ခွေးတွေက လူသားတွေအတွက် သူငယ်ချင်းကောင်းပါပဲ။ ဒါပေမယ့် လမ်းဘေးမှာ လေလွင့်နေတဲ့ ခွေးတွေကတော့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ပြုနိုင်တဲ့ လမ်းဘေးခွေးတွေကို တွေ့တဲ့အခါ အန္တရာယ်ကင်းကင်း ရှောင်တိမ်းနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လမ်းဘေးခွေးတစ်ကောင်ကို တွေ့တဲ့အခါ ထွက်မပြေးပါနဲ့၊ ခွေးကိုလည်း ဘာနဲ့မှ မပစ်ပေါက်ပါနဲ့။

သင်က ခွေးကို ကြောက်ပြီးထွက်ပြေးတဲ့အခါ ခွေးက သင့်ကို လိုက်ဆွဲလို့ရမယ့် သားကောင်တစ်ကောင်လို့ မှတ်ယူသွားပါလိမ့်မယ်။

- ခွေးနဲ့ခပ်ဝေးဝေးမှာနေပြီး ခွေး ထွက်သွားမယ့်အချိန်ကို စောင့်ပါ။

- နောက်ပြန် ဖြည်းဖြည်းချင်း ဆုတ်ပြီး ခွေးရဲ့ တုံ့ပြန်ပုံကို စောင့်ကြည့်ပါ။ ခွေးက သင့်နောက်ကို လိုက်တယ်ဆိုရင် ရပ်လိုက်ပါ။ ခွေးက ဆက်မလိုက်ဘူးဆိုရင် ဖြည်းဖြည်းချင်း နောက်ပြန်သွားပါ။ ခွေးက အကြည့်လွှဲသွားပြီဆိုရင်တော့ ပုံမှန်အတိုင်း ဆက်သွားလို့ရပါပြီ။

ခွေးနဲ့သင့်ကြားကို အရာရာတစ်ခု ပစ်ချလိုက်ပြီး အာရုံပြောင်းလိုက်လို့ ရပါတယ်။ အဲဒီအခါ ခွေးက သင်ပစ်ချလိုက်တဲ့ အရာကို အတားအဆီးတစ်ခုအဖြစ် မြင်သွားပြီး အာရုံပြောင်းသွား ပါလိမ့်မယ်။

၂။ သင်က စက်ဘီးစီးနေတယ်ဆိုရင်၊ စကိတ်ပြားစီးနေတယ်ဆိုရင် ခွေးက မျက်စိနောက်ပါတယ်။

လမ်းဘေးခွေးတွေက လှုပ်ရှားနေတဲ့အရာတွေကို မျက်စိနောက်ပြီး တစ်ခါတရံမှာ စက်ဘီးစီးသူ၊ ဆိုင်ကယ်စီးသူတွေကို ရန်ပြုတတ်ပါတယ်။ သင်က စက်ဘီးစီးနေပြီး ခွေးက သင့်နောက်ကို လိုက်နေရင် စက်ဘီးကို ရပ်လိုက်ပါ။ အဲဒီအခါ ခွေးက သင့်အပေါ်စိတ်ဝင်စားမှုနည်းသွားပါတယ်။ ခွေးက လှည့်ထွက်သွားရင်တော့ ပြန်စီးလို့ရပါပြီ။ ဒါပေမယ့် မြန်မြန်မစီးပါနဲ့။ မြန်မြန်စီးတဲ့အခါ ခွေးက ထပ်လိုက်တတ်ပါတယ်။

၃။ သင်က သင့်ရဲ့ခွေးလေး၊ ကြောင်လေးနဲ့အတူ လမ်းလျှောက်လာရင်တော့ ရွေးချယ်ဖို့ လိုလာပါပြီ။

