတ်သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံလေး ဖြစ်ပါတယ်။ ကျွန်းနိုင်ငံလေ းဖြစ်ပေမယ့် ခရီးသွားလုပ်ငန်းက မတွင်ကျယ်ပါဘူး။ အဲဒါကြောင့် Niue နိုင်ငံက နိုင်ငံခြားအကူအညီ အထူးသဖြင့် နယူးဇီလန်နိုင်ငံက အကူအညီကို ယူရပါတယ်။ နိုင်ငံရဲ့ မြို့တော်က ရွာငယ်လေး တစ်ရွာလောက်သာရှိပြီး လူဦးရေက ၆၀၀ ထပ် နည်းပါသေးတယ်။ ဒါပေမယ့် ကျွန်းမှာ ကိုယ်ပိုင်လေယာဉ်ကွင်းနဲ့ စူပါမားကတ်တစ်ခု ရှိပါတယ်။ တနိုင်ငံလုံးမှာမှ စူပါမားကတ်က တစ်ခုပဲရှိတာပါ။
၃။ Saint Kitts and Nevis
![]() |
© Carolyn Sugg/flickr |
ဒီနိုင်ငံကိုတော့ Saint Kitts နဲ့ Nevis ဆိုတဲ့ ကျွန်းနှစ်ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေကတော့ Economic citizenship program ဖြစ်ပြီး ဒေသတွင်းက သကြားစက်ရုံမှာ ဘယ်သူ့ကိုမဆို ဒေါ်လာ ၂၅၀၀၀၀ ရင်းနှီးမြှုပ်နှံခွင့် ပေးထားပါတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံတဲ့သူတွေက Saint.Kitts ရဲ့ နိုင်ငံသားဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ နိုင်ငံသားဖြစ်ချင်ရင် ဒေါ်လာ ၄၀၀၀၀၀ ထပ်မနည်း ပေးသွင်းရပါတယ်။ အဲဒီအခါ ကျွန်းနှစ်ကျွန်းလုံးမှာ နေလို့ရပါတယ်။
၄။ The principality of Hutt River
![]() |
© wikipedia |
The principality of Hutt River နိုင်ငံကို Leonard Casley က တည်ထောင်ခဲ့ပါတယ်။ သူပိုင်ဆိုင်တဲ့မြေကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။ နိုင်ငံမှာ ပြည်နယ်တွေ မရှိပေမယ့် ကိုယ်ပိုင်ငွေကြေး၊ တံဆိပ်ခေါင်းနဲ့ နိုင်ငံကူးလက်မှတ် ရှိပါတယ်။ နိုင်ငံရဲ့ နေရာတော်တော်များများမှာတော့ နိုင်ငံတည်ထောင်သူ တော်ဝင်မင်းသား Leonard 1 of Hutt ရဲ့ ကိုယ်တစ်ပိုင်းရုပ်တုတွေကို တွေ့မြင်နိုင်ပါတယ်။
၅။ Tuvalaနိုင်ငံ
![]() |
© Michael Coghlan/flickr |
Tuvala နိုင်ငံက ကမ္ဘာပေါ်က အသေးဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံထဲက တစ်နိုင်ငံပါ။ Tuvala နိုင်ငံမှာ Internet damain.tv မရှိရင် စီးပွားရေးအခြေအနေက အတော်ကို ဆိုးရွားသွားမှာပါ။ အဲဒီ Internet domainက နှစ်စဉ် နိုင်ငံရဲ့ ဘတ်ဂျက်ထဲကို ဒေါ်လာတွေ စီးဝင်စေပါတယ်။
၆။ Naura နိုင်ငံ
![]() |
© wikipedia |
Naura နိုင်ငံက ကမ္ဘာပေါ်မှာ အသေးဆုံးနိုင်ငံဖြစ်ပြီး လွတ်လပ်တဲ့ သမ္မတနိုင်ငံပါ။ Naura နိုင်ငံမှာ မြို့တော်လည်း မရှိသလို အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်လည်း မရှိပါဘူး။ ၂၅ မိုင် ကျယ်ဝန်းတဲ့ နိုင်ငံရဲ့လမ်းတွေမှာ ဒေသခံတွေက ကိုယ်ပိုင်ယာဉ်တွေ မောင်းပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကြောင့် Naura နိုင်ငံက ခရီးသွားတွေကြား မထင်ရှားပါဘူး။ Naura နိုင်ငံမှာ နေထိုင်သူတွေက အလွန်ဝကြပါတယ်။ အဝလွန်မှုနှုန်းက ၇၀% ထက် ပိုနေပါတယ်။
