သင့်ချစ်သူနဲ့ အဆင်မပြေဖြစ်နေပါသလား။ ရည်းစားထားရတာ မပျော်ဘူးဖြစ်နေပါသလား။ သင်တို့နှစ်ယောက်ဆက်ရေးက တဖြည်းဖြည်းနဲ့ ကျဲလာပြီလား။ သင့်ချစ်သူနဲ့ ခိုင်မြဲတဲ့ RS လိုချင်ပါသလား။ ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။ သင်တို့နှစ်ယောက်ခိုင်မြဲဖို့ စည်းကမ်းကြီးကြီးမားမားတွေ မလိုပါဘူး။ သင်တို့ဆက်ဆံရေးမှာ စည်းကမ်းသေးသေးလေးတွေက ပိုအရေးကြီးပါတယ်။

အဲဒါကြောင့် ဒီစည်းကမ်း အသေးစားလေးတွေကို မှတ်ထားပြီး သင်တို့အတွဲကို ခိုင်မြဲအောင် လုပ်လို့ရပါတယ်။ စည်းကမ်းအသေးစားလေးတွေက သင်တို့နှစ်ယောက် အစိတ်စိတ်အမြွာမြွာ လမ်းခွဲရမယ့်အဖြစ်ကနေ ကယ်တင်နိုင်ပါတယ်။ သင်လုပ်ရမှာကတော့ သင့်ချစ်သူအကြောင်းကို ပိုသိအောင် ကြိုးစားရမှာပါ။ သင့်ချစ်သူအကြောင်းကို သိလာရင် သင်တို့စုံတွဲက မြဲသထက်မြဲလာမှာပါ။

၁။ ပထမအချက်ကတော့ သူ မကြိုက်တာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီလို ရှောင်ကြဉ်လိုက်ခြင်းက အေးချမ်းကြည်နူးဖွယ် စုံတွဲလေးဖြစ်သွားအောင် ကူညီပေးမှာပါ။ သူ မကြိုက်တာတွေကို ရှောင်ရမယ်ဆိုတာ သင့်ဆန္ဒကို ထိန်းချုပ်တာ၊ သင့်ချစ်သူရဲ့ ရုပ်သေးရုပ် ဖြစ်သွားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ကြားမှာ စိတ်ဝမ်းကွဲစေမယ့် အရာတွေကို ရှောင်ဖို့ဆိုလိုတာပါ။

၂။ တစ်ယောက်ကိုတစ်ယောက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးတာက သင်တို့ဆက်ဆံရေးကို အခိုင်မြဲဆုံး ဖြစ်စေမှာပါ။ ရည်းစားတွေဖြစ်သွားပြီ ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပေးခြင်းဟာ သိပ်ကို အရေးကြီးပါတယ်။ အချိန်အတော်များများကို အတူတူကုန်ဆုံးနေရင် ငြီးငွေ့ပြီး ပျင်းစရာ ကောင်းလာပါတယ်။ အချိန်လေးတွေ ခြားခြားပြီးတွေ့မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ပိုပိုပြီး ချစ်လာမှာပါ။

၃။ ယုံကြည်မှု ဆိုတာကတော့ ဘယ် RS မှာမဆို သိပ်အရေးကြီးပါတယ်။ ကိစ္စအတော်များများမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေဖို့ လိုပါတယ်။ စုံတွဲတွေကြားမှာ တစ်ခါတရံပေါ်လာတတ်တဲ့ မလိုအပ်တဲ့ ခေါင်းရှုပ်စရာတွေကို ယုံကြည်မှုက ဖြေရှင်းပေးတာပါ။ သင့်ချစ်သူကို ယုံကြည်ရမယ်ဆိုတာ စုံလုံးကန်းအောင်ယုံကြည်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ စုံလုံးကန်းအောင် ယုံကြည်တာက ဘယ် RS မှာမဆို မကောင်းပါဘူး။

၄။ အနာဂတ်မှ ဖြစ်ပေါ်လာမယ့် ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ အသေးစား အထင်လွဲမှုလေးတွေလောက်နဲ့တော့ သင့်ရဲ့ ပျော်စရာကောင်းတဲ့ အချစ်ရေးကို အပျက်စီးမခံပါနဲ့။

Zombie (LoveMedia)

For Zawgyi

သင္တို႔ RS ကို ခိုင္ၿမဲေစမယ့္ အခ်က္မ်ား

သင့္ခ်စ္သူနဲ႔ အဆင္မေျပျဖစ္ေနပါသလား။ ရည္းစားထားရတာ မေပ်ာ္ဘူးျဖစ္ေနပါသလား။ သင္တို႔ႏွစ္ေယာက္ဆက္ေရးက တျဖည္းျဖည္းနဲ႔ က်ဲလာၿပီလား။ သင့္ခ်စ္သူနဲ႔ ခိုင္ၿမဲတဲ့ RS လိုခ်င္ပါသလား။ ဒီအခ်က္ေလးေတြက သင့္ကို ကူညီေပးပါလိမ့္မယ္။ သင္တို႔ႏွစ္ေယာက္ခိုင္ၿမဲဖို႔ စည္းကမ္းႀကီးႀကီးမားမားေတြ မလိုပါဘူး။ သင္တို႔ဆက္ဆံေရးမွာ စည္းကမ္းေသးေသးေလးေတြက ပိုအေရးႀကီးပါတယ္။