လမ်းဘေးခွေးက သင့်ခွေး၊ သို့မဟုတ် ကြောင်ကို ဟောင်နေရင် မာန်ဖီနေရင် သင့်ခွေး သို့မဟုတ် ကြောင်ကို မြှောက်ပြလိုက်ပါ။ ဒါပေမယ့် အဲဒီလိုမြှောက်ပြလို့လည်း လမ်းဘေးခွေးက ရန်လိုနေဦးမှာပါ။ သင့်ရဲ့ခွေးလေး သို့မဟုတ် ကြောင်လေးကို မြေကြီးပေါ်ချလိုက်ရင် လမ်းဘေးခွေးက တိုက်ခိုက်ဦးမှာပါ။ သင့်ရဲ့ခွေးလေး သို့မဟုတ် ကြောင်လေးကို နီးစပ်ရာ အုတ်တံတိုင်းပေါ်၊ သစ်ပင်ပေါ် စိတ်ချရမယ့် တစ်ခုခုအပေါ်ကို တင်ထားလိုက်ပါ။ နောက်ထပ်ရွေးချယ်စရာ တစ်ခုကတော့ လမ်းဘေးခွေးကို ပါလာတဲ့မုန့်တစ်ခုခုချကျွေးလိုက်ပါ။

၄။ လမ်းဘေးခွေးက သင့်ကို တိုက်ခိုက်တော့မယ် ဆိုရင် သူ့မျက်လုံးကို မကြည့်ပါနဲ့။

တစ်ခါတရံမှာ ခွေးကိုကြောက်ပြီး စူးစူးရဲရဲ ကြည့်မိသွားတတ်ပါတယ်။ ခွေးနဲ့ဝေးရာကို အကြည့်လွှဲလိုက်ပါ။ သင်အကြည့် လွှဲလိုက်ခြင်းက ခွေးကို ဂရုမစိုက်ဘူးလို့ ထင်သွားစေပါတယ်။ ခွေးက သင့်ကို အနံ့ခံနေတယ်ဆိုရင် ကြောက်ပြီး လက်နဲ့ သွားမရိုက်လိုက်ပါနဲ့။ သွားရိုက်လိုက်ရင် သူ့ရဲ့ရန်သူလို့ ထင်သွားတတ်ပါတယ်။

Zombie (Lovemedia)

For Zawgyi

အႏၲရာယ္ျပဳမယ့္ လမ္းေဘးေခြးေတြနဲ႔ ေတြ႕တဲ့အခါ လုံၿခဳံေစမယ့္နည္းလမ္း (၄) ခု

ေခြးေတြက လူသားေတြအတြက္ သူငယ္ခ်င္းေကာင္းပါပဲ။ ဒါေပမယ့္ လမ္းေဘးမွာ ေလလြင့္ေနတဲ့ ေခြးေတြကေတာ့ အႏၲရာယ္ ရွိပါတယ္။ အႏၲရာယ္ျပဳႏိုင္တဲ့ လမ္းေဘးေခြးေတြကို ေတြ႕တဲ့အခါ အႏၲရာယ္ကင္းကင္း ေရွာင္တိမ္းႏိုင္မယ့္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ လမ္းေဘးေခြးတစ္ေကာင္ကို ေတြ႕တဲ့အခါ ထြက္မေျပးပါနဲ႔၊ ေခြးကိုလည္း ဘာနဲ႔မွ မပစ္ေပါက္ပါနဲ႔။

သင္က ေခြးကို ေၾကာက္ၿပီးထြက္ေျပးတဲ့အခါ ေခြးက သင့္ကို လိုက္ဆြဲလို႔ရမယ့္ သားေကာင္တစ္ေကာင္လို႔ မွတ္ယူသြားပါလိမ့္မယ္။

- ေခြးနဲ႔ခပ္ေဝးေဝးမွာေနၿပီး ေခြး ထြက္သြားမယ့္အခ်ိန္ကို ေစာင့္ပါ။

- ေနာက္ျပန္ ျဖည္းျဖည္းခ်င္း ဆုတ္ၿပီး ေခြးရဲ႕ တုံ႔ျပန္ပုံကို ေစာင့္ၾကည့္ပါ။ ေခြးက သင့္ေနာက္ကို လိုက္တယ္ဆိုရင္ ရပ္လိုက္ပါ။ ေခြးက ဆက္မလိုက္ဘူးဆိုရင္ ျဖည္းျဖည္းခ်င္း ေနာက္ျပန္သြားပါ။ ေခြးက အၾကည့္လႊဲသြားၿပီဆိုရင္ေတာ့ ပုံမွန္အတိုင္း ဆက္သြားလို႔ရပါၿပီ။