၇။ The principality of Seborga
![]() |
© Principato di Seborga/flickr |
အီတလီနိုင်ငံရဲ့ ပိုင်နက်ပေါ်မှာရှိတဲ့ Seborga နိုင်ငံကို မင်းသား Tremendousness Marcello 1 က အုပ်ချုပ်ပါတယ်။ တကယ်တော့ Seborgaက ပြင်သစ်နယ်စပ်နားမှာရှိတဲ့ ရွာလေးတစ်ရွာပါပဲ။ Seborga မှာ စစ်တပ်တစ်တပ်ရှိပြီး စစ်တပ်ထဲမှာ လူ ၃ ယောက် ရှိပါတယ်။ တစ်ယောက်က ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ကျန် ၂ ယောက်က သူ့ရဲ့ ကိုယ်ရံတော်တွေပါ။
၈။ Molossia သမ္မတနိုင်ငံ
![]() |
© molossia |
Molossia သမ္မတနိုင်ငံက အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ်မှာရှိပြီး Kevin Baugh က တည်ထောင်ခဲ့ပါတယ်။ နိုင်ငံရဲ့ လူဦးရေက Mr.Baugh နဲ့ သူ့ရဲ့မိသားစုဖြစ်ပြီး ခွေး ၃ ကောင်၊ ကြောင် ၁ ကောင်နဲ့ ယုန် ၁ ကောင်ရှိပါတယ်။ Molossia နိုင်ငံမှာ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အမှတ်တံဆိပ်၊ နိုင်ငံတော်အလံရှိပါတယ်။ ပြင်းထန်တဲ့ ပြစ်မှုတွေအတွက် သေဒဏ်တောင် ပေးပါသေးတယ်။ နိုင်ငံကူးလက်မှတ်လည်းရှိပြီး အာကာသလေ့လာရေး အစီအစဉ်တစ်ခုလည်း ရှိပါသေးတယ်။ ၂၀၁၇ ခုနှစ် မေလတုန်းက Molossia သမ္မတနိုင်ငံကို တည်ထောင်တာ နှစ်ပေါင်း ၄၀ ပြည့်ခဲ့ပါတယ်။
ရုပ်သံကြည့်ရန်
၉။ Sovereign Military Order of Malta
![]() |
© wikipedia |
ရောမမှာ Vatican city အပြင် တခြား နိုင်ငံသေးသေးလေးလည်း ရှိပါသေးတယ်။ အဲဒါကတော့ Sovereign Military Order of Malta ဖြစ်ပါတယ်။ အကျယ်အဝန်းကတော့ ဝ.၀၁၂ စတုရန်းကီလိုမီတာရှိပြီး အဆောက်အဦသုံးလုံး ပိုင်ပါတယ်။ နှစ်လုံးက ရောမမှာရှိပြီး တစ်လုံးက Malta ကျွန်းမှာ ရှိပါတယ်။ နိုင်ငံမှာ ကိုယ်ပိုင်ငွေကြေး၊ တံဆိပ်ခေါင်း၊ website၊ ကားနံပါတ်နဲ့ နိုင်ငံကူးလက်မှတ် ရှိပါတယ်။
၁၀။ The Principality of Sealand
![]() |
© Ryan Lackey/flickr |
Sealand က ဂရိတ်ဗြိတိန်ကမ်းရိုးတန်းရဲ့ ၆ မိုင် အကွာမှာရှိပါတယ်။ Sealand ကို မင်းသား Regent က အုပ်ချုပ်ပါတယ်။ Sealand မှာ မည်သူမဆို မြို့စား၊ မှုးမတ်၊ နယ်စားကြီးဖြစ်ခွင့်ရှိပါတယ်။ အဲဒီလို တော်ဝင်ဘွဲ့တွေကို လိုချင်ရင် Sealand ရဲ့ websiteမှာ ဗြိတိန်ပေါင် ရာကျော်ပေးပြီး ဝယ်လို့ရပါတယ်။
Zombie (LoveMedia)
For Zawgyi
သင်တခါမှ မကြားဖူးသေးတဲ့ ကမ္ဘာပေါ်က အသေးဆုံး (၁၀) နိုင်ငံ
၁။ Palau သမ္မတနိုင်ငံ
၂။ Niue နိုင်ငံ
၃။ Saint Kitts and Nevis
၅။ Tuvalaနိုင်ငံ
၆။ Naura နိုင်ငံ
Zombie (LoveMedia)
0 Comments