အဲဒါေၾကာင့္ ဒီစည္းကမ္း အေသးစားေလးေတြကို မွတ္ထားၿပီး သင္တို႔အတြဲကို ခိုင္ၿမဲေအာင္ လုပ္လို႔ရပါတယ္။ စည္းကမ္းအေသးစားေလးေတြက သင္တို႔ႏွစ္ေယာက္ အစိတ္စိတ္အႁမြာႁမြာ လမ္းခြဲရမယ့္အျဖစ္ကေန ကယ္တင္ႏိုင္ပါတယ္။ သင္လုပ္ရမွာကေတာ့ သင့္ခ်စ္သူအေၾကာင္းကို ပိုသိေအာင္ ႀကိဳးစားရမွာပါ။ သင့္ခ်စ္သူအေၾကာင္းကို သိလာရင္ သင္တို႔စုံတြဲက ၿမဲသထက္ၿမဲလာမွာပါ။

၁။ ပထမအခ်က္ကေတာ့ သူ မႀကိဳက္တာေတြကို ေရွာင္ၾကဥ္ရပါမယ္။ ဒီလို ေရွာင္ၾကဥ္လိုက္ျခင္းက ေအးခ်မ္းၾကည္ႏူးဖြယ္ စုံတြဲေလးျဖစ္သြားေအာင္ ကူညီေပးမွာပါ။ သူ မႀကိဳက္တာေတြကို ေရွာင္ရမယ္ဆိုတာ သင့္ဆႏၵကို ထိန္းခ်ဳပ္တာ၊ သင့္ခ်စ္သူရဲ႕ ႐ုပ္ေသး႐ုပ္ ျဖစ္သြားတာကို ဆိုလိုတာ မဟုတ္ပါဘူး။ သင္တို႔ႏွစ္ေယာက္ၾကားမွာ စိတ္ဝမ္းကြဲေစမယ့္ အရာေတြကို ေရွာင္ဖို႔ဆိုလိုတာပါ။

၂။ တစ္ေယာက္ကိုတစ္ေယာက္ ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္လြတ္လပ္ခြင့္ေပးတာက သင္တို႔ဆက္ဆံေရးကို အခိုင္ၿမဲဆုံး ျဖစ္ေစမွာပါ။ ရည္းစားေတြျဖစ္သြားၿပီ ဆိုရင္ ရင္ခုန္စိတ္လႈပ္ရွားစရာေတြကို ဆက္ၿပီးထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ကိုယ္ပိုင္အခ်ိန္နဲ႔ ကိုယ္ပိုင္ လြတ္လပ္ခြင့္ေပးျခင္းဟာ သိပ္ကို အေရးႀကီးပါတယ္။ အခ်ိန္အေတာ္မ်ားမ်ားကို အတူတူကုန္ဆုံးေနရင္ ၿငီးေငြ႕ၿပီး ပ်င္းစရာ ေကာင္းလာပါတယ္။ အခ်ိန္ေလးေတြ ျခားျခားၿပီးေတြ႕မယ္ဆိုရင္ တစ္ေယာက္ကိုတစ္ေယာက္ ပိုပိုၿပီး ခ်စ္လာမွာပါ။

၃။ ယုံၾကည္မႈ ဆိုတာကေတာ့ ဘယ္ RS မွာမဆို သိပ္အေရးႀကီးပါတယ္။ ကိစၥအေတာ္မ်ားမ်ားမွာ တစ္ေယာက္ကိုတစ္ေယာက္ ယုံၾကည္ေနဖို႔ လိုပါတယ္။ စုံတြဲေတြၾကားမွာ တစ္ခါတရံေပၚလာတတ္တဲ့ မလိုအပ္တဲ့ ေခါင္းရႈပ္စရာေတြကို ယုံၾကည္မႈက ေျဖရွင္းေပးတာပါ။ သင့္ခ်စ္သူကို ယုံၾကည္ရမယ္ဆိုတာ စုံလုံးကန္းေအာင္ယုံၾကည္တာကို ဆိုလိုတာ မဟုတ္ပါဘူး။ စုံလုံးကန္းေအာင္ ယုံၾကည္တာက ဘယ္ RS မွာမဆို မေကာင္းပါဘူး။

၄။ အနာဂတ္မွ ျဖစ္ေပၚလာမယ့္ ျပႆနာေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားပါ။ အေသးစား အထင္လြဲမႈေလးေတြေလာက္နဲ႔ေတာ့ သင့္ရဲ႕ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးကို အပ်က္စီးမခံပါနဲ႔။

Zombie (LoveMedia)