ေခြးနဲ႔သင့္ၾကားကို အရာရာတစ္ခု ပစ္ခ်လိုက္ၿပီး အာ႐ုံေျပာင္းလိုက္လို႔ ရပါတယ္။ အဲဒီအခါ ေခြးက သင္ပစ္ခ်လိုက္တဲ့ အရာကို အတားအဆီးတစ္ခုအျဖစ္ ျမင္သြားၿပီး အာ႐ုံေျပာင္းသြား ပါလိမ့္မယ္။

၂။ သင္က စက္ဘီးစီးေနတယ္ဆိုရင္၊ စကိတ္ျပားစီးေနတယ္ဆိုရင္ ေခြးက မ်က္စိေနာက္ပါတယ္။

လမ္းေဘးေခြးေတြက လႈပ္ရွားေနတဲ့အရာေတြကို မ်က္စိေနာက္ၿပီး တစ္ခါတရံမွာ စက္ဘီးစီးသူ၊ ဆိုင္ကယ္စီးသူေတြကို ရန္ျပဳတတ္ပါတယ္။ သင္က စက္ဘီးစီးေနၿပီး ေခြးက သင့္ေနာက္ကို လိုက္ေနရင္ စက္ဘီးကို ရပ္လိုက္ပါ။ အဲဒီအခါ ေခြးက သင့္အေပၚစိတ္ဝင္စားမႈနည္းသြားပါတယ္။ ေခြးက လွည့္ထြက္သြားရင္ေတာ့ ျပန္စီးလို႔ရပါၿပီ။ ဒါေပမယ့္ ျမန္ျမန္မစီးပါနဲ႔။ ျမန္ျမန္စီးတဲ့အခါ ေခြးက ထပ္လိုက္တတ္ပါတယ္။

၃။ သင္က သင့္ရဲ႕ေခြးေလး၊ ေၾကာင္ေလးနဲ႔အတူ လမ္းေလွ်ာက္လာရင္ေတာ့ ေ႐ြးခ်ယ္ဖို႔ လိုလာပါၿပီ။

လမ္းေဘးေခြးက သင့္ေခြး၊ သို႔မဟုတ္ ေၾကာင္ကို ေဟာင္ေနရင္ မာန္ဖီေနရင္ သင့္ေခြး သို႔မဟုတ္ ေၾကာင္ကို ေျမႇာက္ျပလိုက္ပါ။ ဒါေပမယ့္ အဲဒီလိုေျမႇာက္ျပလို႔လည္း လမ္းေဘးေခြးက ရန္လိုေနဦးမွာပါ။ သင့္ရဲ႕ေခြးေလး သို႔မဟုတ္ ေၾကာင္ေလးကို ေျမႀကီးေပၚခ်လိုက္ရင္ လမ္းေဘးေခြးက တိုက္ခိုက္ဦးမွာပါ။ သင့္ရဲ႕ေခြးေလး သို႔မဟုတ္ ေၾကာင္ေလးကို နီးစပ္ရာ အုတ္တံတိုင္းေပၚ၊ သစ္ပင္ေပၚ စိတ္ခ်ရမယ့္ တစ္ခုခုအေပၚကို တင္ထားလိုက္ပါ။ ေနာက္ထပ္ေ႐ြးခ်ယ္စရာ တစ္ခုကေတာ့ လမ္းေဘးေခြးကို ပါလာတဲ့မုန႔္တစ္ခုခုခ်ေကြၽးလိုက္ပါ။

၄။ လမ္းေဘးေခြးက သင့္ကို တိုက္ခိုက္ေတာ့မယ္ ဆိုရင္ သူ႔မ်က္လုံးကို မၾကည့္ပါနဲ႔။

တစ္ခါတရံမွာ ေခြးကိုေၾကာက္ၿပီး စူးစူးရဲရဲ ၾကည့္မိသြားတတ္ပါတယ္။ ေခြးနဲ႔ေဝးရာကို အၾကည့္လႊဲလိုက္ပါ။ သင္အၾကည့္ လႊဲလိုက္ျခင္းက ေခြးကို ဂ႐ုမစိုက္ဘူးလို႔ ထင္သြားေစပါတယ္။ ေခြးက သင့္ကို အနံ႔ခံေနတယ္ဆိုရင္ ေၾကာက္ၿပီး လက္နဲ႔ သြားမ႐ိုက္လိုက္ပါနဲ႔။ သြား႐ိုက္လိုက္ရင္ သူ႔ရဲ႕ရန္သူလို႔ ထင္သြားတတ္ပါတယ္။

Zombie (Lovemedia)