မိန်းကလေးတွေအတွက် မွေးချင်းညီမတစ်ယောက် ရှိခြင်းက ပျော်စရာကြီးပါပဲ။ ညီမတစ်ယောက် ရှိရင် ပစ္စည်းတွေကို အတူတူ မျှသုံးလို့ရသလို အင်္ကျီတွေကို ဆင်တူဝတ်လို့လည်း ရပါတယ်။ ဒါပေမယ့် သင့်မှာ ညီမလေးတစ်ယောက်ရှိရင် သင်က ဝလာဖို့ အခွင့်အရေးများပါတယ်။

1991 ခုနှစ်ကနေ 2009 ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ညီအစ်မပေါင်း 13406 စုံတွဲကို လေ့လာပြီးတဲ့ အခါ အစ်မတွေရဲ့ ကိုယ်အလေးချိန်က ပိုများနေပါတယ်။ တချို့ဆိုရင် အဝတောင် လွန်နေကြပါတယ်။

© Full House / ABC

လေ့လာချက်တွေ အရ အကြီးတွေက အငယ်တွေထက် ဝနိုင်ခြေ 29 ရာခိုင်နှုန်း ရှိပြီး အဝလွန်နိုင်ခြေက 40 ရာခိုင်နှုန်းရှိပါတယ်။ ပထမကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားကို အာဟာရပို့ပေးတဲ့ သွေးကြောတွေက အနည်းငယ် ကျဉ်းတယ်လို့ Auckland တက္ကသိုလ် Liggin Institute က ပါမောက္ခ Wayne Cutfield က ပြောပါတယ်။

© My Mad Fat Diary / Endemol UK

အဲဒါကြောင့် အာဟာရတွေကို လျှော့ချသလိုဖြစ်ပြီး အဆီတွေကို စုဆောင်းလာစေသလို ဖြစ်စေပါတယ်။ ပြီးတော့ ကလေးမွေးလာတဲ့အခါ အင်ဆူလင်တွေက ထိထိရောက်ရောက် အလုပ် မလုပ်နိုင်တော့ပါဘူး။

Embed from Getty Images

မိခင်တွေက ပထမကလေးတွေကို ကျန်းမာလာအောင် ပိုပိုပြီးကျွေးတာကြောင့် အကြီးတွေက ဝရခြင်းဖြစ်တယ်လို့ နယူးယောက်မြို့၊ Lenox Hill ဆေးရုံက Dr Maria Penaက ပြောပါတယ် ။ အစားများများ စားတတ်တဲ့အကျင့်က တစ်သက်လုံး စွဲသွားပါတယ်။

photo: pinterest

နောက်တစ်ချက်က အကြီးတွေက အငယ်တွေနဲ့ အစားကို ပြိုင်စားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပထကလေးကို များများကျွေးခဲ့လို့လည်း ဖြစ်နိုင်တယ်လို့ Melbourne မြို့ Deckin တက္ကသိုလ်က Gray Sucks က ပြောပါတယ်။

Zombie (LoveMedia)

For Zawgyi

ညီမတေယာက္ရွိျခင္းက သင့္ကို ၀လာေစႏိုင္

မိန္းကေလးေတြအတြက္ ေမြးခ်င္းညီမတစ္ေယာက္ ရွိျခင္းက ေပ်ာ္စရာႀကီးပါပဲ။ ညီမတစ္ေယာက္ ရွိရင္ ပစၥည္းေတြကို အတူတူ မွ်သုံးလို႔ရသလို အက်ႌေတြကို ဆင္တူဝတ္လို႔လည္း ရပါတယ္။ ဒါေပမယ့္ သင့္မွာ ညီမေလးတစ္ေယာက္ရွိရင္ သင္က ဝလာဖို႔ အခြင့္အေရးမ်ားပါတယ္။

1991 ခုႏွစ္ကေန 2009 ခုႏွစ္အတြင္း ေမြးဖြားခဲ့တဲ့ ညီအစ္မေပါင္း 13406 စုံတြဲကို ေလ့လာၿပီးတဲ့ အခါ အစ္မေတြရဲ႕ ကိုယ္အေလးခ်ိန္က ပိုမ်ားေနပါတယ္။ တခ်ိဳ႕ဆိုရင္ အဝေတာင္ လြန္ေနၾကပါတယ္။

ေလ့လာခ်က္ေတြ အရ အႀကီးေတြက အငယ္ေတြထက္ ဝႏိုင္ေျခ 29 ရာခိုင္ႏႈန္း ရွိၿပီး အဝလြန္ႏိုင္ေျခက 40 ရာခိုင္ႏႈန္းရွိပါတယ္။ ပထမကေလးကို ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သေႏၶသားကို အာဟာရပို႔ေပးတဲ့ ေသြးေၾကာေတြက အနည္းငယ္ က်ဥ္းတယ္လို႔ Auckland တကၠသိုလ္ Liggin Institute က ပါေမာကၡ Wayne Cutfield က ေျပာပါတယ္။

အဲဒါေၾကာင့္ အာဟာရေတြကို ေလွ်ာ့ခ်သလိုျဖစ္ၿပီး အဆီေတြကို စုေဆာင္းလာေစသလို ျဖစ္ေစပါတယ္။ ၿပီးေတာ့ ကေလးေမြးလာတဲ့အခါ အင္ဆူလင္ေတြက ထိထိေရာက္ေရာက္ အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။

မိခင္ေတြက ပထမကေလးေတြကို က်န္းမာလာေအာင္ ပိုပိုၿပီးေကြၽးတာေၾကာင့္ အႀကီးေတြက ဝရျခင္းျဖစ္တယ္လို႔ နယူးေယာက္ၿမိဳ႕၊ Lenox Hill ေဆး႐ုံက Dr Maria Penaက ေျပာပါတယ္ ။ အစားမ်ားမ်ား စားတတ္တဲ့အက်င့္က တစ္သက္လုံး စြဲသြားပါတယ္။

ေနာက္တစ္ခ်က္က အႀကီးေတြက အငယ္ေတြနဲ႔ အစားကို ၿပိဳင္စားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ပထကေလးကို မ်ားမ်ားေကြၽးခဲ့လို႔လည္း ျဖစ္ႏိုင္တယ္လို႔ Melbourne ၿမိဳ႕ Deckin တကၠသိုလ္က Gray Sucks က ေျပာပါတယ္။

Zombie (LoveMedia)